" ဆွီဒင်နိုင်ငံ အတွင်း မြန်မာဘုန်းကြီးကျောင်း တည်ဆောက်ရန် အတွက် မြန်မာနိုင်ငံသားများဆိုင်ရာ ဗုဒွ့ဘာသာအဖွဲ့(ဆွီဒင်နိုင်ငံ) သို့ အလှူငွေများ ထည့်သွင်းလှူဒါန်းနိုင်ပါကြောင်း"
အဖွဲ့အစည်းအကြောင်း | ဓမ္မရသများ| အလှူရှင်းများစာရင်း | လှုပ်ရှားမှုများ | အစည်းအဝေးမှတ်တမ်း | ဆက်သွယ်ရန်
Mahasi| Mogok| eDhamma| Kyar Ni kan | Dhammaweb | Shwe parami | BBA| Burmese monks | QBBA | Tricycle | Penang sayardaw | Sharingtofrds

 

 

အမျိုးသမီးများနှင့် ဗုဒ္ဓဘာသာ  

 

တရားပွဲအတော်များများမှာ တရားပွဲပြီးလို့ မေးခွန်းတွေ မေးပါလို့ ဆိုလိုက်တဲ့အခါ မေးတတ်တဲ့ မေးခွန်းတစ်ခုက ``တစ်ချို့ဗုဒ္ဓစာပေတွေကို ဖတ်ရတဲ့အခါ အမျိုးသမီးများနဲ့ ပတ် သက်ပြီး မကောင်းကြောင်း ဟောထားတာတွေ၊ တန်းတူအခွင့် အရေး မရှိတာတွေကို သိရတော့ စိတ်ထဲမှာ ခံစားရတယ်၊ ဘာ ကြောင့်လဲ..`` ဆိုတဲ့ မေးခွန်းလေးတစ်ခုပါ။ ဟိုတစ်လောကလည်း ကလေးမလေးတွေက
''ဘယ်နေရာရောက်ရောက် အမျိုးသမီးတွေဟာ အမြဲနိမ့်ကျပြီး ခွဲခြားခံရတယ်၊ မြန်မာပြည်မှာဆို ပိုလို့တောင် ဆိုးသေးတယ်၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ နေရာတွေ ဆိုရင် အမျိုးသမီးများ မသွားရ၊ မတက်ရ ဆိုတဲ့ နေရာတွေ အများကြီးရှိတယ် စသဖြင့် ပြောပြီး အဲဒါဟာ ဘာကြောင့်လဲ…''တဲ့။

မှန်ပါတယ်။ ဒီလိုပြဿနာမျိုးက နေရာတိုင်း၊ နိုင်ငံတိုင်းမှာ ကြုံ တွေ့ရမယ့် ပြဿနာပါ။ အမျိုးသမီးများ ဘက်ကကြည့်ရင် သူတို့ ကို ခွဲခြားဆက်ဆံတယ်၊ နှိမ့်ချ ဆက်ဆံတယ် ဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။ ဒီလိုဝင်မိတာလည်း အပြစ်လို့ ပြောလို့မရပါဘူး။ တစ်ချို့ကလည်း ဒါဟာ ဘာသာတရားကြောင့် ဘာသာတရား မှာ ဟောကြားထားတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေကြောင့် ဒီလို ခွဲခြားခံရတာလို့ တွေးကြပါတယ်။ အထူးသဖြင့်
ဗုဒ္ဓစာပေတွေမှာ ဖော်ပြတဲ့ အမျိုးသမီးများ မကောင်းကြောင်း
ဇာတ်တော်နိပါတ်တော် စတာတွေကြောင့် အမျိုးသမီးများအပေါ် မကောင်းမြင်တဲ့သဘော၊ အမျိုးသမီးများကို ယုတ်နိမ့်တဲ့ သဘော စသည်ဖြင့် မြင်နေကြတာ ဖြစ်ကြောင်း မခံမရပ်နိုင် ပြောဆို လာကြ ပါတယ်။ လူလူချင်းအတူတူ ခွဲခြားဆက်ဆံခံရတဲ့ အတွက်
စိတ်ထဲမှာ မခံချိမခံသာ ဖြစ်မိတယ်လို့လည်း တစ်ချို့က ရင်ဖွင့် လာကြပါတယ်။

တကယ်တော့ ဒီလိုဖြစ်လာတာ ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်ဘူးလို့ မြင်မိပါတယ်။ ယောက်ျား၊ မိန်းမဆိုတဲ့ သဘာဝနိယာမ သဘော က ခွဲခြားပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။
အမျိုးသားများအဖြစ်၊ အမျိုးသမီးများ အဖြစ် ကွဲပြားလာစေတဲ့ ကိုယ်အင်္ဂါ အစိပ်အပိုင်းများကြောင့်ပဲ နေရာတကာမှာ ရင်ဘောင် တန်းလို့ မရတဲ့ အနေအထားတွေ ဖြစ်နေတာပါ။ ဒီသဘာဝ နိယာမ တွေကြောင့်ပဲ အမျိုးသမီးများမှာ အမျိုးသားများလို
လွတ်လပ်မှုမရှိတာ၊ အမျိုးသားများထက် ပိုတဲ့ခန္ဓာဝန် ဒုက္ခတွေ ရှိလာတာ ဖြစ်ပါတယ်။ သေချာတာကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဒုက္ခတွေ ပိုများတယ်ဆိုတာ သေချာပါတယ်။ ထင်ရှားအောင် ပြရရင် ကိုယ်ဝန်ဆောင်ရတဲ့ ဒုက္ခ၊ လစဉ်ဓမ္မတာ ဆင်းရတဲ့ဒုက္ခ၊ သားသမီးမွေးဖွားရတဲ့ ဒုက္ခ စတာတွေဟာ အမျိုး သားများထက် ပိုတဲ့ အမျိုးသမီးများမှာသာ ရှိနေတဲ့ ဒုက္ခတွေပါ။
ဗုဒ္ဓဘာသာလာ ကမ္မနိယာမ သဘောတရားအရ ကြည့်ရင် အတိတ် ကပြုခဲ့တဲ့ ကမ္မသတ္တိကံစွမ်းတွေအရ ဒီလို ဒုက္ခပိုများတဲ့ လူသားအဖြစ် မွေးဖွားလာရခြင်း ဖြစ်ပါတယ်။ ဒုက္ခပိုများတာဟာ မကောင်းတဲ့ အကျိုးတွေ ပိုများလို့ပါ။
မကောင်းတဲ့ အကျိုးပိုများတာဟာ မကောင်းတဲ့ အကြောင်းတွေ
ရှိခဲ့လို့ ဖြစ်ပါတယ်။ အတိတ်အတိတ် ဘ၀တွေက လုပ်ခဲ့တဲ့ မကောင်းတဲ့ ကံတွေ၊ စွဲလမ်းတပ်မက်တတ်တဲ့ တဏှာတွေ၊ မသိမှု အ၀ိဇ္ဇာတွေကြောင့် ရရှိလာတဲ့ အကျိုးဆက်တွေလို့ ပြောနိုင်ပါ တယ်။ အမရပူရ ဆရာတော်ကြီးကတော့ အမျိုးသမီး အဖြစ် မွေးဖွားလာရတာ အတိတ်ဘ၀ တစ်ခုခုက ကျူးလွန်ခဲ့တဲ့ ကာမေသု မိစ္ဆာစာရ ကံကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါက အတိတ်ကို ပြောပြတာပါ။ ဒီသဘောအရ ကြည့်ရင် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားမှုဟာ ကံအကျိုးပေး ကွာခြားမှုကြောင့်လို့လည်း ပြောလို့ရပါတယ်။ တစ်ချို့လည်း
အမျိုးသမီးဘ၀ကိုပဲ တပ်မက်တတ်တဲ့ တဏှာကြောင့် အမျိုးသမီး အဖြစ် ပြန်မွေးနေကြတာတွေ ရှိပါတယ်။ ထားပါတော့။ ဒါက အမျိုးသမီးအဖြစ်ကို ရလာတတ်တဲ့ အကြောင်းလေးကို ပြောပြ တာပါ။

ဒါပေမယ့် ဒီလို မိန်းမယောက်ျား အဖြစ်ကွဲပြားနေပေမယ့် တူညီ တဲ့ တန်ဖိုး မဖြစ်နိုင်တဲ့ ကောင်းကျိုးကတော့ ရခဲတဲ့ လူ့ဘ၀ကို ရလာခြင်း ဆိုတဲ့ အချက်ပါ။ ရခဲတဲ့ လူဆိုတဲ့ ဒုလ္လဘတရားမှာ အမျိုးသား၊ အမျိုးသမီးလို့ ခွဲခြားမှုမရှိပါဘူး။ ဗုဒ္ဓဘုရားရှင် ကိုယ်တော် တိုင်လည်း အမျိုးသား၊ အမျိုးသမီး ခွဲခြားမှု မရှိသလို အမျိုးသမီးများကို နှိမ့်ချဆက်ဆံတဲ့သဘော၊ ခွဲခြားဆက်ဆံတဲ့ သဘော၊ ယုတ်ညံ့တဲ့ လူသားအဖြစ် ထုတ်ဖော်ဟောကြားတဲ့ သဘောများ မရှိခဲ့ပါဘူး။ အမျိုးသမီးများကိုလည်း လူသားများ အဖြစ် လူ့တန်ဖိုး၊ လူ့သိက္ခာ၊ လူ့အသိဉာဏ်ရှိတဲ့ သူများအဖြစ် ချီးမြှောက်ပါတယ်။
တရားဟောတဲ့အခါမှာလည်း အမျိုးသားများဖြစ်လို့ ဟောတယ်။ အမျိုးသမီးများ ဖြစ်လို့ မဟောဘူး စတာတွေ မရှိပါဘူး။ အမျိုးသားများ သောတာပန် ဖြစ်နိုင်သလို အမျိုးသမီးများလည်း သောတာပန် ဖြစ်နိုင်ကြပါတယ်။ အမျိုးသားများ အာသဝေါ ကုန် ခမ်း ရဟန္တာဖြစ်နိုင်သလို အမျိုးသမီးများလည်း ရဟန္တာ ဖြစ်နိုင် ပါတယ်။ အမျိုးသားများ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သလို အမျိုး သမီးများလည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။ နောက်ဆုံး
အမျိုးသမီးများ သာသနာ့ဘောင်ဝင်လာရင် ပြဿနာ အမျိုးမျိုး ရှိလာနိုင်တာ၊ အမျိုးသမီးရဟန်းမများရဲ့ သာသနာဟာ ကြာကြာ မတည်နိုင်တာကို သိရှိပေမယ့် အမျိုးသမီးများကို အခွင့်အရေး ပေးလိုတဲ့ အတွက် ဘိက္ခုနီသံဃာ့ အဖွဲ့အစည်းကို ခွင့်ပြုပြီး ဘိက္ခုသံဃာ အဖွဲ့အစည်းအတိုင်း သာသနာတော်မှာ အသိ အမှတ် ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ဘုရားရှင်အနေနဲ့ တစ်နည်း အားဖြင့် ဗုဒ္ဓဘာသာအနေနဲ့ အမျိုးသမီးများအပေါ် နိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အခွင့်အရေး မပေးခြင်းများ မရှိခဲ့ပါဘူး။

ဟိုဟိုဒီဒီ ပြောစရာမလိုဘဲ ဗုဒ္ဓဘာသာရဲ့ အဓိက အရေးကြီးဆုံး ဖြစ်တဲ့ လွတ်မြောက်ရေးဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရတဲ့ နေ ရာမျိုးနဲ့ ချိန်ထိုးကြည့်ရင် သိနိုင်ပါတယ်။ အမျိုးသမီးများ ဖြစ်နေ လို့ တရားမရဘူး ဆိုတာမရှိခဲ့ပါဘူး။ ဒီအချက် တစ်ချက်တည်းကို ကြည့်လိုက်ရင်ပဲ ဗုဒ္ဓဘာသာရဲ့ ဒီမိုကရေစီ ကျမှု၊ တန်းတူအခွင့် အရေးရှိမှု၊ တစ်ပြေးညီတည်း ဆက်ဆံမှုကို သိနိုင်ပါတယ်။ သဘာဝက ပေးလိုက်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှု အနေအထားအရ
အမျိုးသမီးများကို အားနည်းတဲ့ သူများအဖြစ်သာ သဘောထားပါ တယ်။ ယုတ်ညံ့တဲ့ သူများအဖြစ် မသတ်မှတ်ပါဘူး။ ဗုဒ္ဓကိုယ်တော် တိုင်လည်း အမျိုးသား အမျိုးသမီး ကွဲပြားတဲ့အတွက် အရိယာ သူ တော်စင် မဖြစ်ရဘူးလို့ မသတ်မှတ်ပါဘူး။
အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ပါရမီအဟုန်ရှိပြီး အကျင့် သိက္ခာ ပြည့်စုံစွာနဲ့ ကြိုးစား အားထုတ်ပါက တရား ရနိုင်တယ် ဆိုတာ သက်သေပြခဲ့ပါတယ်။ အမျိုးသမီး ရဟန်းမများကိုလည်း အမျိုးသား ရဟန်းတော်များ နည်းတူ ဧတဒဂ် ရာထူးများနဲ့ ချီး မြှင့်ပေးခဲ့ပါတယ်။

သို့သော် ဗုဒ္ဓဘာသာမှာ အဆင့်မြင့်မှု မမြင့်မှု ခွဲခြားမှုတော့ ရှိပါ တယ်။ ဒါကလည်း ယောက်ျား မိန်းမဆိုတဲ့ သဘာဝနိယာမ ကွဲပြားမှု၊ ပညာတတ်မှု မတတ်မှု စတာတွေကို လိုက်ပြီး ခွဲခြားတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကိုယ်ကျင့်သီလ မြင့်မှု၊ မမြင့်မှုကို ကြည့်ပြီး တစ်လင် တစ်မယား ထဲမှာပဲ အမျိုးသမီးက အမျိုးသားထက် အကျင့်သိက္ခာ မြင့်မြတ်ရင် အမျိုးသားထက်သာသူအဖြစ် ချီးကျူး တော်မူပါတယ်။ အမျိုးသားဖြစ်ပေမယ့် အကျင့်သိက္ခာ မကောင်း ရင် ဘယ်မျက်နှာမှ မထောက်ဘဲ ကဲ့ရဲ့တော်မူပါတယ်။ ဘုရားရှင်ရဲ့ ကဲ့ရဲ့တော်မူတဲ့အခါ သုံးတဲ့စကားက ``မောဃပုရိသ- မဂ်ဖိုလ်မပြီး အချည်းနှီးသော ယောက်ျား`` ဆိုတဲ့စကားပါ။ ပြီးတော့ တစ်အိမ်ထောင်တည်း ဖြစ်ပေမယ့် လင် ယောက်ျားက သီလလုံခြုံပြီး မယားက သီလမလုံခြုံရင် နတ်သား လင်နှင့် သေသူမယားတို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း၊ မယား က သီလလုံခြုံပြီး ယောက်ျားက သီလမလုံခြုံရင် နတ်သမီးမယား နှင့် သေသူလင်တို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း စသည်ဖြင့် မိန်းမယောက်ျား မခွဲခြားဘဲ အကျင့်သီလကိုသာ အဓိကထားကာ အဆင့်အနိမ့်အမြင့် သတ်မှတ်ပေးပါတယ်။ သား ၇ယောက် မွေး တဲ့မိခင်ဟာ ရဟန်းတွေနဲ့ ဆွမ်းတ၀ိုင်းတည်း ဖုန်းနိုင်ပါတယ်။ ဒါတွေကို ကြည့်ရင် ဗုဒ္ဓဘာသာဟာ လူတန်းစား ခွဲခြားတတ်တဲ့၊ အမျိုးသမီးများကို နှိမ်ချတတ်တဲ့ ဘာသာမဟုတ်ဘူး ဆိုတာ နား လည်သဘောပေါက် နိုင်ပါတယ်။

အချုပ်အားဖြင့် ပြောချင်တာက ကံအကျိုးပေးကြောင့် ယောက်ျား အဖြစ်၊ မိန်းမအဖြစ် မွေးဖွားလာခဲ့ရပြီး ရရှိလာတဲ့ အခွင့်အရေး များဟာလည်း အနည်းငယ်ကွဲပြားနေတာ၊ ဒုက္ခတွေ ပိုနေတာ၊ နည်းနေတာ ရှိတတ်ပေမယ့် စစ်မှန်တဲ့ သဘောသဘာဝ အနေ ဖြင့်ကတော့ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ နိဗ္ဗာန်မရသေး သမျှတော့ ခန္ဓာကိုယ်ရလာတဲ့သူ မှန်သမျှ ဒုက္ခတွေကတော့ ရှိနေ ကြမှာ ဖြစ်တယ်ဆိုတာပါ။ အမျိုးသားဘ၀ဟာ ဘုရားဖြစ်နိုင်၊ စကြာဝတေးမင်းတွေ ဖြစ်နိုင်တဲ့အတွက် မြင့်မြတ်တယ်လို့ ဆိုနိုင် ပေမယ့် ဒုက္ခအပေါင်းမှ ငြိမ်းရာနိဗ္ဗာန်ကို ၀င်ကြတဲ့အခါမှာတော့ အမျိုးသမီးများလည်း အမျိုးသားများ တန်းတူရနိုင်၊ ရောက်နိုင် တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။
ကံအကျိုးပေးအရ အမျိုးသမီးများ အဖြစ်ဘ၀ကို ရရှိလာမှုနှင့် အတူ အမျိုးသမီးများ၏ ဒုက္ခများလည်း ခံစားလာရမှုတွေ ရှိနေ ကြတဲ့အတွက် အမျိုးသမီးများကို အားနည်းသူများအဖြစ် မြင်နိုင် ကြပေမယ့် ယုတ်နိမ့်တဲ့သူများ၊ အဆင့်နိမ့်တဲ့သူများကတော့ မဟုတ်ကြဘူး ဆိုတာပါ။
ဒါပေမယ့် အကျင့်သိက္ခာတွေ ပျက်ပြားနေမယ်၊ အကုသိုလ်တွေ များနေမယ် ဆိုရင်တော့ ဒီလိုသူမျိုးကို နိမ့်ကျတဲ့ သူများလို့ ပြော နိုင်ပါတယ်။ ဒီနိမ့်ကျမှုကတော့ အမျိုးသမီးဖြစ်ရလို့ မဟုတ်ပါဘူး။ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် ကိုယ်ကျင့်ပျက်ရင် တော့ အကုန်နိမ့်ကျသူတွေ ဖြစ်နေမှာပါ။
အဲလိုမျိုးသူတွေ ဆိုရင်တော့ ဘယ်နေရာသွားသွား ခွဲခြားဆက်ဆံ ခံနေကြရမှာပါ။

ဒါကြောင့် ကံပေးမှုနဲ့ သဘာဝတရားအရ ရလာတဲ့ အမျိုးသမီးများ ဟာ အမျိုးသားများတန်းတူ အရာရာ ရင်ဘောင်မတန်းနိုင်ကြ ပေမယ့် အကျင့်သီလကောင်းပြီး ကိလေသာကုန်ရာ လမ်းစဉ်ကို လိုက်နာ ကျင့်သုံးနေမယ် ဆိုရင် နိဗ္ဗာန်ဆိုတဲ့ အခွင့်အရေး တံခါး က အမြဲဖွင့်လစ်ထားနေမှာ ဖြစ်တဲ့အတွက် ဟိုတွေးဒီတွေးကလေး အတွေးတွေ မတွေးကြဘဲ အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားများ ထက်သာအောင်၊ အမျိုးသားများထက် အဆင့်မြင့်အောင် ကိုယ့်ရဲ့
သီလ၊သမာဓိ၊ပညာ သိက္ခာတရားများ မြင့်မားအောင်သာ ကြိုးစားသင့်ပါကြောင်း…

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)

 

 

 
 
ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှု… သူတစ်ပါးကို သူများခိုင်း၍သတ်သည်ရှိသော
ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး… ဘ၀ဆက်တိုင်း သရဏဂုံတည်အောင် ဘယ်လို ပါရမီတွေ ဖြည့်ကျင့်သင့်သလဲ
ကောင်းကျိုးမကောင်းကျိုး စိတ်စေတနာနှင့်ပတ်သတ်၍
အမျိုးသမီးများနှင့် ဗုဒ္ဓဘာသာ တရားရနိုင်သော နည်းလမ်းများ
ကံအကြောင်းနဲ့ပတ်သတ်၍ အမေးအဖြေ ဘုရားရှင်တို့၏ အဆုံးအမ အနှစ်ချုပ်
အလှူ့ရှင်ဂုဏ်ရည် စိတ်သန့်ရှင်းရေး

ကံအကျိုးပေး ကွာခြားပုံ စိတ်အားဖြည့် စကားစုလေးများ (၁၀)…
 
ရခိုင်ရိုးရာ လောင်းလှေပြိုင်ပွဲ ကရင်ရိုးရာ ဒုံးယိမ်းအက
မွန်ရိုးရာ အက ကချင်ရိုးရာ အက
ကြာနီကန်ဆရာတော်၏တရားများ
သေချိန်တန်ကသေကြရ ဆိုတဲ့တရားတော် လူလားခွေးလား ဆိုတဲ့တရားတော်
သားသမီးယုံ စုံလုံးကန်း ဆိုတဲ့တရားတော် ကျေးဇူးရှိမှကျေးစွပ်ရ ဆိုတဲ့တရားတော်
မချစ်တာနဲ့ရန်ငြှိုးဖွဲ့ ဆိုတဲ့တရားတော် လက်နက်ပိုင်ရှင်နို့ထမ်းဘုရင် ဆိုတဲ့တရားတော်
အမြတ်ဆုံးရတနာ ဆိုတဲ့တရားတော်  
ဗောဇ္ဈင် ၇-ပါး ရန်ငြိုးဖြေရာ သီလဝိသုဒ ဒု - သ - န - သော…
တရားနှင့်အညီ နေထိုင်ခြင်း… ကုသိုလ်နဲ့ အကုသိုလ်… ကထိန်အကြောင်း ပဋ္ဌာန်းအကြောင်း
သောတာပန် ပြဿနာ ရှင်းတမ်း နိဗ္ဗာန်ဆိုတာ ငါအိုသွာသောအခါ ဗုဒ္ဓတရားတော်နှင့် နိုင်ငံရေး
တောထွက်ရဟန်း… ဘုရားအနေကဇာ တင်တယ သူသေကောင်နဲ့ သရဏဂုံ ကပ်ပြီးရင် မကိုင်နဲ့
ဝိကာလနဲ့ အချိန်သတ်မှတ်ချက သံသရာအပြီးတိုင် ဘုရား အဘိဓမ္မာ အခါတော်နေ့
သီတင်းကျွတ်လပြည့်နေ စိတ်သန့်ရှင်းရေး အဝေးအနီး အရေးမကြီး အံ့သြဖွယ် သဒ္ဓါတရား
Steven Kaboggoza မှ အရှင်ဗုဒ္ဓရက္ခိတ ဖြစ်လာသူ ကုသိုလ်ကောင်းမှုနဲ့ ရက်ကောင်းရက်မြတ
ရဟန်းတော်များ ဆွမ်းခံရခြင်း၏ အကြောင်းအရင်း circle link

 

သီတဂူဆရာတော်ကြီး သဇင်ရေကျော်ဆရာတော်အရှင်ဥာဏောဘာသ
သီတဂူဆရာတော်ကြီး
“ငါတို့ကို တိုင်းပြည်နှင့် သာသနာက လေးစားတယ် ဆိုတာ အများအကျိုး ပြုလုပ်ငန်းတွေ ကြောင့်ပဲ၊ ငါကတော့ သာသနာ့ ကျေးကျွန် အဖြစ်ခံယူပါရ စေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့် တွေ ကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာ အတွက် အနစ်နာခံ တဲ့စိတ် စွန့်လွှတ် တဲ့စိတ် နှင့် အလုပ်လုပ် စေချင် တယ်” အခွေ(၂) ၀ိပဿနာ မြတ်တရားများ
၁။ ပင့်ကူနေနည်းပမာမှီး
၂။ ဇာနတော+ပသတော
၃။ ကာယမိမံတရားထိုင်ပုံထိုင်နည်း
၎။ နှလုံးသွင်းမှန်ရန်
  ၅။ ခန္ဓာ နှစ်မျိုးရှင်း
တိပိဋက-ယောဆရာတော် ၆။ သင်္ခါရလောက
တိပိဋက-ယောဆရာတော် ၇။ သတိပဋ္ဌာန်မှဘာဝနာကူးပါ
၈။ ဝိဝေကသုံးပါး တဏှာနှင့်ရန်ဖြစ်ရဲမှ
၉။ ဒုက္ခ သုံးမျိုး
၁၀။ ဓါတ် ၆ ပါးကမ္မဋ္ဌာန်း
၁၁။ သုညတ သဘာဝမြင်မှ
၁၂။ အရှင်ဝက္ကလိရဟန်းအား
၁၃။ ဝိသုဒ္ဒိ (၇)ပါး အလုပ်စဉ်တရား
၁၄။ ဝိဖ္ဖာနှင့်စရဏ (၂)ပါးပြည့်စုံမှ
၁၅။ ဝေဒနာအတု အစစ်ခွဲ
၁၆။ ဝေဒနာကို (၇) ချက်ဖြင့်မြင်အောင်ရှု
သူတော်ကောင်းအဓိပ္ပါယ် ၁၇။ မဂ် (၂)မျိုးခွဲ
သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်က ကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်း ဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်း ကောင်း ကိုယ်ကကောင်းရမယ်၊ ဒါမှ သူတော်ကောင်း အစစ် ဖြစ်နိုင်မယ်။ ၁၈။ အရှုံးထဲမှအမြတ်ရ
၁၉။ နိဝရဏပယ်နည်းနှင့် ဝိဝေက(၃)ပါး
၂၀။ အဖုံးနှစ်ချပ်လှန် နိဗ္ဗာန်မြင်
 
http://upload.wikimedia.org/wikipedia/commons/thumb/7/77/Flag_of_Buddhism.svg/125px-Flag_of_Buddhism.svg.png
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊ နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတမှာ အရိယာ၏ ဖော်ညွှန်း ဂုဏ်ရည် စာသွန်းစီသည် လ၀န်းရောင်ြခည် ဓမ္မစေတီ။
မေတ္တာသုတ်
 
နိုင်ငံတကာစံတော်ချိန် ကြည့်ရန်

ရွှေတိဂုံစေတီတော်မြတ်ကြီး
သီလက နောက်တန်းမှာ အင်အားမွေးစေ၊ သမာဓိက အမာခံနယ်မြေကို တည်ဆောက် စေ၊ ပညာက ကိလေသာဗိုလ်ချုပ်(၁၀)ဦးကို ထိုးစစ်ဆင်တိုက်စေပေါ့။ မဂ္ဂင်(၈)ပါးမှာ သီလမဂ္ဂင်က သုံးပါး (သမ္မာဝါစာ၊ သမ္မာ ကမ္မန္တ၊ သမ္မာအာဇီဝ)၊ သမာဓိမဂ္ဂင်က သုံးပါး (သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ)၊ ပညာမဂ္ဂင်က နှစ်ပါး (သမ္မာဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ)ပေါ့။ မဂ္ဂင်ကူးတို့ဖြင့် နိဗ္ဗာန်ကူးကြစို့။
 
The 5th Tipitaka Chanting Ceremony, Bodhgaya
 
ပန်းအိဖြူ-ဗောဓိပင်နှင့်ရွှေပလ္လင်
 
ထူးအိမ်သင် - မဟာဝီရ အို..ဗုဒ္ဓ
 
shwedagon pagoda
 
မြဝတီရုပ်မြင်သံကြား မှ ကူညီပြုပြင် ပေးခဲ့သော
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဈာပန မှတ်တမ်း
မိုးကုတ်ဆရာတော်ဘုရာကြီး၏ ဈာပနမှတ်တမ်း
 
ဗုဒွ့မြတ်စွာဘုရားရဲ့ ဘ၀ဖြစ်စဉ်တဲ့
 

အရှင်အာဒိစ္စရံသီ (ဦးဆန်းလွင်)၏ တစ်ဘ၀စာ အပ္ပါယ်တံခါးပိတ် ၇ရက်တရားတော်များ

001-AshinArdeiksayanthi

002-AshinArdeiksayanthi

003-AshinArdeiksayanthi

004-AshinArdeiksayanthi

005-AshinArdeiksayanthi

006-AshinArdeiksayanthi

007-AshinArdeiksayanthi

BBF' Download Files
အဖွဲ့ဝင်သစ် လျှောက်လွာပုံစံ
အဖွဲ့ဝင်များလက်ခံရခြင်းရည်ရွယ်ချက်
အဖွဲ့၏ ၆ လတာ ကာလအတွင်း ဖော်ဆောင်မည့် ရှေ့လုပ်ဝန်းစဉ်များ
BBF သို့ အလှူငွေများ လှူဒါန်းနိုင်သည်၊၊
Burmese Buddhist Föreningen
Clearing no: 8103-4
Account no: 904 674 260-8
IBAN: SE96 8000 0810 3490 4674 2608
Swift Code: SWEDSESS
free counters

Total Visitor since 2008
 

 

ရုပ်ရှင်/ သီချင်းများ
Myanmar World
Shwe Dream
Than Zin Hine
Shwe Classic
Minthihla
Movie-on-demand
Burmese Classic
I-Film Fest
Shwe O
ခရမ်းပြာအိမ်မက်
freemyanmarvcd
မြန်မာ magazine
Popular Myanmar
Planet
People Magazine
Myanmar Time
Innwa
Market Journal
Shwe Amyu Tay
Thuriya
Weekly Eleven
ShweO
သတင်း မီဒီယာများ
ဒီမိုကရက်တစ်မြန်မာ့အသံ
လွတ်လပ်တဲ့အာရှအသံ
ဗွီအိုအေ
ခေတ်ပြိုင် ဂျာနယ်
Mizzima မြန်မာသတင်းဌာန
ပေါပြူလာမြန်မာသတင်းများ
ဘီဘီစီ (မြန်မာ)
ယနေ့မြန်မာ-burmatoday
လူထုအသံ online journal
ဧရာဝတီ Irrawaddy
မြန်မာဘလော့ဂ်များ
ငယ်နိုင်Nge Naing
မိုးမခ Moemaka
ဝိမုတ္တိသုခ Vimuttisukha
အန်ဒါမန်ဟီးရိုး
မြန်မာစကားဝိုင်း
မြန်မာဟီးရိုး
Lanka-MSMA
တောင်ငူသား Taungoo
အာဇာနည် Arzarni
ထွန်းလှိုင် Htun Hlaing
ဆရာတော်ပေါင်းစုံတို့ရဲ့ တရားတော်များ

ပြီးပြည်စုံသော သာသနာ တရားတောအပိုင်း-၁

အပိုင်း-၂
ထေရ၀ါဒ အနှစ်သာရများ တရားတော် အပိုင်း-၁
အပိုင်း -၂
ဓမ္မဒါန အလှူရှင် (မောင်လင်းနိုင်ဦး နှင့် မ၀င်းဝင်းဌေး) ဘန်ကောက်မြို့

ဆရာတော် ဦးသုမင်္ဂလာ ရဲ့ တရားတော်များ

ရွှေပြည်အေးတရားတော်
တာဝန်သိ တရားတော်
Sweden- Karen Dictionary

မြန်မာအဘိဓာန်များ

SFI-Länkar-Sajter

ကိုစိုးမင်းရဲ့မြန်မာသုံးအဘိဓာန်

မြန်မာစာလုံးလှလှလေး လိုချင်ရင်

မြန်မာ-အင်္ဂလိပ

Online Dictionary

Myanmar-English Dictionary

Språkrådet

မြန်မာဝတ္ထုပေါင်းစုံ ဖတ်လိုသူများသို့

Photobucket

Organization name & register number   Burmese Buddhist Föreningen
Organization Number: 802441-5765
BBF Address   Rönningsgatan 23A, 81334 Hofors
BBF Bank account number   Swedbank
Konto number :904 674 260-8
Clearing number:8103-4
BBF International Bank account   IBAN: SE96 8000 0810 3490 4674 2608
BIC: SWEDSESS

About Us|committee | Contact Us | BBF Member Aim| BBF Member Form | BBF' working Plan |Donate to BBF| Donation List | Activities ©2010 BBFSE.ORG WEBDESIGN JZ


free counter