|
ဓမ္မာရုံ ၂၂/၁/၂၀၁၂ထိ ပြင်ဆင်မှု အခြေအနေ
ကျောင်းပစ္စည်းလှူဒါန်းခြင်းနှင့် ဆွမ်းကပ် တရားနာခြင်း
မွေးနေ့ရှင် ကိုအောင်မြင့်နှင့် မိသားစုမှ ဘုန်းကြီးကျောင်းအတွက် ဇွန်း၊ခွက၊် ပုဂံအစုံ၃၀နှင့် အခြား ပစ္စည်းများ လာရောက်လှူဒါန်းခြင်း နှင့် ဒေသခံ တကာ/မ များစုပေါင်းပြီး ၈/၁/၂၀၁၂က ဆွမ်းကပ် တရားနာခဲ့ကြပါသည်။ ထိုတရားနာပွဲသို့ ဆွီဒင်တကာ/မ များလည်း လာရောက်တရားနာယူခဲ့ကြကြောင်း သိရှိရပါသည်။ တိရတနာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ ဖော်ဆောင်ခြင်း
တိရတနာ ဘုန်းတော်ကြီးကျောင်းအတွင်း ဓမ္မာရုံလိုအပ်မှုအရ ပြင်ဆင်ဆောက်လုပ်သွားမည် ဖြစ်ပါသည်။ ကုန်ကျမှုကို ခရိုနာ ၃၀၀၀၀ ၀န်းကျင်မျှ ကုန်ကျနိုင်မည်ဟု အကြမ်းဖျင်း ခန့်မှန်းထား ပါသည်။ ဓမ္မာရုံအတွက် အနည်းအများမဆို ဒါနမျိုးစေ့ ချလိုသူများ ပါဝင်လှူဒါန်းနိုင်ကြပါသည်။ December 10, 2011 ဆွမ်းဆန်စိမ်းအလှူနှင့်တရားနာခြင်း
ဒီကနေ့ December 10, 2011 စနေနေ့တွင် တိရတနာကျောင်း၌ တကာ/မများစုပေါင်း၍ ဆွမ်းဆန်စိမ်း လှူဒါန်းခြင်းနှင့် သီလခံယူ တရားတော်နာယူခြင်းကို ပြုလုပ်ခဲ့ကြပါသည်။ တိရတနာ ဘုန်းတော်ကြီးကျောင်း လက်မှတ်ထိုး ၀ယ်ယူပြီးစီးခြင်း
ဘုန်းတော်ကြီးကျောင်း အဆောက်အဦးကို 4/11/2011 တွင် အရစ်ကျငွေသွင်းစနစ်ဖြင့် ၀ယ်ယူခဲ့ပြီး ဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးပွဲ ရလဒ်နှင့် ကျောင်း၏ လိုအပ်မှုများ လုပ်ငန်းစဉ် အသေးစိတ် များကိုလည်း အီးမေးများမှတဆင့် ကျောင်းတကာ/မ များထံ အကြောင်းကြား ထုတ်ပြန် ပေးသွားပြီးဖြစ်ပါသည်။ အစည်းအဝေးမှတ်တမ်း ခေါင်းစဉ်တွင်လည်း ကြည့်ရှု့နိုင်ပါသည်။ တိရတနာ ဘုန်းတော်ကြီးကျောင်း၏ လောလောဆယ်လိုအပ်ချက်များ------------ ။ (၁) အနည်းဆုံး အိပ်ယာကုတင် ၈လုံး (၂) တစ်ယောက်အိပ် ဖော့ပြားအခင်းများ စောင်များ ခေါင်းအုံးများ (၃) ပန်းကန် အိုးခွက် ဇွန်းများ (၄) စားပွဲ ကုလားထိုင်များ (၅) ဓမ္မာရုံ တစ်ခု အထွေထွေ လိုအပ်ချက်များ စသည်တို့ကို သံသရာ ခရီး သွားနေသူများ အနေဖြင့် ဒါနကုသိုလ် ရွှေအိုး မြုပ်နှံခွင့် ရနိုင်စေရေး အကျိုးဌါ နိုးဆော် ပေးလိုက် ရပါသည်။ ပစ္စည်းသော်ဌင်း၊ ငွေကြေးသော်ဌင်း စေတနာအနည်းများမဆို ပါဝင်လှူဒါန်းလိုသူများ အနေဖြင့် အောက်ပါ တာဝန်ရှိသူများနှင့် တိုက်ရိုက်ဆက်သွယ်၍ လှူဒါန်းနိုင်ကြပါသည်။ လက်ရှိအလှူရှင်များ စာရင်းကိုလည်း အလှူရှင်များစာရင်း ခေါင်းစဉ်အောက်တွင် သွားရောက် ကြည့်ရှု့ သာစုခေါ်နိုင်ကြပါသည်။ (၁) ကိုအောင်တင့် (အထွေထွေအတွင်းရေးမှူး) (0768280712) ( aung_tint@yahoo.com ) (၂) ကိုဇော်မျိုးလှိုင် (သတင်းနှင့်ပြန်ကြားရေး) (0727308891) ( zawmyohlaing82@gmail.com ) (၃) ကိုသိန်းစိုး (ထောက်ပံ့ရေးနှင့်ရံပုံငွေရှာဖွေရေး) (0761101230) ( theinsoe2@yahoo.com )
တိရတနာဘုန်းကြီးကျောင်း(မကြာမီ)
မကြာမီ ၀ယ်ယူနိုင်တော့မည့် တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်း (ဆွီဒင်နိုင်ငံ) ကို ခရိုနာ ၅သိန်းဖြင့် ပေးချေရန် Hallsberg ကွန်မြူးနှင့် ဆွေးနွေးသဘောတူမှု ရထားပြီး နိုဝင်ဘာလတွင် စာချုပ်လက်မှတ်ထိုးပြီး ၀ယ်ယူမည် ဖြစ်ပါသည်။ လက်ရှိမိမိတို့ တွင် ၅သိန်းခရိုနာအား အကြေ ပေးချေရန် ငွေကြေးမလုံလောက်သဖြင့် အရစ်ကျ ပေးချေသွားရန် သဘောတူညီမှု ရထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မည်သူမဆို ကျောင်းတကာ/ တကာမများအဖြင့် ဒါနကုသိုလ် ပါဝင်ခွင့် ရယူနိုင်ကြစေရန် နိဗ္ဗာန်အကျိုးမျော်၍ နိုးဆော် လိုက်ရ ပါသည်။ ဆွမ်းဆန်စိမ်းအလှူ (၁၃/၁၁/၁၁) ဥပသကာအဖွဲ့မှ ကြီးမူး၍ ဆွမ်းဆန်စိမ်းအလှူနှင့် တရားနာပွဲကို Örebro မြို့တွင် တကာ/မများမှ ယနေ့ ပြုလုပ်ခဲ့ကြပါသည်။
forshaga မြို့ ဆွမ်းဆန်စိမ်းအလှူနှင့် ဆွမ်းကပ်လှူ တရားနာပွဲ (၁/၁၀/၂၀၁၁)
တိရတနာ ဘုန်းတော်ကြီးကျောင်း (ယာယီ)၏ ဖွင့်ပွဲ ဖွင့်လှစ်ပြီးစီးခြင်း (04/08/2011)
ရဟန်းတော်များ၏ သာသနာပြုလုပ်ငန်း လှုပ်ရှားမှုများ ဆရာတော် ဥုးနန္နစာရ၏ သာသနာရေး လှုပ်ရှားမှုများ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန် ခရီးစဉ်များ စုပေါင်း Tibro och Skövde (ဆွီဒင်) (28/29-07-2011) ဆရာတော်ဦးသောပန(ဆွီဒင်)နှင့် ဆရာတော် ဥုးဝိသုဒ္ဓ (နော်ဝေး)
Sandvikenမြို့ မေလ(၀၈.၂၀၁၁) ရဟန်းတော်များ ပင့်ဖိတ် ဆွမ်းကပ် တရားတော်နာခံယူကြခြင်း
Gävleမြို့ မေလ(၀၇.၂၀၁၁) ရဟန်းတော်များ ပင့်ဖိတ် ဆွမ်းကပ် တရားတော်နာခံယူကြခြင်း
Örebroမြို့ ဧပြီလ(၂၃.၂၀၁၁) ရဟန်းတော်များ ပင့်ဖိတ် ဆွမ်းကပ် တရားတော်နာခံယူကြခြင်း
Hallsberg မြို့ ဧပြီလ(၈/၉-၂၀၁၁) ရဟန်းတော်များ ပင့်ဖိတ် ဆွမ်းကပ် တရားတော်နာခံယူကြခြင်း
Nässjö မြို့ မတ်လ(၂၆-၂၇/၂၀၁၁) ရဟန်းတော်များ ပင့်ဖိတ် ဆွမ်းကပ် တရားတော်နာခံယူပွဲ
|
|
||||||||||||||||||||||||||||||||||||||||