" ဆွီဒင်နိုင်ငံ အတွင်း မြန်မာဘုန်းကြီးကျောင်း တည်ဆောက်ရန် အတွက် မြန်မာနိုင်ငံသားများဆိုင်ရာ ဗုဒွ့ဘာသာအဖွဲ့(ဆွီဒင်နိုင်ငံ) သို့ အလှူငွေများ ထည့်သွင်းလှူဒါန်းနိုင်ပါကြောင်း"

အဖွဲ့အစည်းအကြောင်း | ဓမ္မရသများ| အလှူရှင်းများစာရင်း | လှုပ်ရှားမှုများ | အစည်းအဝေးမှတ်တမ်း | ဆက်သွယ်ရန်
Mahasi| Mogok| eDhamma| Kyar Ni kan | Dhammaweb | Shwe parami | BBA| Burmese monks | QBBA | Tricycle | Penang sayardaw | Sharingtofrds

 

 

*အားထုတ်နိုင်မှ တရားရမည်


ဝီရဿ ဘာဝေါ ဝီရိယံ၊ ဧတံ ဥဿာဟလက္ခဏံ၊
ဥပတ္ထ မ္ဘနရသံ၊ အသံသီဒနပစ္စုပဋ္ဌာနံ
သံဝေဂပဒဋ္ဌာနံဝါ၊ ဝီရိယာ ရ မ္ဘဝတ္ထုပဒဋ္ဌာနံဝါ။

ရဲရင့်သူ၏ ဖြစ်ကြောင်းဖြစ်ရာတရားသည် ဝီရိယမည်၏။ ဝီရိယသည် ရသည့်ဆင်းရဲ ကြိတ်အံခဲ၍ အမြဲသည်းခံနိုင်ခြင်း သဘောရှိ၏။ ယှဉ်ဘက်တရားတွေကို ထောက်ကန်၍ ထားတတ်၏။ မဆုတ်နစ်သော တရားဟု ယောဂီ၏ဥာဏ်၌ထင်၏။ သံဝေဂတရားလျှင် နီးကပ်သော အကြောင်း ရှိ၏။ တစ်နည်း ဝီရိယာရမ္ဘဝတ္ထု ရှစ်ပါးလျှင် နီးကပ်သောအကြောင်းရှိ၏။

ဝီရိယဆိုသော အတွင်းအားတစ်မျိုး၊ စိတ်စွမ်းအင်တစ်မျိုးကို ဆက်လက်ရှင်းပြပါမည်။ ဝီရိယဆိုတာ ရဲရင့်ကြောင်းတရား၊ ရဲရင့်သူတို့၏အလုပ်ဟု စာကဆို၏။ ဝီရိယရှိမှ ရဲရင့်မည်။ သတ္တိရှိမည်ဆိုသည့်သဘော ဖြစ်၏။ လုပ်ရဲကိုင်ရဲ၊ ပြောရဲဆိုရဲဟု ဆိုရာမှာ လုပ်ရဲကိုင်ရဲရှိဖို့၊ ပြောရဲ ဆိုရဲရှိဖို့ စိတ်ကို တွန်းအားပေးတာ ဝီရိယပင်ဖြစ်၏။ ဝီရိယရှိမှ စိတ်က ရဲ၏။ ဝီရိယမရှိလျှင် စိတ်က မရဲ။ ဝီရိယမရှိသောသူသည် မလုပ်ရဲ၊ မကိုင်ရဲ၊ မပြောရဲ၊ မဆိုရဲ ဖြစ်နေတတ်၏။

လောကီကိစ္စတွေကို လုပ်ရဲတာ၊ လုပ်နိုင်တာ၊ လုပ်ဖြစ်တာ ဝီရိယကြောင့်ပဲ ဖြစ်၏။ ထို့အတူ ဒါန၊ သီလ၊ ဘာဝနာဟူသော ကောင်းမှုကိစ္စတွေကိုလည်း ဝီရိယရှိမှ လုပ်ရဲ၏။ လုပ်နိုင်၏။ လုပ်ဖြစ်၏။ ထို့ကြောင့် ဝီရာနံ ကမ္မံ ဝီရိယံ- ရဲရင့်သူတို့၏ အလုပ်သည် ဝီရိယဖြစ်သည်ဟု စာကဆိုခြင်းဖြစ်၏။

ဝီရိယနည်းသူ၊ ဝီရိယမရှိသူသည် လောက စားဝတ်နေရေး၊ စီးပွားရေး၊ ပညာရေးစသော ကိစ္စတွေ ကိုလည်း အပင်ပန်းခံ အဆင်းရဲခံ မလုပ်ရဲ၊ မလုပ်ချင်၊ လုပ်ရမှာ ကြောက်နေ၏။ ဝီရိယမရှိတော့ စိတ်ကမရဲ၊ စိတ်က မမာ၊ စိတ်က သတ္တိမရှိ၊ စိတ်အရောင်အသွေးကမရှိ၊ စိတ်က ပျော့တိပျော့ဖတ်၊ ပျင်းတိပျင်းတွဲ၊ လျော့တိလျော့ရဲ ဖြစ်နေတတ်၏။

ဝီရိယဆိုတာ ရသည့်ဆင်းရဲ ကြိတ်အံခဲ၍ အမြဲသည်းခံနိုင်သောသဘောဟု စာကဆို၏။ ဒုက္ခကို သည်းခံနိုင်တာ ဝီရိယဖြစ်၏။ အလုပ်တစ်ခုခုကို အပင်ပန်းခံ၊ အဆင်းရဲခံ လုပ်နိုင်တာ ဝီရိယဖြစ်၏။ သက်သာသော အလုပ်ဟူ၍ မရှိ။ ချမ်းသာသော အလုပ်ဟူ၍ မရှိ။ ဘယ်အလုပ်ကိုဘဲ လုပ်လုပ် အနည်းနှင့် အများတော့ ပင်ပန်းမှာ၊ ဆင်းရဲမှာပဲဖြစ်၏။ ထိုပင်ပန်းဆင်းရဲမှုကို သည်းခံပြီး မကြောက်ရွံ့ဘဲ ရဲရဲလုပ်နိုင်တာ ဝီရိယပဲဖြစ်၏။

ဝီရိယရှိသော ဝီရိယသမားသည် ပင်ပန်းမှာကိုမကြောက်၊ ဆင်းရဲမှာကိုမကြောက်၊ အပင်ပန်းလည်း ခံနိုင်၏။ အဆင်းရဲလည်း ခံနိုင်၏။ အနုပညာပဲဖြစ်ဖြစ်၊ အကြမ်းပညာပဲဖြစ်ဖြစ် အတတ်ပညာနှင့် လုပ်ရသော အလုပ်ဟူသမျှ ပင်ပန်းသည်သာဖြစ်၏။ သိကြားမင်းက အပျင်းကြီးသော သူ့သား သုသီမကို မပင်ပန်း မဆင်းရဲဘဲနှင့် ချမ်းသာနိုင်သောအရပ်ရှိလျှင် အဖေ့ကို လိုက်ပို့စမ်းပါဟု ပြောဖူး၏။ အမြင့်ကိုရောက်သူ အများစုသည် ဝီရိယသမားတို့သာ ဖြစ်၏။ သူတို့သည် ပင်ပန်းမှုနှင့် ဆင်းရဲမှုကို အရင်းနှီးပြုခဲ့သူများသာဖြစ်၏။ ထို့ကြောင့် ပညာရှင်တို့က “ပါရမီ တစ်ပိဿာထဲမှာ ချွေး ကိုးဆယ့်ကိုးကျပ်သား ပါတယ်” ဟု ဆိုမိန့်ခဲ့ကြခြင်း ဖြစ်၏။

တရားအားထုတ်တယ်ဆိုတာ အပင်ပန်းခံ၊ အဆင်းရဲခံနိုင်မှ ဖြစ်၏။ သာမန် ဘာသိဘာသာ နေရသလို သက်တောင့်သက်သာ ဘယ်ရှိမှာလဲ။ တရားအားထုတ်တယ်ဆိုတာ ကိုယ်မှာရှိသော ကိုယ်အားစိတ်အားတွေ ထုတ်ပြီး လုပ်သောအလုပ်ဟု ဆိုလျှင်လည်းရ၏။ ကိုယ်အားလည်း စိုက်ထုတ်ရ၏၊ စိတ်အားလည်း စိုက်ထုတ်ရ၏။ ကိုယ်လည်းပင်ပန်းပါ၏။ စိတ်လည်းပင်ပန်းပါ၏။ သာမန်သဒ္ဓါ၊ သာမန် ဝီရိယမျိုးနှင့် တရားအားမထုတ် နိုင်ပါ။ သဒ္ဓါတရားကောင်းလွန်း၍သာ တရားအားထုတ်နိုင်ခြင်း ဖြစ်၏။

ဝီရိယသည် သူနှင့်ယှဉ်ဖော်ယှဉ်ဖက်၊ လက်တွဲဖော် မဟာမိတ်စိတ် စေတသိက်တရားတို့ကို သူ့လိုပဲ ရဲရဲရင့်ရင့် ဖြစ်အောင်၊ တောင့်တောင့်တင်းတင်း ဖြစ်အောင်၊ သတ္တိ ဗျတ္တိရှိအောင် ထောက်ပံ့ကူညီ အားပေး တိုက်တွန်းသော အလုပ်ကိုလည်းလုပ်၏။ ဝီရိယဆိုတာ နောက်ဆုတ်ရိုးထုံးစံမရှိ။ ရှေ့ကိုပဲတိုး၏။ ဘယ်လောက်ပဲ အခက်အခဲတွေ့တွေ့၊ ဘယ်လောက်ပဲ အကျပ်အတည်းကြုံကြုံ၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခ ရောက်ရောက်၊ ဝီရိယဆိုတာ ဘယ်တော့မှ နောက်မဆုတ်၊ အကယ်၍ နောက်ဆုတ်သွားခဲ့လျှင်၊ လက်မြှောက် အရှုံးပေးခဲ့လျှင် ဝီရိယမဟုတ်တော့။ ကောသဇ္ဖ- ပျင်းရိခြင်း၊ ညံ့ဖျင်းခြင်း ဖြစ်၏။

“သံဝေဂမပါ တရားမရှာနှင့်၊ သံဝေဂပါမှ တရားရှာ” ဟု အဆိုရှိ၏။ တရားအားထုတ်တယ် ဆိုတာ သံဝေဂလေးနှင့် အားထုတ်ရမှ ပိုကောင်း၏။ ပိုထိရောက်၏။ ပိုအားထုတ်ဖြစ်၏။ ပိုကြိုးစားဖြစ်၏။ သံဝေဂ မပါလျှင်တော့ ကုသိုလ်ဖြစ်၊ ပါရမီဖြစ်လောက်ပဲ အားထုတ်မိလိမ့်မည်။ သံဝေဂဟူသည် အပါယ်ဘေး၊ အိုနာဘေး၊ သေဘေး၊ သံသရာဘေးတို့ကို တကယ်မြင်၊ ကြောက်ရွံ့ ထိတ်လန့်သော သဟောတ္တပ္ပဥာဏ်၊ သြတပ္ပနှင့်တကွ ဖြစ်သော ဥာဏ်ကိုခေါ်၏။ အလောင်းတော် သိဒ္ဓတ္ထသည် မင်းဥယျာဉ်ထဲကအပြန် သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီး လေးပါးတို့ကိုမြင်ပြီး အကြောက်ကြီး ကြောက်သွား၏။ ထိုကြောက်သော ဥာဏ်သည် သဟောတ္တပ္ပဥာဏ်ပဲ ဖြစ်၏။

စာက ဝီရိယဖြစ်ဖို့အတွက် သံဝေဂဥာဏ် ရှိရမည်ဟု ဆို၏။ အထူးသဖြင့် တရားအားထုတ်ခြင်းနှင့် ပတ်သက်သော ဝီရိယကို ဆိုလိုခြင်းဖြစ်၏။ တကယ်ကြောက်လျှင် တကယ်လုပ်ကြမှာ ဖြစ်၏။ အခု သူရောကိုယ်ပါ အများစုသည် တကယ် မကြောက်ကြသေးတော့ တကယ် မလုပ်ကြသေးဘဲရှိ၏။ လုပ်မယ်၊ လုပ်မယ်နှင့် အချိန်ရွှေ့ အချိန်ဆွဲနေတာနှင့်ပဲ အချိန်တွေက ကုန်ကုန်သွား၏။

သံဝေဂဆိုတာ ထိတ်လန့်သွားခြင်း၊ တုန်လှုပ်သွားခြင်း၊ ကြောက်ရွံ့သွားခြင်း ဖြစ်၏။ ဘာကို ထိတ်လန့် တာလဲ၊ တုန်လှုပ်တာလဲ၊ ကြောက်ရွံ့တာလဲ ဆိုတော့ အိုခြင်း၊ နာခြင်း၊ သေခြင်း တရားတွေ၊ ထိုအိုနာသေတို့နှင့် ဆက်စပ်နေသော ဘဝခန္ဓာ၊ ဘဝခန္ဓာ နှင့်ဆက်စပ်နေသော သံသရာ၊ ထို အိုနာသေဘဝခန္ဓာ သံသရာတို့ကို ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်းသည် သံဝေဂဉာဏ်ဖြစ်၏။ ဘုရား အလောင်းတော်သည် သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီး လေးပါးကို မြင်ရလို့ သံဝေဂရ တောထွက်သွားခြင်းဖြစ်၏။

အိုရမှာကြောက်၊ နာရမှာကြောက်၊ သေရမှာကြောက်၊ နောက်ထပ်ဘဝတွေ ထပ်ဖြစ်ရဦးမှာ ကြောက်၊ သံသရာ လည်ရဦးမှာကြောက် ဆိုသော အကြောက်တရားသည် သံဝေဂဥာဏ်ဖြစ်၏။

တစ်မဂ်တစ်ဖိုလ်မှ မရသေးလျှင်ဖြင့် ဘဝကမပြတ်သေး။ ဘဝမပြတ်သေးသမျှ သံသရာ လည် ရဦးမည်။ သံသရာဆိုတာ ကြောက်စရာ၊ ဘဝဆိုတာ ကြောက်စရာ၊ ထိုဘဝသံသရာထဲမှာမှ အပါယ်လေးပါး ဆိုသော ဘဝသံသရာက ပို၍ ကြောက်ဖို့ကောင်း၏။ ပုထုဇဉ်ဘဝ ဂတိက မြဲသေးတာမဟုတ်။ ဂတိ မမြဲသေးတော့ နောက်ဘဝက စိတ်မချရ။ နောက်ဘဝတွေ ဆက်နေရလို့ အပါယ်လေးပါးကိုများ ကျသွားလျှင်ဖြင့် ဒုက္ခမှ တကယ်ဒုက္ခ ဖြစ်၏။ အခုလို အသိဉာဏ်ရှိသော လူ့ဘဝလေးကိုရခိုက်၊ ဘုရားသာသနာနှင့်လည်း ကြုံခိုက်၊ အဖက်ဖက်ကလည်း ပြည့်စုံနေခိုက်၊ သံသရာမှ ထွက်မြောက်ကြောင်း၊ လွတ်ရာလွတ်ကြောင်း အလုပ်ကို ကြိုးစား အားထုတ်သင့်သည်။

“အခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိဦးမှာတဲ့လား။ အခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိဦးမှာတဲ့လား” ဟူသော လယ်တီ ဆရာတော်ဘုရား၏ အဆုံးအမကို နေ့စဉ် ရွတ်ဖတ် နေသင့်၏။ ထိုလင်္ကာဖြင့် ကိုယ့်ကိုယ်ကို သတိပေးနေသင့်၏။ အခုလို အဖက်ဖက်က ပြည့်စုံနေသည့် အခိုက် လွတ်လမ်းကိုမလိုက်၊ လွတ်ရာလွတ်ကြောင်း အလုပ်ကို မလုပ်လျှင် မိမိတို့ထက် မိုက်သော သူ ရှိမည်မဟုတ်တော့ချေ။ အခုလို အဖက်ဖက်က အခွင့်သာတုန်း မိမိတို့ထက်ရှုံးသောသူ ရှိမည် မဟုတ်တော့ချေ။ ထို့ကြောင့် သံဝေဂတရား ပွားများပြီး ကြိုးစား အားထုတ်ကြဖို့ သင့်ပါ၏။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

 

 

လူ့ဘ၀ရခဲခြင်းနှင့်သံသရာရှည်လှပုံ

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက လူ့ဘ၀ရခဲခြင်းကို ဒုလ္လဘတရားငါးပါး ဖြင့် ဆုံးမတော်မူခဲ့သည်။
(၁) ဘုရားနှင့်မီဖို့၊ ဘုရားရှင်၏သာသနာတော်အတွင်း ကျရောက်ဖို့ ခဲယဉ်းခြင်း၊
(၂) သူတော်ကောင်းတရားကိုကြားနာဖို့၊ ထောင်နိုင်သော နားရှိဖို့ လွန်စွာခဲယဉ်းခြင်း၊
(၃) လူသားအဖြစ်ရဖို့ ခဲယဉ်းခြင်း၊

သံဝေဂလင်္ကာ သင်... သေသွားသော်

ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာ အုပ်စိုးသည်။
တဏှာစေရာ၊ မနေသာ၊ ဖွေရှာ ဆက်ရသည်။
ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွါ သွားရမည်။


တကယ့်အရေး၊ တကယ်ဘေး၊ ဘယ်သွေး ဘယ်သား မကယ်ပြီ။ ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကြ များလှပြီ။ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လဲ သေဘက် နီးခဲ့ပြီ။

ဇရာမီးတောင်၊ ကိုယ်ထဲလောင်၊သေအောင်မြှိုက် တော့သည်။

မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်ပြီ။ဒါနသီလာ၊ ဘာဝနာ၊ လမ်းသာထွင်လိမ့်မည်။မဂ္ဂင်ယာဉ်ကြီး၊ အမြန်စီး၊ ခရီးထွက်တော့မည်။

ဪ.....လူ့ပြည်လောက၊
လူ့ဘဝကား၊ အိုရနာရ၊
သေရဦးမည်၊ မှန်ပေသည်တည်း။
~~~
သို့တပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏၊
သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊
ကျန်ကောင်းသင့်၏။
~~~
သင်...ဦးချ၍၊
အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဥာဏ်တန်ဆောင်လည်း၊
ပြောင်လျက်၊ ဝင်းချက်၊
ကျန်စေသတည်း။
ဇော်ဂျီ (၁၉၃၅)

   

အပါယ်ပိတ် တရား

ဝိပဿနာအဓိပ္ပါယ်နှင့် ဘာကြောင့်အားထုတ်သင့်သလဲ?

ယနေ့ခေတ်တွင် ၀ိပဿနာ ရှုမှတ်ခြင်းကို ခက်ခဲသည်ဟု ပြောဆိုနေကြခြင်းမှာ လုံးဝမှားယွင်း လှပေသည်။ ပြသသော တရားပြဆရာပုဂ္ဂိုလ်အပေါ်မူ တည်ပြီး တစ်ထိုင်တည်းနှင့်လည်း အပါယ် တံခါး ပိတ်နိုင်ပါသည်။ သို့သော် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ရန်မှာ ဆရာကောင်း လိုအပ် သည့်အပြင် မိမိ၏ ပါရမီ၊ အနုအရင့်နှင့် ကြိုးစားမှုအပေါ် မူတည်ပေသည်။ ၀ိပဿနာ ဆိုရာတွင် "၀ိ"သည် များပြားလှစွာသော သတိပဌာန်လေးပါးတို့ဖြင့် "ပဿနာ"သည် ဉာဏ်ဖြင့် ရုပ်၊ နာမ်တို့အား ရှုမှတ်ခြင်းဟု အဓိပ္ပါယ်ရသည်။

***ကိုးကွယ်တယ်ဆိုတာဘာလဲ(၁) ***

 

ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုရင် ရတနာသုံးပါးကို ကိုးကွယ်ရတယ်။ ကျမ်းဂန်စကားနဲ့ ပြောရင် သရဏဂုံ တည်ရတယ်။

‘သရဏဂုံ’လို့ ပြောလိုက်တော့ ကြောက်မသွားနဲ့။ အဲဒီလို ပြောလိုက်ရင် တို့မြန်မာစကားက ဘယ် ရောက်သွားလဲ … သိလား။ လူသေဆုံးတဲ့ဆီ ရောက်သွားရော။ ဘုန်းကြီးတွေ သရဏဂုံတင်တဲ့ဆီ စိတ် ရောက်သွားတယ်။ ဝေါဟာရဆိုတာ မလွယ်ဘူး။ ‘သရဏဂုံ’ဆိုတာ ပါဠိလို ‘သရဏဂမန’လို့ ခေါ်တယ်။

၃၁-ဘုံ

ဘုရားရှိခိုးအမျိုးမျိုးစာအုပ်များတွင် အားလုံးနီးပါးသော အမျှဝေခြင်းများ၌ ၃၁-ဘုံသည် ပါဝင်လေ့ ရှိသည်။ သို့သော် ၃၁-ဘုံနှင့် ပတ်သက်၍ သာမန်သိရှိခြင်းထက် အသေအချာသိရှိကြမည် ဆိုပါက ပိုမိုအကျိုးရှိနိုင်ပေသည်ဟု ယုံကြည်ပါသဖြင့် ၃၁-ဘုံ သိကောင်းစရာအကြောင်း ကို ရေးသား ဖေါ်ပြရခြင်း ဖြစ်ပါသည်။


ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုတာ

ဗုဒ္ဓဘာသာဟူသည် အဘယ်နည်း … ဗုဒ္ဓ၏ အဆုံးအမဟူသမျှ ဘုရားရှင် တော်မြတ် ဟောပြော ဆုံးမတော် မူအပ်သော ဗုဒ္ဓ၏ အဆုံးအမ စကားတော် ဟူသမျှသည် ဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ၄င်းကို အင်္ဂလိပ်ဘာသာဖြင့် Buddhism or Buddha’s Teaching ဟုဆိုသည်.. ဗုဒ္ဓဘာသာ၏ အနက် အဓိပ္ပါယ်ကို နားလည် သဘောပေါက်ပြီးလျှင် ဗုဒ္ဓဘာသာဝင် ဆိုသော ဝေါဟာရ၏ အနက် အဓိပ္ပါယ်ကိုလည်း နားလည်ထား သင့်သည်… ဗုဒ္ဓဘာသာဝင် ဟူသော ဝေါဟာရနှင့် ထပ်တူညီ သော ပိဋကတ်စာပေ အသုံးအနှုန်းမှာ ဥပါသက ဆိုသော ဝေါဟာရပင် ဖြစ်သည်.. ဥပါသက၏ အဓိပ္ပါယ်မှာ ရတနာ သုံးပါးကို ကိုးကွယ် ဆည်းကပ်သူဟု ဆိုသည်….

ဗုဒ္ဓဘာသာဝင် သမိုင်းတွင် ပထမဆုံး ဥပါသကများ ဖြစ်ကြတဲ့ တပုဿနှင့် ဘလ္လက ကုန်သည် ညီနောင်ကို ဗုဒ္ဓဘာသာဝင် တိုင်း သိမယ်လို့ ထင်ပါတယ်.. ၄င်းတို့ ညီနောင်နှစ်ဥိးသည် ဗုဒ္ဓမြတ်စွာဘုရားကို ဖူးတွေ့စဉ် အခါက သံဃာဟူ၍ မရှိသေး သဖြင့် ဗုဒ္ဓနှင့် ဓမ္မကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ဟု လျှောက်ထားပြီး ရတနာ နှစ်ပါး အပေါ် သရဏဂုံ ဆောက် တည် ခဲ့ကြရသည်.. နောက်ပိုင်း ဘုရားရှင်၏ တပည့်တော် ရဟန်း သံဃာများ ပေါ်ပေါက်လာချိန် တွင်ကား ဗုဒ္ဓ ဓမ္မ သံဃာ ဆိုသော ရတနာမြတ် သုံးပါးကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ဟု စိတ်တွင် သရဏဂုံ ဆောက်တည်ပြီး သူကို ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုပါသည်။ ဒီလောက်ဆိုရင် ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင်ကို သေချာ နားလည် သဘောပေါက် လောက်ပါပြီ…

ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့  အဓိက ရည်ရွယ်ချက် ပန်းတိုင်

ဆရာတော် အရှင်ဇ၀နရေးသားထားတဲ့ မျက်ရည်မကျခင် သိစေချင် ဆိုတဲ့ စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မိမိတို့ရဲ့  အဓိက ရည်ရွယ်ချက် ပန်းတိုင်ကို သိစေချင်တဲ့ စေတနာနဲ့ ပြန်လည် ရေးသား ဖော်ပြခြင်းပါ စာအရေးအသား အနှစ်အရသာ ပျက်မှာ စိုး၍ ဆရာတော် ရေးသားထားသည့်အတိုင်း ဖော်ပြ လိုက်ပါတယ်။

ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်ပန်းတိုင်ကား မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ကိုရကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးပင် ဖြစ်ပါ၏ ။ လောက၌ ဘုရားပွင့်တော်မူခြင်းကလည်း ၄င်းရည်ရွယ်ချက် ကြောင့်ပင် ဖြစ်၏ ။ ထို့ကြောင့်လည်း စလင်းကန်လယ် ဆရာတော် ဘုရားကြီးက……
အိုလူများတို့ ၊ ဘုရားအရှင်နှင့် ကိုယ်တိုင် မတွေ့လိုက်ကြရ၍ ဘာဝမ်းနည်းစရာ ရှိသလဲ ၊ ယခုအခါ ဓမ္မက္ခန္ဓာ ဘုရားတွေ အများကြီး ရှိသေး၏။ ကံ ၊ ပါရမီရှိလျှင် ရလိမ့်မည် ဟူ၍သာ အေးစက်စက် နေကြလျှင် အများကြီး နစ်နာကြလိမ့်မည် ။ စာမတက်လို့ ဘာမတက်လို့ လဲမလုပ်ကြပါနှင့် ၊ ဆရာကောင်း နှင့် တွေ့လျှင် ရနိုင်ပါသည် ။ သို့အတွက် အိုလူများတို့ ၊ ယခုအခါ ကံ ပါရမီကို မေးရန် မလိုပါ ။ ရှင်ဘုရင်သား ဖြစ်ပြီး အိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့ မလိုပါ ။ မုတ်ဆိတ် ပျားစွဲသူသည် တခြားသွားပြီး ပျားဖွတ်ရန် မလို ၊ ရန်သူ ၀ိုင်းထားခံရသူသည် ထွက်ပေါက် သိလျက်နဲ့ မထွက် သော် ၊ ကံပါရမီ ချဖွယ်မလို ၊ အညစ်အကြေး လူးသူသည် ရေစင်ရှိလျက် မဆေးသော် ရေ၌အပြစ် ဆိုဖွယ်ရာမလို ၊ မိမိ ကသာ ဖျင်းလို့ ၊ အ လို့ န လို့ ဖြစ်သည် ။ အသေ နည်းသေး တယ် လို့သာ ဆိုဖွယ်ကောင်းတော့၏။ ကြောက်ကြ ၊ လန့်ကြ ၊ ထိတ်ကြ ၊ အိုလူများတို့ ၊ သို့အတွက် တရား အားထုတ်ကြ ပါကုန်လော့ ။
ဟူ၍ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရ ကြောင်းလမ်းဖြစ်သည့် ၀ိပဿနာ တရားကို အားထုတ်ကြရန် အရေးတကြီး တိုက်တွန်းတော်မူခဲ့ ပါသည်။ မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာ သော လူ့ဘ၀မှ အနှစ်သာရ ထုတ်ခြင်း တစ်ခုပင် ဖြစ်၏ ။ ထိုကဲ့သို့ အနှစ်သာရ ထုတ်ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘ၀ တန်ဖိုး ၊ ဗုဒ္ဓဘာသာ ဖြစ်ရခြင်း၏ တန်ဖိုးတို့ကို သိရန်လိုအပ် ပါသည် ။

ဓမ္မဒါနပြုသည် - ဟိန်း

 
လူချင်းတူပါလျှက် ဘာ့ကြောင့် ကွဲပြားရ သနည်း ကယ်တင်သူနှင့် နစ်မြုပ်သူ...(ဗုဒ္ဓ၏ဥပမာတစ်ထောင်)
■ ကိုးကွယ်တယ်ဆိုတာဘာလဲ(၁) အရေးကြီးသည့် အသိဉာဏ်များ...
■ သရဏဂုံအကြောင်း ၃၁ - ဘုံ
ဗုဒ္ဓနည်းကျ ရှင်ပြုပွဲ အပါယ်ပိတ် တရား
ဤမျှလောက်သောစည်းစိမ်သည် လူ့ဘ၀ရခဲခြင်းနှင့်သံသရာရှည်လှပုံ
■ ဗုဒ္ဓဘာသာဝင်တိုင်း အတွက် ■ တရားကိုမြင်က ဘုရားဖူးပြီးသား ဖြစ်သည်
 
 
ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှု… စိတ်အားဖြည့် စကားစုလေးများ (၁၀)…
ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး… ဘ၀ဆက်တိုင်း သရဏဂုံတည်အောင် ဘယ်လို ပါရမီတွေ ဖြည့်ကျင့်သင့်သလဲ
ကောင်းကျိုးမကောင်းကျိုး စိတ်စေတနာနှင့်ပတ်သတ်၍
အမျိုးသမီးများနှင့် ဗုဒ္ဓဘာသာ တရားရနိုင်သော နည်းလမ်းများ
ကံအကြောင်းနဲ့ပတ်သတ်၍ အမေးအဖြေ ဘုရားရှင်တို့၏ အဆုံးအမ အနှစ်ချုပ်
အလှူ့ရှင်ဂုဏ်ရည် စိတ်သန့်ရှင်းရေး

ကံအကျိုးပေး ကွာခြားပုံ  
 
ဗောဇ္ဈင် ၇-ပါး ရန်ငြိုးဖြေရာ သီလဝိသုဒ ဒု - သ - န - သော…
တရားနှင့်အညီ နေထိုင်ခြင်း… ကုသိုလ်နဲ့ အကုသိုလ်… ကထိန်အကြောင်း ပဋ္ဌာန်းအကြောင်း
သောတာပန် ပြဿနာ ရှင်းတမ်း နိဗ္ဗာန်ဆိုတာ ငါအိုသွာသောအခါ ဗုဒ္ဓတရားတော်နှင့် နိုင်ငံရေး
တောထွက်ရဟန်း… ဘုရားအနေကဇာ တင်တယ် သူသေကောင်နဲ့ သရဏဂုံ ကပ်ပြီးရင် မကိုင်နဲ့
ဝိကာလနဲ့ အချိန် သတ်မှတ်ချက် သံသရာအပြီးတိုင် ဘုရား အဘိဓမ္မာ အခါတော်နေ့
သီတင်းကျွတ်လပြည့်နေ စိတ်သန့်ရှင်းရေး အဝေးအနီး အရေး မကြီး အံ့သြဖွယ် သဒ္ဓါတရား
Steven Kaboggoza မှ အရှင်ဗုဒ္ဓရက္ခိတ ဖြစ်လာသူ ကုသိုလ်ကောင်းမှုနဲ့ ရက်ကောင်းရက်မြတ်
ရဟန်းတော်များ ဆွမ်းခံရခြင်း၏ အကြောင်းအရင်း circle link

http://upload.wikimedia.org/wikipedia/commons/thumb/7/77/Flag_of_Buddhism.svg/125px-Flag_of_Buddhism.svg.png

အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊ နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့် ရောင်စဉ်ဖြာဖြာ သင်္ကေတမှာ အရိယာ၏ ဖော်ညွှန်းဂုဏ်ရည် စာသွန်းစီသည် လ၀န်းရောင်ြခည် ဓမ္မစေတီ။
မေတ္တာသုတ်
နိုင်ငံတကာစံတော်ချိန် ကြည့်ရန်
ရွှေတိဂုံစေတီတော်မြတ်ကြီး
သီလက နောက်တန်းမှာ အင်အားမွေးစေ၊ သမာဓိက အမာခံနယ်မြေကို တည်ဆောက် စေ၊ ပညာက ကိလေသာဗိုလ်ချုပ်(၁၀)ဦးကို ထိုးစစ်ဆင်တိုက်စေပေါ့။ မဂ္ဂင်(၈)ပါးမှာ သီလမဂ္ဂင်က သုံးပါး (သမ္မာဝါစာ၊ သမ္မာ ကမ္မန္တ၊ သမ္မာအာဇီဝ)၊ သမာဓိမဂ္ဂင်က သုံးပါး (သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ)၊ ပညာမဂ္ဂင်က နှစ်ပါး (သမ္မာဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ)ပေါ့။ မဂ္ဂင်ကူးတို့ဖြင့် နိဗ္ဗာန်ကူးကြစို့။
 
The 5th Tipitaka Chanting Ceremony, Bodhgaya
 
ပန်းအိဖြူ-ဗောဓိပင်နှင့်ရွှေပလ္လင်
 
ထူးအိမ်သင် - မဟာဝီရ အို..ဗုဒ္ဓ
 
shwedagon pagoda
 
မြဝတီရုပ်မြင်သံကြား မှ ကူညီပြုပြင် ပေးခဲ့သော
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဈာပန မှတ်တမ်း
မိုးကုတ်ဆရာတော်ဘုရာကြီး၏ ဈာပနမှတ်တမ်း
 
ဗုဒွ့မြတ်စွာဘုရားရဲ့ ဘ၀ဖြစ်စဉ်တဲ့
 

အရှင်အာဒိစ္စရံသီ (ဦးဆန်းလွင်)၏ တစ်ဘ၀စာ အပ္ပါယ်တံခါးပိတ် ၇ရက်တရားတော်များ

001-AshinArdeiksayanthi

002-AshinArdeiksayanthi

003-AshinArdeiksayanthi

004-AshinArdeiksayanthi

005-AshinArdeiksayanthi

006-AshinArdeiksayanthi

007-AshinArdeiksayanthi

BBF' Download Files
အဖွဲ့ဝင်သစ် လျှောက်လွာပုံစံ
အဖွဲ့ဝင်များလက်ခံရခြင်းရည်ရွယ်ချက်
BBF သို့ အလှူငွေများ လှူဒါန်းနိုင်သည်၊၊
Burmese Buddhist Föreningen
Clearing no: 8103-4
Account no: 904 674 260-8
IBAN: SE96 8000 0810 3490 4674 2608
Swift Code: SWEDSESS
free counters

သီတဂူဆရာတော်ကြီး

သီတဂူဆရာတော်ကြီး

“ငါတို့ကို တိုင်းပြည်နှင့် သာသနာက လေးစားတယ် ဆိုတာ အများအကျိုး ပြုလုပ်ငန်းတွေ ကြောင့်ပဲ၊ ငါကတော့ သာသနာ့ ကျေးကျွန် အဖြစ်ခံယူပါရ စေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့် တွေ ကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာ အတွက် အနစ်နာခံ တဲ့စိတ် စွန့်လွှတ် တဲ့စိတ် နှင့် အလုပ်လုပ် စေချင် တယ်”

 

တိပိဋက-ယောဆရာတော်

တိပိဋက-ယောဆရာတော်

သူတော်ကောင်းအဓိပ္ပါယ်

သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်က ကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်း ဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်း ကောင်း ကိုယ်ကကောင်းရမယ်၊ ဒါမှ သူတော်ကောင်း အစစ် ဖြစ်နိုင်မယ်။

 

အရှင်ဥာဏောဘာသ

ဝိပဿနာ မြတ်တရားများ

၁။ ပင့်ကူနေနည်းပမာမှီး

၂။ ဇာနတော+ပသတော

၃။ ကာယမိမံတရားထိုင်ပုံထိုင်နည်း

၎။ နှလုံးသွင်းမှန်ရန်

၅။ ခန္ဓာ နှစ်မျိုးရှင်း

၆။ သင်္ခါရလောက

၇။ သတိပဋ္ဌာန်မှဘာဝနာကူးပါ

၈။ ဝိဝေကသုံးပါး တဏှာနှင့်ရန်ဖြစ်ရဲမှ

၉။ ဒုက္ခ သုံးမျိုး

၁၀။ ဓါတ် ၆ ပါးကမ္မဋ္ဌာန်း

၁၁။ သုညတ သဘာဝမြင်မှ

၁၂။ အရှင်ဝက္ကလိရဟန်းအား

၁၃။ ဝိသုဒ္ဒိ (၇)ပါး အလုပ်စဉ်တရား

၁၄။ ဝိဖ္ဖာနှင့်စရဏ (၂)ပါးပြည့်စုံမ

၁၅။ ဝေဒနာအတု အစစ်ခွဲ

၁၆။ ဝေဒနာကို (၇) ချက်ဖြင့်မြင်အောင်ရ

၁၇။ မဂ် (၂)မျိုးခွဲ

၁၈။ အရှုံးထဲမှအမြတ်ရ

၁၉။ နိဝရဏပယ်နည်းနှင့် ဝိဝေက(၃)ပါး

၂၀။ အဖုံးနှစ်ချပ်လှန် နိဗ္ဗာန်မြင

 

ကြာနီကန်ဆရာတော်၏တရားများ

သေချိန်တန်ကသေကြရ ဆိုတဲ့တရားတော်

လူလားခွေးလား ဆိုတဲ့တရားတော်

သားသမီးယုံ စုံလုံးကန်း ဆိုတဲ့တရားတော်

ကျေးဇူးရှိမှကျေးစွပ်ရ ဆိုတဲ့တရားတော်

မချစ်တာနဲ့ရန်ငြှိုးဖွဲ့ ဆိုတဲ့တရားတော်

လက်နက်ပိုင်ရှင်နို့ထမ်းဘုရင် ဆိုတဲ့တရားတော်

အမြတ်ဆုံးရတနာ ဆိုတဲ့တရားတော်

 

 

Total Visitor since 2008
 

 

ကရင်ရိုးရာ ဒုံးယိမ်းအက

ရခိုင်ရိုးရာ လောင်းလှေပြိုင်ပွဲ

 

 

 

 

မွန်ရိုးရာ အက

ကချင်ရိုးရာ အက

 

ရုပ်ရှင်/ သီချင်းများ
Myanmar World
Shwe Dream
Than Zin Hine
Shwevideos
Minthihla
Movie-on-demand
Burmese Classic
I-Film Fest
Shwe O
ခရမ်းပြာအိမ်မက်
freemyanmarvcd
မြန်မာ magazine
Popular Myanmar
Planet
People Magazine
Myanmar Time
Innwa
Market Journal
Shwe Amyu Tay
Thuriya
Weekly Eleven
 
သတင်း မီဒီယာများ
ဒီမိုကရက်တစ်မြန်မာ့အသံ
လွတ်လပ်တဲ့အာရှအသံ
ဗွီအိုအေ
ခေတ်ပြိုင် ဂျာနယ်
Mizzima မြန်မာသတင်းဌာန
ပေါပြူလာမြန်မာသတင်းများ
ဘီဘီစီ (မြန်မာ)
ယနေ့မြန်မာ-burmatoday
လူထုအသံ online journal
ဧရာဝတီ Irrawaddy
မြန်မာဘလော့ဂ်များ
ငယ်နိုင်Nge Naing
မိုးမခ Moemaka
ဝိမုတ္တိသုခ Vimuttisukha
အန်ဒါမန်ဟီးရိုး
မြန်မာစကားဝိုင်း
မြန်မာဟီးရိုး
Lanka-MSMA
တောင်ငူသား Taungoo
အာဇာနည် Arzarni
ထွန်းလှိုင် Htun Hlaing
ဆရာတော်ပေါင်းစုံတို့ရဲ့ တရားတော်များ

ပြီးပြည်စုံသော သာသနာ တရားတောအပိုင်း-၁

အပိုင်း-၂
ထေရ၀ါဒ အနှစ်သာရများ တရားတော် အပိုင်း-၁
အပိုင်း -၂
ဓမ္မဒါန အလှူရှင် (မောင်လင်းနိုင်ဦး နှင့် မ၀င်းဝင်းဌေး) ဘန်ကောက်မြို့

ဆရာတော် ဦးသုမင်္ဂလာ ရဲ့ တရားတော်များ

ရွှေပြည်အေးတရားတော်
တာဝန်သိ တရားတော်
Sweden- Karen Dictionary

မြန်မာအဘိဓာန်များ

SFI-Länkar-Sajter

ကိုစိုးမင်းရဲ့မြန်မာသုံးအဘိဓာန်

မြန်မာစာလုံးလှလှလေး လိုချင်ရင်

မြန်မာ-အင်္ဂလိပ

Online Dictionary

Myanmar-English Dictionary

Språkrådet

မြန်မာဝတ္ထုပေါင်းစုံ ဖတ်လိုသူများသို့

Photobucket

Organization name & register number   Burmese Buddhist Föreningen
Organization Number: 802441-5765
BBF Address   Rönningsgatan 23A, 81334 Hofors
BBF Bank account number   Swedbank
Konto number :904 674 260-8
Clearing number:8103-4
BBF International Bank account   IBAN: SE96 8000 0810 3490 4674 2608
BIC: SWEDSESS

About Us|committee | Contact Us | BBF Member Aim| BBF Member Form | BBF' working Plan |Donate to BBF| Donation List | Activities ©2010 BBFSE.ORG WEBDESIGN JZ


free counter