" ဆွီဒင်နိုင်ငံ အတွင်း မြန်မာဘုန်းကြီးကျောင်း တည်ဆောက်ရန် အတွက် မြန်မာနိုင်ငံသားများဆိုင်ရာ ဗုဒွ့ဘာသာအဖွဲ့(ဆွီဒင်နိုင်ငံ) သို့ အလှူငွေများ ထည့်သွင်းလှူဒါန်းနိုင်ပါကြောင်း"
အဖွဲ့အစည်းအကြောင်း | ဓမ္မရသများ| အလှူရှင်းများစာရင်း | လှုပ်ရှားမှုများ | အစည်းအဝေးမှတ်တမ်း | ဆက်သွယ်ရန်
Mahasi| Mogok| eDhamma| Kyar Ni kan | Dhammaweb | Shwe parami | BBA| Burmese monks | QBBA | Tricycle | Penang sayardaw | Sharingtofrds

 

 

အလှူ့ရှင်ဂုဏ်ရည်  

 

အင်္ဂါ (၃)ပါးနှင့် ပြည့်စုံသူကို သဒ္ဓါတရားရှိသော၊ သာသနာ တော်၌ ကြည်ညိုသော အလှူရှင်မည်၏။
ထိုသုံးပါတို့ကား----
၁။ မိုင်ပေါင်း ဘယ်လောက် ဝေးဝေး ကိုယ်ကျင့်တရား ရှိ သော သီလ၀န္တ အရှင်မြတ်များကို သွားရောက် ဖူးမျှော်လို သော ဆန္ဒရှိခြင်း။
၂။ သူတော်ကောင်းတရားတို့ကို နာယူလိုသော ဆန္ဒရှိခြင်း။
၃။ အလှူဒါန ပေးကမ်းစွန့်ကြဲခြင်း တို့၌ မွေ့လျော် ပျော်ပိုက် ခြင်း တို့ဖြစ်သည်။
ဒဿနကာမော သီလ၀တံ၊ သဒ္ဓမ္မံ သောတုမိစ္ဆတိ။
ဝိနယေ မစ္ဆေရမလံ၊ သဝေ သဒ္ဓေါ တိ ၀ုစ္စတိ။ (အံ-၁-တိဌာနသုတ်၊ နှာ ၁၄၉)

ထိုသုံးပါးဂုဏ် ရှိသူကို သဒ္ဓါတရား ရှိသူ၊ သာသနာတော်၌ ကြည်ညိုသူ အလှူရှင်ဟူ၍ ဆိုအပ်၏။ ထိုလှူရှင် ဂုဏ်သုံးပုဒ် တွင် နံပါတ် ၃ အလှူဒါန၊ ပေးကမ်း၊ စွန့်ကြဲ၊ ဝေငှခြင်းတို့၌ မွေ့လျော်သူကို စာက အောက်ပါဂုဏ်ရည် တို့ဖြင့် ဖော်ညွှန်း ထားသည်ကို တွေ့ရသည်။ ဒါန ဂုဏ်ရည်ဟူ၍လည်း ဆိုနိုင် ပါသည်။

ဒါနဂုဏ်ရည်များ
၁။ မုတ္တစာဂေါ ပယတပါဏိ-လွတ်လွတ် ကျွတ်ကျွတ် စွန့်ကြဲ သည်ဖြစ်၍ ဆေးကြောအပ်ပြီးသော လက်ရှိသူ။
၂။ ဝေါဿဂ္ဂရတော- စွန့်လွတ်ခြင်း၌ ပျော်သည်၊ မွေ့လျော် ခြင်း။
၃။ ယာစယောဂေါ -တောင်းခံခြင်းငှါ သင့်သည်။
၎။ ဒါနသံဝိဘာဂရတော- ပေးလှူ ဝေဖန် ခန့်ခွဲ စီမံမှု၌ ပျော်ပိုက်သည်။
၅။ ၀ိဂတမလမစ္ဆေရ-ကင်းသော မစ္ဆေရ အညစ်ကြေးရှိသူ။

မုတ္တစာဂေါ ပယတပါဏိ- လွတ်လွတ်ကျွကျွတ် စွန့်ကြဲသည် ဖြစ်၍ ဆေးကြောအပ်ပြီးသော လက်ရှိသူ။ ၂၀-၁၀-၂၀၁၀ နေ့က ရွှေဥရာစုသစ်ရဲ့ မွေးနေ့ပွဲ အလှူတစ်ခု သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ရန်ကုန်မှာ ကျင်းပခဲ့သည်၊ ကျောင်းအမ ဒေါ်ရွှေဥက ထိုမွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) မဟာသန္တိပါတ အစည်းဝေး ခန်းမ ဆောင် အတွက် သိန်း ၅၀၀ ကျပ်လှူဒါန်းပွဲနှင့် ပင့်သံဃာ ၂၀ တို့အား တပါးလျှင် အမေရိကန် ဒေါ်လာ ၁၀၀စီ လှူဒါန်း ပွဲ ကျင်းပခဲ့သည်။ ထိုပွဲတွင် သီတဂူ ဆရာတော်ကြီးက ဒါန ဂုဏ်ရည်အကြောင်း ထည့်ပြောသွားရာဝယ် ပယတပါဏိ ပုဒ် နှင့် ဒါနသံဝိဘာဂ ရတော ပုဒ် ၂ ပုဒ်ကို ထည့် အသုံးချ သွား တာ တွေ့လိုက်ရပါတယ်။ ငယ်ငယ်က လေ့လာထားခဲ့ဖူးပေမဲ့ ဤကဲ့သို့ အသုံးချရကောင်းမှန်း မိသိခဲ့။ ဆရာတော် အသုံးချ ပြီး ပြောသွားတာကို အလွန်ပဲ နှစ်ခြိုက်မိခဲ့ပါတယ်။

‘‘ လက်ဆိုတာ ယူခြင်း ပေးခြင်း စွန့်လွတ်ခြင်း မျှဝေခြင်း ကိစ္စရှိပါတယ်။ ယူခြင်းသည် လောဘ (attach or craving )နှင့် မစ္ဆရိယ- သိမ်းဆည်းထားခြင်း ဆုပ်ကိုင်ထား (keeping firmly) နှင့် ထိုလောဘ နှင့် မစ္ဆရိယကို စွန့်လွတ်ခြင်းဖြင့် ပေးကမ်းခြင်း မျှဝေခြင်း’’ ဟု ဆိုပါတယ်။ ထိုလောဘ၊ မစ္ဆရိယ စတဲ့ ကိလေသာ အညစ်ကြေးမှ ကင်းသော လက်ရှိ သူ၊ ထို့ကြောင့် ပယတပါဏိ ဆိုတာ ထိုကိလေသာမှ လွတ် သော ဖြူစင် သန့်ရှင်းသော လက်ရှိသူ ဟု ဆိုလိုသည်။
အဋ္ဌကထာကတော့ ပယတပါဏီတိ ဓောတဟတ္ထော။ ဆိုလိုသည်မှာ သဒ္ဓါတရား မရှိသူ၏ လက်ကို အကြိမ်တရာ ဆေးကြောသော်လည်း မလိနဟတ္ထော- အညစ်ကြေးမစင် မသန့်စင်သော လက်ရှိသူ။ သဒ္ဓါတရားရှိသူ၏ လက်သည် ကား အလှူဒါန စွန့်လွန်ခြင်း၌ ပျော်ပိုက် နေသောကြောင့် ပကတိ လက်မှာ ချေး အညစ်ကြေး ပေနေသော်လည်း ဓောတ ဟတ္ထော- စင်ကြယ်သော လက်ရှိသူဟူ၍ ဆိုပါသည်။

တတိယအကြိမ် ရေးဖို့ အကြံဖြစ်ပေါ်လာခြင်းကတော့ ဒေါ်ရွေဥရဲ့ သိန်း ၅၀၀ ကျပ်အလှူ၊ ဒီပို့စ် ရေးနေစဉ်မှာပဲ ကနေဒါက မသင်းသင်းယုနှင့် သူငယ်ချင်း တစုကလည်း ဆရာတော်ကြီး၏ လူမှုကယ်ဆယ်ရေးတွေကို အားကျ ကြည် ညိုလွန်းလို့ ဟိုးးးးးးးတပြည်တရွာကနေ လာလှူလိုက်ကြသေး သည်။ ယုံကြည်မှု၏ စွမ်းအားပင် ဖြစ်ပါည်။

ဒါနသံဝိဘာဂရတော- ပေးလှူ ဝေဖန် ခန့်ခွဲ စီမံမှု၌ ပျော် ပိုက်သည်။ ဒါနဆိုတဲ့ပုဒ်ကို အများစုက ပေးလှူလို့ ဘာသာရေး နယ်ပယ်က စကားရပ်ဖြင့် ပြန်ဆိုကြပေလိမ့် မည်၊ သီတဂူဆရာတော်ကြီး၏ ဟောချက် ပြောချက်တို့သည် အဘယ့်ကြောင့် လူတွေရဲ့ နှလုံးသားထဲ၌ ထိထိမိမိ ရောက် စေနိုင်သနည်း ဆိုသော်-ဆရာတော်ကြီးသည် လူသားတို့ ဝေါဟာရ အသုံးအနှုန်းများဖြင့် တသားတည်းကျအောင် အသုံးပြုသောကြောင့် ဘ၀နှင့်တထပ်တည်းကျသည်ဟု ဆို ရပေမည်။ ထို့ကြောင့် ဒါန ကို ဝေငှခြင်းဟူ၍ ဘာသာပြန် ဆိုကာ ကျောင်းအမကြီး (အလှူရှင်) သည် မိမိကိုယ်တိုင် ကိုယ်အား ဥာဏ်အားတို့ဖြင့် ရှာဖွေစုဆောင်းထားသော စည်းစိမ်များကို ကိုယ်တည်းတယောက်တည်း မသုံးစွဲဘဲ သာသနာတော်အား ဝေငှပေးခြင်း၊ ခွဲဝေ သုံးစွဲခြင်းဖြစ် သည်။

ထို့ကြောင့် ဒါနသံဝိဘာဂရတော-ဝေငှခြင်း၊ ပေးလှူရာဝယ် ဝေဖန် ခန့်ခွဲ စီမံမှု၌ ပျော်ပိုက်သည်။ ဆိုလိုသည်မှာ မိမိရှာဖွေ၍ ရသော ပစ္စည်းများကို ဝေငှခြင်း၊ ပေးကမ်းခြင်းတို့၌ စီမံဆောင်ရွက်ခြင်းတို့၌ ပျော်မွေ့သူ၊ ပျော်ပျော်ကြီး အလှူဒါန ပြုသူဟူ၍ ဆိုနိုင်သည်။

ဝိဂတမလမစ္ဆေရ- ၀န်တိုခြင်းဟူသော အညစ်ကြေးမရှိ။ မိမိ ရှာဖွေ၍ ရသော ပစ္စည်း စည်းစိမ်များကို နှမျောတွန့်တိုခြင်း မရှိ၊ သိမ်းဆည်းထားခြင်းမရှိ၊ တပါးသူတို့အား ပေးကမ်း နိုင် ခြင်း၊ စွန့်လွတ်နိုင်ခြင်းဖြစ်သည်။ ထိုအလှူရှင်သည် ထို သိန်း ၅၀၀ ကျပ်ကို မိမိ တကိုယ်တည်း စားသုံးဖို့ပဲ သိမ်းဆည်းထား ခြင်းမရှိ၊ တပ်မက်ခြင်းမရှိ၊ ၀န်တိုခြင်းမရှိဘဲ စွန့်လွတ်နိုင်ခဲ့ သည်။

နိဂုံး
ဤသို့အားဖြင့် အလှူရှင်တို့သည် ပုဗ္ဗေကတပုည- ရှေးဘုန်း ရှေးကံကြောင့် ပတိရူပ ဒေသလို့ခေါ်တဲ့ ဘုရားတရား ရဟန်း သံဃာ ရှိရာအရပ်သို့ ဖြစ်ခွင့်ရကြသည်။ ထို အရပ်ဒေသမှာ လူဖြစ်ခွင့်ရကြခြင်းကြောင့် သဒ္ဓမ္မသ၀န- သူတော်ကောင်း တရားများ နာကြားခွင့်ရ၍ အတ္တသမ္မာမဏိဓိ- မိမိစိတ်ကို ကောင်းစွာ ထိန်းနိုင်ခြင်း၊ ထားနိုင်ခြင်း။ ကောင်းစွာ ထားနိုင်ခြင်း ထိန်းနိုင်ခြင်းဟူသည် မိမိကိုယ်ကို သီလမရှိ သည်ကို သီလရှိလာအောင်၊ သဒ္ဓါမရှိသော မိမိကိုယ်ကို သဒ္ဓါ တရား ရှိလာအောင်၊ နှမျှောတွန့်တို ၀န်တိုခြင်း မစ္ဆရိယစိတ် ရှိသော မိမိကိုယ်ကို မစ္ဆရိယစိတ် မရှိအောင် ထားပေးနိုင် ခြင်းတို့ကြောင့် အတ္တသမ္မာမဏိဓိ ဂုဏ်ကို ရရှိကြသည်။ ဤသို့သော ဂုဏ်အပေါင်းတို့ကြောင့် သဒ္ဓါ စေတနာ ပစ္စည်း ၀တ္ထု အလှူခံဟု အင်္ဂါ ၄ တန် ပြည့်စုံကြသဖြင့် အလှူဒါနပွဲ များ ဆင်နွှဲနိုင်ကြသည်။ ဆိုခဲ့ပြီးသော ဂုဏ်ရည်အပေါင်းတို့ နှင့် ပြည့်စုံသော အလှူရှင်တို့သည် မိမိပိုင် စည်းစိမ်များကို ပေးနိုင် ကမ်းနိုင် စွန့်နိုင်ကြပေတော့သတည်း။

မှတ်ချက်။ ။ ဤ အလှူရှင်ဂုဏ်ရည် အမည်ရှိသော ပို့စ်ဖြင့် နယ်နယ် အရပ်ရပ်မှ သီတဂူသာသနာပြုအလှူရှင်များနှင့် အခြားခြားသော အလှူရှင်များအား ဂုဏ်ပြုပါသည်။

ကျမ်းကိုးများ
(က) အဂုင်္တ္တရနိကာယ တိကနိပါတ ပါဠိတော်
(ခ) အဂုၤတၱရနိကာယ တိကနိပါတ႒ကထာ
(ဂ) အဂုင်္တ္တရနိကာယ် တိကနိပါတ မြန်မာပြန်
(ဃ) မဇ္ဈိမပဏ္ဏာသ ပါဠိတော်
(င) သုတ္တနိပါတဋ္ဌကထာ
(စ) သီတဂူဆရာတော် သြ၀ါဒ

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

 
အားကစားသတင်းများ ကျန်းမာရေးသတင်းများ
ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှု… သူတစ်ပါးကို သူများခိုင်း၍သတ်သည်ရှိသော
ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး… ဘ၀ဆက်တိုင်း သရဏဂုံတည်အောင် ဘယ်လို ပါရမီတွေ ဖြည့်ကျင့်သင့်သလဲ
ကောင်းကျိုးမကောင်းကျိုး စိတ်စေတနာနှင့်ပတ်သတ်၍
အမျိုးသမီးများနှင့် ဗုဒ္ဓဘာသာ တရားရနိုင်သော နည်းလမ်းများ
ကံအကြောင်းနဲ့ပတ်သတ်၍ အမေးအဖြေ ဘုရားရှင်တို့၏ အဆုံးအမ အနှစ်ချုပ်
အလှူ့ရှင်ဂုဏ်ရည် စိတ်သန့်ရှင်းရေး

ကံအကျိုးပေး ကွာခြားပုံ စိတ်အားဖြည့် စကားစုလေးများ (၁၀)…
ဘုရားပွင့်တော်မှုရခြင်း................... စိတ်အားဖြည့် စကားစုလေးများ (၁၀)…
ဘုရားပွင့်တော်မှုရခြင်း..... သုမိတြရ ကျွှန်းပေါ်က သံဃာ့အစည်းအဝေး
ရခိုင်ရိုးရာ လောင်းလှေပြိုင်ပွဲ ကရင်ရိုးရာ ဒုံးယိမ်းအက
မွန်ရိုးရာ အက ကချင်ရိုးရာ အက
ကြာနီကန်ဆရာတော်၏တရားများ
သေချိန်တန်ကသေကြရ ဆိုတဲ့တရားတော် လူလားခွေးလား ဆိုတဲ့တရားတော်
သားသမီးယုံ စုံလုံးကန်း ဆိုတဲ့တရားတော် ကျေးဇူးရှိမှကျေးစွပ်ရ ဆိုတဲ့တရားတော်
မချစ်တာနဲ့ရန်ငြှိုးဖွဲ့ ဆိုတဲ့တရားတော် လက်နက်ပိုင်ရှင်နို့ထမ်းဘုရင် ဆိုတဲ့တရားတော်
အမြတ်ဆုံးရတနာ ဆိုတဲ့တရားတော်  
ဗောဇ္ဈင် ၇-ပါး ရန်ငြိုးဖြေရာ သီလဝိသုဒ ဒု - သ - န - သော…
တရားနှင့်အညီ နေထိုင်ခြင်း… ကုသိုလ်နဲ့ အကုသိုလ်… ကထိန်အကြောင်း ပဋ္ဌာန်းအကြောင်း
သောတာပန် ပြဿနာ ရှင်းတမ်း နိဗ္ဗာန်ဆိုတာ ငါအိုသွာသောအခါ ဗုဒ္ဓတရားတော်နှင့် နိုင်ငံရေး
တောထွက်ရဟန်း… ဘုရားအနေကဇာ တင်တယ သူသေကောင်နဲ့ သရဏဂုံ ကပ်ပြီးရင် မကိုင်နဲ့
ဝိကာလနဲ့ အချိန်သတ်မှတ်ချက သံသရာအပြီးတိုင် ဘုရား အဘိဓမ္မာ အခါတော်နေ့
သီတင်းကျွတ်လပြည့်နေ စိတ်သန့်ရှင်းရေး အဝေးအနီး အရေးမကြီး အံ့သြဖွယ် သဒ္ဓါတရား
Steven Kaboggoza မှ အရှင်ဗုဒ္ဓရက္ခိတ ဖြစ်လာသူ ကုသိုလ်ကောင်းမှုနဲ့ ရက်ကောင်းရက်မြတ
ရဟန်းတော်များ ဆွမ်းခံရခြင်း၏ အကြောင်းအရင်း circle link

 

သီတဂူဆရာတော်ကြီး သဇင်ရေကျော်ဆရာတော်အရှင်ဥာဏောဘာသ
သီတဂူဆရာတော်ကြီး
“ငါတို့ကို တိုင်းပြည်နှင့် သာသနာက လေးစားတယ် ဆိုတာ အများအကျိုး ပြုလုပ်ငန်းတွေ ကြောင့်ပဲ၊ ငါကတော့ သာသနာ့ ကျေးကျွန် အဖြစ်ခံယူပါရ စေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့် တွေ ကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာ အတွက် အနစ်နာခံ တဲ့စိတ် စွန့်လွှတ် တဲ့စိတ် နှင့် အလုပ်လုပ် စေချင် တယ်” အခွေ(၂) ၀ိပဿနာ မြတ်တရားများ
၁။ ပင့်ကူနေနည်းပမာမှီး
၂။ ဇာနတော+ပသတော
၃။ ကာယမိမံတရားထိုင်ပုံထိုင်နည်း
၎။ နှလုံးသွင်းမှန်ရန်
  ၅။ ခန္ဓာ နှစ်မျိုးရှင်း
တိပိဋက-ယောဆရာတော် ၆။ သင်္ခါရလောက
တိပိဋက-ယောဆရာတော် ၇။ သတိပဋ္ဌာန်မှဘာဝနာကူးပါ
၈။ ဝိဝေကသုံးပါး တဏှာနှင့်ရန်ဖြစ်ရဲမှ
၉။ ဒုက္ခ သုံးမျိုး
၁၀။ ဓါတ် ၆ ပါးကမ္မဋ္ဌာန်း
၁၁။ သုညတ သဘာဝမြင်မှ
၁၂။ အရှင်ဝက္ကလိရဟန်းအား
၁၃။ ဝိသုဒ္ဒိ (၇)ပါး အလုပ်စဉ်တရား
၁၄။ ဝိဖ္ဖာနှင့်စရဏ (၂)ပါးပြည့်စုံမှ
၁၅။ ဝေဒနာအတု အစစ်ခွဲ
၁၆။ ဝေဒနာကို (၇) ချက်ဖြင့်မြင်အောင်ရှု
သူတော်ကောင်းအဓိပ္ပါယ် ၁၇။ မဂ် (၂)မျိုးခွဲ
သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်က ကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်း ဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်း ကောင်း ကိုယ်ကကောင်းရမယ်၊ ဒါမှ သူတော်ကောင်း အစစ် ဖြစ်နိုင်မယ်။ ၁၈။ အရှုံးထဲမှအမြတ်ရ
၁၉။ နိဝရဏပယ်နည်းနှင့် ဝိဝေက(၃)ပါး
၂၀။ အဖုံးနှစ်ချပ်လှန် နိဗ္ဗာန်မြင်
 
http://upload.wikimedia.org/wikipedia/commons/thumb/7/77/Flag_of_Buddhism.svg/125px-Flag_of_Buddhism.svg.png
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊ နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတမှာ အရိယာ၏ ဖော်ညွှန်း ဂုဏ်ရည် စာသွန်းစီသည် လ၀န်းရောင်ြခည် ဓမ္မစေတီ။
မေတ္တာသုတ်
 
နိုင်ငံတကာစံတော်ချိန် ကြည့်ရန်

ရွှေတိဂုံစေတီတော်မြတ်ကြီး
သီလက နောက်တန်းမှာ အင်အားမွေးစေ၊ သမာဓိက အမာခံနယ်မြေကို တည်ဆောက် စေ၊ ပညာက ကိလေသာဗိုလ်ချုပ်(၁၀)ဦးကို ထိုးစစ်ဆင်တိုက်စေပေါ့။ မဂ္ဂင်(၈)ပါးမှာ သီလမဂ္ဂင်က သုံးပါး (သမ္မာဝါစာ၊ သမ္မာ ကမ္မန္တ၊ သမ္မာအာဇီဝ)၊ သမာဓိမဂ္ဂင်က သုံးပါး (သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ)၊ ပညာမဂ္ဂင်က နှစ်ပါး (သမ္မာဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ)ပေါ့။ မဂ္ဂင်ကူးတို့ဖြင့် နိဗ္ဗာန်ကူးကြစို့။
 
The 5th Tipitaka Chanting Ceremony, Bodhgaya
 
ပန်းအိဖြူ-ဗောဓိပင်နှင့်ရွှေပလ္လင်
 
ထူးအိမ်သင် - မဟာဝီရ အို..ဗုဒ္ဓ
 
shwedagon pagoda
 
မြဝတီရုပ်မြင်သံကြား မှ ကူညီပြုပြင် ပေးခဲ့သော
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဈာပန မှတ်တမ်း
မိုးကုတ်ဆရာတော်ဘုရာကြီး၏ ဈာပနမှတ်တမ်း
 
ဗုဒွ့မြတ်စွာဘုရားရဲ့ ဘ၀ဖြစ်စဉ်တဲ့
 

အရှင်အာဒိစ္စရံသီ (ဦးဆန်းလွင်)၏ တစ်ဘ၀စာ အပ္ပါယ်တံခါးပိတ် ၇ရက်တရားတော်များ

001-AshinArdeiksayanthi

002-AshinArdeiksayanthi

003-AshinArdeiksayanthi

004-AshinArdeiksayanthi

005-AshinArdeiksayanthi

006-AshinArdeiksayanthi

007-AshinArdeiksayanthi

BBF' Download Files
အဖွဲ့ဝင်သစ် လျှောက်လွာပုံစံ
အဖွဲ့ဝင်များလက်ခံရခြင်းရည်ရွယ်ချက်
အဖွဲ့၏ ၆ လတာ ကာလအတွင်း ဖော်ဆောင်မည့် ရှေ့လုပ်ဝန်းစဉ်များ
BBF သို့ အလှူငွေများ လှူဒါန်းနိုင်သည်၊၊
Burmese Buddhist Föreningen
Clearing no: 8103-4
Account no: 904 674 260-8
IBAN: SE96 8000 0810 3490 4674 2608
Swift Code: SWEDSESS
free counters

Total Visitor since 2008
 

 

ရုပ်ရှင်/ သီချင်းများ
Myanmar World
Shwe Dream
Than Zin Hine
Shwe Classic
Minthihla
Movie-on-demand
Burmese Classic
I-Film Fest
Shwe O
ခရမ်းပြာအိမ်မက်
freemyanmarvcd
မြန်မာ magazine
Popular Myanmar
Planet
People Magazine
Myanmar Time
Innwa
Market Journal
Shwe Amyu Tay
Thuriya
Weekly Eleven
ShweO
သတင်း မီဒီယာများ
ဒီမိုကရက်တစ်မြန်မာ့အသံ
လွတ်လပ်တဲ့အာရှအသံ
ဗွီအိုအေ
ခေတ်ပြိုင် ဂျာနယ်
Mizzima မြန်မာသတင်းဌာန
ပေါပြူလာမြန်မာသတင်းများ
ဘီဘီစီ (မြန်မာ)
ယနေ့မြန်မာ-burmatoday
လူထုအသံ online journal
ဧရာဝတီ Irrawaddy
မြန်မာဘလော့ဂ်များ
ငယ်နိုင်Nge Naing
မိုးမခ Moemaka
ဝိမုတ္တိသုခ Vimuttisukha
အန်ဒါမန်ဟီးရိုး
မြန်မာစကားဝိုင်း
မြန်မာဟီးရိုး
Lanka-MSMA
တောင်ငူသား Taungoo
အာဇာနည် Arzarni
ထွန်းလှိုင် Htun Hlaing
ဆရာတော်ပေါင်းစုံတို့ရဲ့ တရားတော်များ

ပြီးပြည်စုံသော သာသနာ တရားတောအပိုင်း-၁

အပိုင်း-၂
ထေရ၀ါဒ အနှစ်သာရများ တရားတော် အပိုင်း-၁
အပိုင်း -၂
ဓမ္မဒါန အလှူရှင် (မောင်လင်းနိုင်ဦး နှင့် မ၀င်းဝင်းဌေး) ဘန်ကောက်မြို့

ဆရာတော် ဦးသုမင်္ဂလာ ရဲ့ တရားတော်များ

ရွှေပြည်အေးတရားတော်
တာဝန်သိ တရားတော်
Sweden- Karen Dictionary

မြန်မာအဘိဓာန်များ

SFI-Länkar-Sajter

ကိုစိုးမင်းရဲ့မြန်မာသုံးအဘိဓာန်

မြန်မာစာလုံးလှလှလေး လိုချင်ရင်

မြန်မာ-အင်္ဂလိပ

Online Dictionary

Myanmar-English Dictionary

Språkrådet

မြန်မာဝတ္ထုပေါင်းစုံ ဖတ်လိုသူများသို့

Photobucket

Organization name & register number   Burmese Buddhist Föreningen
Organization Number: 802441-5765
BBF Address   Rönningsgatan 23A, 81334 Hofors
BBF Bank account number   Swedbank
Konto number :904 674 260-8
Clearing number:8103-4
BBF International Bank account   IBAN: SE96 8000 0810 3490 4674 2608
BIC: SWEDSESS

About Us|committee | Contact Us | BBF Member Aim| BBF Member Form | BBF' working Plan |Donate to BBF| Donation List | Activities ©2010 BBFSE.ORG WEBDESIGN JZ


free counter