|
|---|
မခက်တာပဲ ကောင်းပါတယ်လူမိုက်ကြီးတွေ ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။
တစ်ခါတုန်းက ဆရာတော်ကြီးတစ်ပါးက ဆွမ်းဘုဉ်းခါနီး မေတ္တာပို့သလိုက်တာလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မောင်မင်းကြီးသားတို့ မကြောက်မရွံ့အကုသိုလ်တွေပြုနေလို့သာ တို့များ အသားစားနေရတယ်လေတဲ့။ သို့သော် ဒီအသား ဟင်းလျာက သန့်ပါတယ်။ ဘယ်သူ့အတွက်ကိုမှ ရည်ရွယ်ပြီး သတ်တာမဟုတ်တဲ့အတွက်ကြောင့်ရော၊ ကိုယ်ကသဘောတူ လို့ သတ်တာမျိုး မဟုတ်တာကြောင့်ရော၊ ဒီအကုသိုလ်အမှုအပေါ် ၀မ်းမြောက်ဝမ်းသာ မဖြစ်တဲ့အတွက်ကြောင့်ရော၊ အကျိုး ပြပြီးကျူးလွန်းတာ မဟုတ်တဲ့အတွက်ကြောင့်ရော သန့်ပါတယ်။ တစ်ချို့ကလည်း ပြောကြတယ်။ ဘယ်သူမှ အသားမစား ရင် ဘယ်သူမှ မသတ်တော့ဘူးပေါ့တဲ့။ ဟုတ်သလိုလိုပဲ။ သို့သော် ဘယ်သူမှမစားပဲ သတ်နေကြတာတွေလည်း အများကြီး ပဲလေ။ သတ်ခြင်းတရားသည် စားခြင်းမစားခြင်းနှင့် မဆိုင်တော့ပြန်ပါဘူး။ သတ်သောသူ၏ အလိုရမ္မက်ကြီးမှု၊ ဒေါသတရား ကြီးမှုနဲ့ မိုက်မဲမှု သက်သက်ကြောင့်သာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။
တစ်ခါတုန်းက မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ရဟန်းတစ်ပါးက မေးလျှောက်ဖူးပါတယ်။ ဘုန်းတော်ကြီးမြတ် တော်မူသော မြတ်စွာဘုရား …. ငရဲပြည်ရဲ့ဆင်းရဲဆိုတာဟာ ဘယ်လို ပုံစံမျိုးလဲ ခံစားရပါသလဲဘုရားတဲ့။ (စာထဲကပုံစံကို ကျွန်တော်နားလည်သလို ပြန်ပြောပြတာပါ)။ ဒီအခါမှာ မြတ်စွာဘုရားရှင်က ချစ်သား…… ငရဲပြည်ရဲ့ဆင်းရဲဆိုတာကို ပြောမယ်ဆို နှိုင်းစရာ ဥပမာတောင် မရှိဘူးကွာတဲ့။ နီးစပ်မယ်ထင်တဲ့ ဥပမာလေးတစ်ခုပြရရင် … ရှေးအခါက မင်းပြစ် မင်းဒဏ် သင့်နေသူတစ်ဦးကို မင်းချင်းတို့က မနက်မှာ လှံအချောင်းတစ်ရာ၊ နေ့မှာ လှံအချောင်း တစ်ရာ၊ ညမှာ လှံချောင်းတစ်ရာနဲ့ ထိုးစေဦးတော့။ ထိုသူခံစားရတာက သက်သာလှပါတယ်ကွာတဲ့။ အဆပေါင်းဘယ်လောက်များ ကွာခြားသလဲဆိုရင်လ ….. ကျောက်စရစ်ခဲသေးသေး တစ်လုံးကို ဟိမ၀န္တာတောင်းတန်းကြီးဘေးနားချပြရသလိုပါပဲ။ မထင်ရှားလှပါဘူးတဲ့။ ငရဲပြည်မှာ ခံစားရတာ ဟာ ဟိမ၀န္တာတောင်တန်းလောက်ရှိပြီး လှံအချက်သုံးရာ အထိုးခံရသူ ခံစားရတဲ့ဝေဒနာက ကျောက် စရစ်ခဲ တစ်လုံးစာလောက်ပဲ ရှိပါတယ်ကွာတဲ့။
မဟာကရုဏာတော်ရှင် မြတ်စွာဘုရားရှင် မိန့်ကြားတော်မူခဲ့တာပါ။ ဒီအကြောင်းတွေကို နာကြားဖူး ထားတော့ ငရဲဆိုတာ ကို အကြားလေးနဲ့တင် ကြောက်စရာကောင်းလှပါတယ်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူတာမို့ မယုံစရာလဲ အကြောင်း မရှိပါဘူး။ တစ်ကယ်အရှိတရားမို့ ဟောကြားတော် မူတာပါ။ တစ်ချို့သူတွေကလည်း ငရုတ်သီးထဲကပိုး အပူ မကြောက် .. ဆိုသလိုပဲ မိုက်မဲတဲ့သူတွေ ကတော့ ပျက်ရယ်ပြုကြပါတယ်။ ယုံတမ်းတွေပါတဲ့။ ကိုယ်လုပ်တဲ့အမှုကို ကိုယ် ခံရမယ်ဆိုတာ မယုံတဲ့သူတွေအတွက်တော့ ငါးပါးသီလကို လွယ်လင့်တကူ ချိုးဖောက်ကြပါတယ်။ အကုသိုလ်ကို ဈေးဆစ် တဲ့လူတွေနဲ့လည်း တွေ့ဖူးပါတယ်။ ငါက …… အရက်ကို မူးအောင်သောက်တာ မဟုတ်ပါဘူး။ မူးလည်းမမူးပါဘူး။ နဲနဲလေး ပဲသောက်တာပါ။ ဒါဆိုရင်တော့ အပြစ် မဖြစ်နိုင်ပါဘူး နော်တဲ့။ ကျွန်တော်ဘယ်လိုပြောရပါ့။ ခက်တယ်ကွယ်။ သေနှင့် အရက် စီးပွားပျက်ကို တစ်စက်ကယ်မျှ မသောက်ကြနှင့် ရှောင်ကြပါလေ ရှင်တော်ဟောသည့် အဆိပ်ရည် …. လို့ ငယ်ငယ်က သင်ခဲ့ရတာလေးကိုပြေးလို့ သတိရမိပြန်ပါတယ်။
မြတ်စွာဘုရားရှင်မိန့်တော်မူတာက ချစ်သားတို့ …… လောကမှာ လူတစ်ယောက်ဖြစ်ဖို့ အင်မတန်မှ ခဲယဉ်းလှတယ်။ ပင်လယ်သမုဒ္ဒရာထဲမှာ တောင်ရောက်၊ မြောက်ရောက် မြောနေတဲ့ အပေါက်တစ်ပေါက်သာ ပါသည့် နွားထမ်းပိုး အပျက်ကြီး တစ်လုံးရှိတယ်။ ပင်လယ်ကြမ်းပြင် မှာလည်း လိပ်ကန်းကြီး တစ်ကောင်ရှိတယ်။ အဲ့ဒိလိပ်ကြီးက နှစ် ၁၀၀ ကြာမှ တစ်ခါ ရေမျက်နှာပြင်ပေါ်ကို ပေါ်တယ်။ ထိုလိပ်ကန်း ကြီးရဲ့ ခေါင်းနဲ့ မြောချင်တိုင်း မြောနေတဲ ထမ်းပိုးပေါက်တို့ စွပ်မိဖို့က ဖြစ်နိုင်ချေရှိပါသေးတယ်။ လူ့ပြည်မှာ လူတစ်ယောက် ပြန်ဖြစ်ဖို့ ဆိုတာက အလွန်ခက်လှတယ်ကွာ……တဲ့။ မဖြစ်နိုင်ဘူးလို့ ပြောကြတယ်။ နေ့စဉ်နဲ့အမျှ ကြားနေရတာက ဟိုကလေးက ဘယ်သူဝင်စားတာ။ ဒီကလေးက ဘယ်သူဝင်စားတာနဲ့ ……. အသံဗလံတွေ ဆူလို့ညံလို့။ လူဖြစ်ဖို့ ခဲယဉ်းတယ် ဆို။ အဲ့ဒိလိုများပြောခဲ့ရင်လေ … တို့ဗုဒ္ဓဘာသာမှာ လူဝင်စားခြင်းမရှိဘူး။ ဒီဘ၀ ဒီခန္ဓာသည် ဒီဘ၀သေရင် ပြီးပြီ။ နောက် ဘ၀နောက်ခန္ဓာဆိုတာ ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးခန္ဓာသာဖြစ်ပါတယ်။ ဟိုဘက် ဘ၀က လူ၊ ဒီဘက် ဘ၀ ရောက်လာတာမဟုတ်ဘူး။ အ၀ိဇ္ဇာ၊ တဏှာ၊ ကံ ဆိုတာတွေက ဘ၀သစ် ဖြစ်အောင် လုပ်ပေးလိုက်တာ။ ကုသိုလ်ကံ အကြောင်းတွေရှိနေသေးသမျှ သုဂတိဘ၀ဆိုတာတော့ ရနေမှာပဲ။
ပုရွက်ဆိပ်ကျင်းမှာရှိတဲ့ အကောင်းအရေအတွက်က ယနေ့ကမ္ဘာ့လူဦးရေထက် များနိုင်တယ်။ ခြတောင်ပို့က ခြတွေက ယနေ့ လူဦးရေထက် များနိုင်တယ်။ အပါယ်(၄) ဘုံမှာရှိတဲ့သူ အရေအတွက်က ကျန် ၂၇ ဘုံမှာရှိတဲ့သူ အရေအတွက်ထက် ပိုပြီး များတယ်လို့ ဆိုကြပါတယ်။ ဒီလိုဆိုရင် ရှင်းလောက်ပါပြီ။ လူတစ်ဦးဖြစ်ဖို့ ဘယ်လောက်ခဲယဉ်းတယ်ဆိုတာပေါ့။ လူဖြစ်ဖို့ ဘာကြောင့် ခဲယဉ်းနေရတာလဲဆိုတာ စဉ်းစားကြည့်မိပါတယ်။ ဘာကြောင့် ဒီလောက် ခဲယဉ်းနေရတာလဲ။ အဖြေက တစ်ခုပဲထွက်တယ်။ အဲ့ဒါကတော့ ကောင်းတဲ့အလုပ်တွေကို လုပ်ရမှာ ခက်နေကြလို့ပဲ။ ကောင်းတာတွေကို ခဲခဲယဉ်းယဉ်း ဖြစ်ညှစ်လုပ်နေရလို့ပဲ။ ဒါကြောင့်ပဲလို့ ထင်မိပါတယ်။ အရက်တစ်ခွက်ကို လွယ်လွယ်ကူကူသောက်နိုင်ဖို့ အများကြီး မကြိုးစားရပါဘူး။ လွယ်ပါတယ်။ နောက်တစ်ခွက် ထပ်မသောက်မိဖို့ကိုတော့ ကြိုးစားရတာ အလွန်ခက်သွား ပါပြီ။ ခက်ခက်ခဲခဲ ရယူထားရတဲ့ လူ့ဘ၀ခဏတာကို လွယ်လွယ်ကူကူ သုံးဖြုန်းမပစ်သင့်ဘူး ထင်ပါတယ်။
စီးပွားတွေရှာကြတယ်။ ကောင်းတာတွေရော။ မကောင်းတွေနဲ့ရော။ အကုန်ရှာတယ်။ သားငါးတွေ ရောင်းချစားသောက် ရတယ်။ သားသတ်တဲ့လိုင်စင်တွေယူပြီး အသက်မွေးကြတယ်။ သူများပစ္စည်းကို မရကုတ်က ခိုးတယ်။ သူ့စီးပွားကို အချောင်လိုချင်တော့ အလုပ်လုပ်တဲ့အခါ အချိန်ကိုတောင် ခိုးလုပ်တယ်။ ခိုလုပ်တယ်။ ညာစရာရှိရင် ၀န်မလေးဘူး။ နဲနဲလေးဖြစ်ဖြစ် ညာလိုက်တာပဲ။ သတိပြုမိကြဖို့ပါ။ ဘ၀ဆိုတာ တိုတိုလေးပါ။ အကုသိုလ်တွေနဲ့ အချိန်မကုန်ပါစေနဲ့။ ကုသိုလ်လုပ်ရင်း အချိန်ကုန်ပါစေ။
စီးပွားရေး သမားတစ်ယောက်က သူရှေ့မှာမြင်နေရတဲ့ အရာတစ်ခုကို ဘယ်လိုစီးပွား ဖြစ်အောင် လုပ်မလဲလို့တွေးတယ်။ ပန်းချီးဆရာတစ်ယောက်က ဒီမြင်ကွင်းကို စက္ကူပေါ်မှာ လှပအောင် ဘယ်လိုပုံဖော်ရမလဲ စဉ်းစာတယ်။ ကလေးတွေက တော့ ကစားကွင်း လုပ်ကြမယ်လို့ တိုင်းပင်ကြမယ် ထင်တယ်။ စာချရဟန်းတစ်ပါးကတော့ စာသင်တိုက်ကြီးထူထောင်ပြီး စာချလိုက်မယ်ဟလို့ တွေးချင်တွေးနေမိပါပဲ။ အားလုံးက သူ့အမြင်နဲ့ သူ အသုံးချဖို့ စဉ်းစားနေကြတာချည်းပါပဲ။ ဟုတ်ပါပြီ။ တို့ လူ့ဘ၀ကြီးကို ရလာပြီ။ ဘယ်လိုမျက်လုံးနဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး ဘယ်လိုတွေ အသုံးချကြမလဲ။ နိမ့်တဲ့သူက တော့ နိမ့်နိမ့်ပဲမြင်မယ်။ နိမ့်နိမ့်ပဲ လုပ်မယ်။ နိမ့်နိမ့်မှာပဲ သူနေရမယ်။ မြင့်တဲ့သူက မြင့်မြင့်မြင်မယ်။ မြင့်မြင့်လုပ်မယ်။ မြင့် မြင့်မှာနေရမယ်။ ကိုယ်ကရော ဘယ်လိုမြင်ပြီး ဘာတွေလုပ်မှာလဲ။
ဒီတော့ ကောင်းတာတွေကို လုပ်ရမှာ ခက်နေသ၍ ကောင်းတာတွေ ကြုံတွေရဖို့ ခက်နေဦးမယ်။ ကောင်းတာတွေကို လုပ်ရတာ လွယ်သ၍တော့ ကောင်းတာတွေ တွေ့ဖို့က လွယ်နေမှာပါပဲ။ ကောင်းတာတွေလုပ်ဖို့ မခက်ခဲစေချင်ပါဘူး။ မခက်တာပဲ ကောင်းပါတယ်။ တို့တွေ အားလုံးရဲ့ နောက်ဆုံးရည်ရွယ်ချက်ကတော့ နိဗ္ဗာန်ပဲ။ နိဗ္ဗာန်ဆိုတာကို အမတ .. လို့လည်း ဆိုတယ်။ အမတ …. ဆိုတာ မသေခြင်းပဲ။ မသေတဲ့နေရာကို ရောက်ဖို့အတွက် မသေဖို့ လိုအပ်တယ်။ ဘယ်လို မသေရမှာလဲဆိုတော့ ကုသိုလ်တွေ မသေရမှာပါ။
အကုသိုလ်ယူ …. အသက်ရှု ထိုသူ သေ၍နေတော့သည်။
ကုသိုလ်မယူ အသက်ရှု သူလည်း သေ၍ နေတော့သည်။
ကုသိုလ်ပဲယူ အသက်ရှု ထိုသူမသေ ရှင်တော့သည်။
အမတ မှာနေဖို့ အမတ ဖြစ်အောင်လုပ်မှ ဖြစ်ပါမယ်။ အမတ တွေနေတဲ့အရပ်မို့ အမတ လို့ ခေါ်တယ် ထင်ပါတယ်။ ဒါကြောင့် မမေ့မလျော့မပေါ့ဆသော သတိတရားဖြင့် ကုသိုလ်တရား နေစဉ်တိုးပွားအောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ကောင်းမြတ်သည့်စေတနာဖြင့် ဆွေးနွေးလိုက်ရပါသည်။
အားလုံးသော သတ္တ၀ါတွေ သတိထား အသိပွားနိုင်ကြပါစေ။
လူ့ဘ၀ရခဲခြင်းနှင့်သံသရာရှည်လှပုံ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက လူ့ဘ၀ရခဲခြင်းကို ဒုလ္လဘတရားငါးပါး ဖြင့် ဆုံးမတော်မူခဲ့သည်။
အပါယ်ပိတ် တရား
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုတာ |
ဗုဒ္ဓဘာသာဟူသည် အဘယ်နည်း … ဗုဒ္ဓ၏ အဆုံးအမဟူသမျှ ဘုရားရှင် တော်မြတ် ဟောပြော ဆုံးမတော် မူအပ်သော ဗုဒ္ဓ၏ အဆုံးအမ စကားတော် ဟူသမျှသည် ဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ၄င်းကို အင်္ဂလိပ်ဘာသာဖြင့် Buddhism or Buddha’s Teaching ဟုဆိုသည်.. ဗုဒ္ဓဘာသာ၏ အနက် အဓိပ္ပါယ်ကို နားလည် သဘောပေါက်ပြီးလျှင် ဗုဒ္ဓဘာသာဝင် ဆိုသော ဝေါဟာရ၏ အနက် အဓိပ္ပါယ်ကိုလည်း နားလည်ထား သင့်သည်… ဗုဒ္ဓဘာသာဝင် ဟူသော ဝေါဟာရနှင့် ထပ်တူညီ သော ပိဋကတ်စာပေ အသုံးအနှုန်းမှာ ဥပါသက ဆိုသော ဝေါဟာရပင် ဖြစ်သည်.. ဥပါသက၏ အဓိပ္ပါယ်မှာ ရတနာ သုံးပါးကို ကိုးကွယ် ဆည်းကပ်သူဟု ဆိုသည်…. ဗုဒ္ဓဘာသာဝင် သမိုင်းတွင် ပထမဆုံး ဥပါသကများ ဖြစ်ကြတဲ့ တပုဿနှင့် ဘလ္လက ကုန်သည် ညီနောင်ကို ဗုဒ္ဓဘာသာဝင် တိုင်း သိမယ်လို့ ထင်ပါတယ်.. ၄င်းတို့ ညီနောင်နှစ်ဥိးသည် ဗုဒ္ဓမြတ်စွာဘုရားကို ဖူးတွေ့စဉ် အခါက သံဃာဟူ၍ မရှိသေး သဖြင့် ဗုဒ္ဓနှင့် ဓမ္မကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ဟု လျှောက်ထားပြီး ရတနာ နှစ်ပါး အပေါ် သရဏဂုံ ဆောက် တည် ခဲ့ကြရသည်.. နောက်ပိုင်း ဘုရားရှင်၏ တပည့်တော် ရဟန်း သံဃာများ ပေါ်ပေါက်လာချိန် တွင်ကား ဗုဒ္ဓ ဓမ္မ သံဃာ ဆိုသော ရတနာမြတ် သုံးပါးကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ဟု စိတ်တွင် သရဏဂုံ ဆောက်တည်ပြီး သူကို ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုပါသည်။ ဒီလောက်ဆိုရင် ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင်ကို သေချာ နားလည် သဘောပေါက် လောက်ပါပြီ… |
| ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့  အဓိက ရည်ရွယ်ချက် ပန်းတိုင် |
ဆရာတော် အရှင်ဇ၀နရေးသားထားတဲ့ မျက်ရည်မကျခင် သိစေချင် ဆိုတဲ့ စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မိမိတို့ရဲ့  အဓိက ရည်ရွယ်ချက် ပန်းတိုင်ကို သိစေချင်တဲ့ စေတနာနဲ့ ပြန်လည် ရေးသား ဖော်ပြခြင်းပါ စာအရေးအသား အနှစ်အရသာ ပျက်မှာ စိုး၍ ဆရာတော် ရေးသားထားသည့်အတိုင်း ဖော်ပြ လိုက်ပါတယ်။ ဓမ္မဒါနပြုသည် - ဟိန်း |
![]() |
|---|
|
| အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊ နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့် ရောင်စဉ်ဖြာဖြာ သင်္ကေတမှာ အရိယာ၏ ဖော်ညွှန်းဂုဏ်ရည် စာသွန်းစီသည် လ၀န်းရောင်ြခည် ဓမ္မစေတီ။ |
| မေတ္တာသုတ် |
| နိုင်ငံတကာစံတော်ချိန် ကြည့်ရန် |
| ရွှေတိဂုံစေတီတော်မြတ်ကြီး |
|---|
![]() |
| သီလက နောက်တန်းမှာ အင်အားမွေးစေ၊ သမာဓိက အမာခံနယ်မြေကို တည်ဆောက် စေ၊ ပညာက ကိလေသာဗိုလ်ချုပ်(၁၀)ဦးကို ထိုးစစ်ဆင်တိုက်စေပေါ့။ မဂ္ဂင်(၈)ပါးမှာ သီလမဂ္ဂင်က သုံးပါး (သမ္မာဝါစာ၊ သမ္မာ ကမ္မန္တ၊ သမ္မာအာဇီဝ)၊ သမာဓိမဂ္ဂင်က သုံးပါး (သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ)၊ ပညာမဂ္ဂင်က နှစ်ပါး (သမ္မာဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ)ပေါ့။ မဂ္ဂင်ကူးတို့ဖြင့် နိဗ္ဗာန်ကူးကြစို့။ |
| The 5th Tipitaka Chanting Ceremony, Bodhgaya |
|---|
| ပန်းအိဖြူ-ဗောဓိပင်နှင့်ရွှေပလ္လင် |
| ထူးအိမ်သင် - မဟာဝီရ အို..ဗုဒ္ဓ |
| shwedagon pagoda |
| မြဝတီရုပ်မြင်သံကြား မှ ကူညီပြုပြင် ပေးခဲ့သော |
| မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဈာပန မှတ်တမ်း |
| မိုးကုတ်ဆရာတော်ဘုရာကြီး၏ ဈာပနမှတ်တမ်း |
| ဗုဒွ့မြတ်စွာဘုရားရဲ့ ဘ၀ဖြစ်စဉ်တဲ့ |
အရှင်အာဒိစ္စရံသီ (ဦးဆန်းလွင်)၏ တစ်ဘ၀စာ အပ္ပါယ်တံခါးပိတ် ၇ရက်တရားတော်များ |
| BBF' Download Files | ||
|---|---|---|
|
![]() |
|---|
![]() |
|---|
![]() |
|---|
![]() |
|---|
![]() |
|---|
| BBF သို့ အလှူငွေများ လှူဒါန်းနိုင်သည်၊၊ |
| Burmese Buddhist Föreningen |
| Clearing no: 8103-4 |
| Account no: 904 674 260-8 |
| IBAN: SE96 8000 0810 3490 4674 2608 |
| Swift Code: SWEDSESS |




သီတဂူဆရာတော်ကြီး

“ငါတို့ကို တိုင်းပြည်နှင့် သာသနာက လေးစားတယ် ဆိုတာ အများအကျိုး ပြုလုပ်ငန်းတွေ ကြောင့်ပဲ၊ ငါကတော့ သာသနာ့ ကျေးကျွန် အဖြစ်ခံယူပါရ စေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့် တွေ ကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာ အတွက် အနစ်နာခံ တဲ့စိတ် စွန့်လွှတ် တဲ့စိတ် နှင့် အလုပ်လုပ် စေချင် တယ်”
တိပိဋက-ယောဆရာတော်

သူတော်ကောင်းအဓိပ္ပါယ်
သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်က ကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်း ဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်း ကောင်း ကိုယ်ကကောင်းရမယ်၊ ဒါမှ သူတော်ကောင်း အစစ် ဖြစ်နိုင်မယ်။
အရှင်ဥာဏောဘာသ

ဝိပဿနာ မြတ်တရားများ
၃။ ကာယမိမံတရားထိုင်ပုံထိုင်နည်း
၈။ ဝိဝေကသုံးပါး တဏှာနှင့်ရန်ဖြစ်ရဲမှ
၁၃။ ဝိသုဒ္ဒိ (၇)ပါး အလုပ်စဉ်တရား
၁၄။ ဝိဖ္ဖာနှင့်စရဏ (၂)ပါးပြည့်စုံမ
၁၆။ ဝေဒနာကို (၇) ချက်ဖြင့်မြင်အောင်ရ
၁၉။ နိဝရဏပယ်နည်းနှင့် ဝိဝေက(၃)ပါး
၂၀။ အဖုံးနှစ်ချပ်လှန် နိဗ္ဗာန်မြင်
သေချိန်တန်ကသေကြရ ဆိုတဲ့တရားတော်
လူလားခွေးလား ဆိုတဲ့တရားတော်
သားသမီးယုံ စုံလုံးကန်း ဆိုတဲ့တရားတော်
ကျေးဇူးရှိမှကျေးစွပ်ရ ဆိုတဲ့တရားတော်
မချစ်တာနဲ့ရန်ငြှိုးဖွဲ့ ဆိုတဲ့တရားတော်
လက်နက်ပိုင်ရှင်နို့ထမ်းဘုရင် ဆိုတဲ့တရားတော်
အမြတ်ဆုံးရတနာ ဆိုတဲ့တရားတော်
| Total Visitor since 2008 |
ရခိုင်ရိုးရာ လောင်းလှေပြိုင်ပွဲ