![]() |
|---|
၃၁-ဘုံ
ဘုရားရှိခိုးအမျိုးမျိုးစာအုပ်များတွင် အားလုံးနီးပါးသော အမျှဝေခြင်းများ၌ ၃၁-ဘုံသည် ပါဝင်လေ့ ရှိသည်။ သို့သော် ၃၁-ဘုံနှင့် ပတ်သက်၍ သာမန်သိရှိခြင်းထက် အသေအချာသိရှိကြမည် ဆိုပါက ပိုမိုအကျိုးရှိနိုင်ပေသည်ဟု ယုံကြည်ပါသဖြင့် ၃၁-ဘုံ သိကောင်းစရာအကြောင်း ကို ရေးသား ဖေါ်ပြရခြင်း ဖြစ်ပါသည်။ ဤ လောကကြီးတွင် သတ္တ၀ါတို့၏ နေထိုင်ရာ ဘုံဌာနမှာ သုံးဆယ့်တစ်ဘုံ ရှိသည်။ ဗြဟ္မာဘုံ နှစ်ဆယ်၊နတ်ဘုံ ခြောက်ဘုံ ၊လူ့ဘုံ တစ်ဘုံ၊ အပါယ် လေးဘုံ တို့ဖြစ်သည်။ ထို သုံးဆယ့်တစ်ဘုံ တည်းဟူသော လောကကြီးသည် အာသဝေါကုန်ခန်းပြီးသော ရဟန္တာမဖြစ်သေးသမျှ ထက်အောက် ပြောင်းပြန် ဗလောင်ဆန်အောင် ကျင်လည်ရဦးမည့် ဘုံဌာနများဖြစ်သည်။ မြတ်စွာဘုရား ဟောကြားထားသော နခသိခသုတ်ကို ထောက်ရှုခြင်းအားဖြင့် လူ့ဘုံမှ စုတေ၍ သေလွန်ကြကုန်သော သူတို့တွင် လူ့ဘုံသို့ ရောက်ရှိသော သူမှာ မြတ်စွာဘုရား၏ လက်သဲခွံ ပေါ်၌ ရှိသော မြေမှုန့် ပမာဏမျှသာရှိ၍ အပယ်လေးဘုံသို့ ကျရောက် သောသူတို့မှာ ဂင်္ဂါမြစ်လွင်ပြင်ရှိ မြေမှုန့်ပမာဏ ရှိသည်။ လူ့ဘ၀မှ စုတေ၍ လူပြန်ဖြစ်သော ပမာဏ နှင့် အပါယ်လေးဘုံသို့ ကျရောက်သော သူတို့၏ ပမာဏ နှိုင်းဆ၍ မရအောင် ကွာခြားလှပါသည်။ လူတစ်ထောင် သေ၍ တစ်ယောက်မျှ လောက်ပင် လူပြန်ဖြစ်ဖို့ရာ မလွယ်ကူချေ။ ဗြဟ္မာဘုံ နှစ်ဆယ်ဗြဟ္မပါရိသဇ္ဖာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ၊ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ ပရိတ္တာသုဘာ၊ အပ္မမာဏာသုဘာ၊ သုဘကိဏှာ ၊ ဝေဟပ္ဖိုလ် ၊ အသညသတ် ၊ အဝိဟာ ၊ အတပ္ပါ ၊သုဒဿာ၊သုဒဿီ၊အကနိဋ္ဌ၊ အာကာသာနဉ္စာယတန၊၀ိညာဏဥစ္စာယတန၊အာကိဉ္စာညာယတန၊နေဝသညာနာသညာယတန နတ်ပြည် ခြောက်ထပ်စတုမဟာရာဇ် ၊ တာဝတိံသာ ၊ ယာမာ ၊ တုသိတာ ၊ နိမ္မာနရတိ ၊ ပရနိမ္မိတ၀သ၀တ္တီ လူ့ဘုံ တစ်ဘုံအပါယ် လေးဘုံငရဲဘုံ ၊ တိရစ္ဆာန်ဘုံ ၊ ပြိတ္တာဘုံ ၊ အသူရကာယ်ဘုံ သံသရာခရီးသည် ၇-ဦးကမ္ဘာပေါ်ရှိ လှုပ်လှုပ်ရွရွ မြင်တွေ့နေရသော သတ္တ၀ါအားလုံးနှင့် မမြင် မတွေ့ရသော သတ္တ၀ါ အားလုံး တို့သည် သံသရာ ခရီးသည်များ ဖြစ်ကြပါသည်၊ သံသရာဆိုသည်မှာ ခန္ဓာ, အာယတန, ဓာတ်တို့ မပြတ်မလပ် မရပ်မနားဘဲ ဖြစ်ပျက်နေသော ဘ၀အစဉ်ကိုခေါ်သည်။ ထိုဘ၀အစဉ်သည် အဝေးကြီးတွင် ရှိနေသည်မဟုတ် အများအားဖြင့် သတ္တ၀ါတို့၏ မျက်စိ,နား, နှာ, လျှာ, ကိုယ်, စိတ် တည်းဟူသော ခြောက်ဒွါရမှာ တရစပ် အထပ်ထပ် ဖြစ်ပျက်နေသော သဘော တရားများပင် ဖြစ်သည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများအနေဖြင့် အဓိကရည်ရွယ်ချက်သည် သံသရာမှ လွတ်မြောက်ရေးပင် ဖြစ်၏၊ ထိုလွတ်မြောက်ရေးအတွက် မြတ်ဗုဒ္ဓသည် ၄၅-၀ါပတ်လုံး မနေမနား နည်းအမျိုးမျိုးပြပြီး လမ်းညွှန်တော်မူခဲ့၏၊ မြတ်ဗုဒ္ဓချမှတ်ခဲ့သော လမ်းစဉ်များအနက် မိမိစရိုက်အားလျှော်သော နည်းလမ်းကို စွဲစွဲမြဲမြဲ လိုက်နာကျင့်သုံးရန်သာ လိုပါသည်၊ ရှေးဦးစွာ မိမိသည် သံသရာခရီးသည် ၇-မျိုးတွင် မည်သည့်အမျိုးတွင် ပါဝင်သည်ကို သိထားရန် လိုပါသည်၊ ထို ၇-မျိုးကို စိစစ်ကြည့်ကြပါစို့၊ အင်္ဂုတ္တိုရ်နှင့် ပုဂ္ဂလပညတ် ပါဠိတော်တို့တွင် ပြဆိုချက် အရ သံသရာခရီးသည် ၇-မျိုးဆိုသည်မှာ- ၁။ ငုပ်ပြီး မြုပ်သွားသောသူ ( ဒုဂ္ဂတိဘုံသားများ) ဤစာရင်းကိုကြည့်လျှင် မိမိသည် ဘယ်အမျိုးအစားတွင် ပါဝင်သည်ကို ရိပ်စားမိပါလိမ့်မည်။ မိမိသည် ၁-အမျိုးအစား=ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ် အပါယ်လေးဘုံ ဒုဂ္ဂတိဘုံသား မဟုတ်သည်မှာ သေချာပါ၏။ ၆-၇ အမျိုးတွင် မပါဝင်သည်မှာလည်း သေချာပါသည်။ ကျန်လေးမျိုးတွင် ပါဝင်သည်ဆိုပါစို့၊ အသေအချာစိစစ်လျှင် သောတာပန်နှင့် သကဒါဂါမ် နည်းပါးပါလိမ့်မည်၊ ပုထုဇဉ်နှင့် ကလျာဏ ပုထုဇဉ်များသာ များပါလိမ့်မည်။ မိမိတို့ရောက်ရှိနေသော အဆင့်မှ အထက်အဆင့်သို့ တက်လှမ်းရန် ကြိုးစားရန် လိုပါသည်၊ ယခုရရှိနေသော ဘ၀ကောင်း၊ သာသနာတော် ထွန်းတောက်နေသော အချိန်ကောင်းကို အရအမိ အခွင့်အရေးယူရန် အရေးကြီးပါ၏။ ခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိသေးလေလိမ့် လား- ဟူသော သတိပေးစကားကို သတိပြုရပါမည်၊ ထို့ကြောင့် သံသရာခရီးတလျှောက်တွင် ချမ်းသာ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် ဒါနကို နည်းလမ်းမှန်စွာ ပြုလုပ်၍၊ အထူးအရေးကြီး သော ကိုယ်ကျင့်သီလကိုလည်း အနည်းငယ်မျှ အတိမ်းအစောင်း မခံဘဲ၊ ၀ိပဿနာ ဘာဝနာကို စွဲစွဲမြဲမြဲ အားထုတ်ကာ သံသရာခရီးသည်ဘ၀မှ လွတ်မြောက်ရန် ကြိုးစားနိုင်ကြပါစေ။ ကျမ်းကိုး |
သီတဂူဆရာတော်ကြီး
“ငါတို့ကို တိုင်းပြည်နှင့် သာသနာက လေးစားတယ် ဆိုတာ အများအကျိုး ပြုလုပ်ငန်းတွေ ကြောင့်ပဲ၊ ငါကတော့ သာသနာ့ ကျေးကျွန် အဖြစ်ခံယူပါရ စေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့် တွေ ကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာ အတွက် အနစ်နာခံ တဲ့စိတ် စွန့်လွှတ် တဲ့စိတ် နှင့် အလုပ်လုပ် စေချင် တယ်”
တိပိဋက-ယောဆရာတော်
သူတော်ကောင်းအဓိပ္ပါယ် သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်က ကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်း ဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်း ကောင်း ကိုယ်ကကောင်းရမယ်၊ ဒါမှ သူတော်ကောင်း အစစ် ဖြစ်နိုင်မယ်။
အရှင်ဥာဏောဘာသ
ဝိပဿနာ မြတ်တရားများ ၃။ ကာယမိမံတရားထိုင်ပုံထိုင်နည်း ၈။ ဝိဝေကသုံးပါး တဏှာနှင့်ရန်ဖြစ်ရဲမှ ၁၃။ ဝိသုဒ္ဒိ (၇)ပါး အလုပ်စဉ်တရား ၁၄။ ဝိဖ္ဖာနှင့်စရဏ (၂)ပါးပြည့်စုံမ ၁၆။ ဝေဒနာကို (၇) ချက်ဖြင့်မြင်အောင်ရ ၁၉။ နိဝရဏပယ်နည်းနှင့် ဝိဝေက(၃)ပါး ၂၀။ အဖုံးနှစ်ချပ်လှန် နိဗ္ဗာန်မြင်
သေချိန်တန်ကသေကြရ ဆိုတဲ့တရားတော်
လူလားခွေးလား ဆိုတဲ့တရားတော်
သားသမီးယုံ စုံလုံးကန်း ဆိုတဲ့တရားတော်
ကျေးဇူးရှိမှကျေးစွပ်ရ ဆိုတဲ့တရားတော်
မချစ်တာနဲ့ရန်ငြှိုးဖွဲ့ ဆိုတဲ့တရားတော်
လက်နက်ပိုင်ရှင်နို့ထမ်းဘုရင် ဆိုတဲ့တရားတော်
အမြတ်ဆုံးရတနာ ဆိုတဲ့တရားတော်
ရခိုင်ရိုးရာ လောင်းလှေပြိုင်ပွဲ
|
|||||||||||||||||||||||||||||||||||||||||||||||||||
|
||||||||||||||||||||||||||||||||||||||||||||||||||||