![]() |
|---|
အပါယ်ပိတ် တရား
|
||||||||||||||||||||||||||||||||||||||||||||||||||||||
ပညတ် (၆) သာမန်သိ |
ပရမတ် (ပရမတ္တ) ဉာဏ်ဖြင့်သိ |
ပညတ်နယ်မှာ လောကကြီးသုံးပါးဖြစ်သည်။ သတ္တ၊ သြကာသ၊ သင်္ခါရ လောကတွင် သတ္တ၀ါအားလုံး မှီတင်း နေထိုင်ကြသည်။ ပရမတ်နယ်မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တို့ဖြစ်သည်။ စိတ်၊ စေတသိက်၊ ရုပ်သည် အရှုခံဖြစ်ပြီး နိဗ္ဗာန်က မျက်မှောက် ပြုရမည်ဖြစ်သည်။ ပညတ်နယ်နှင့် ပရမတ်နယ်ကို စပ်ပြီး ရှုမှတ်ရပါသည်။ ရှုမှတ်သည့်အခါ စိတ်၊ စေတသိက်၊ ရုပ်တို့အား ခန္ဓာငါးပါးအဖြစ် ခွဲခြားပြလို့ရသည်။ စိတ်သည် သိမှုသဘော၊ စေတသိက်သည် စိတ်ကို မှီတွယ် ခြယ်လှယ်နေသည်။ စိတ်နှင့် စေတသိက်ပေါင်းလျှင် နာမ်၊ ထို့ကြောင့်
အရှုခံက ရုပ်နှင့်နာမ်၊
ရှုမှတ်ရမည့်နည်းမှာ သတိပဌာန်လေးပါး
ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ မည်သည့်လမ်းနှင့် ကျင့်ကျင့် နိဗ္ဗာန်သို့ မျက်မှောက်ပြုပါသည်။ "သဘာဝ" ဆိုသည့် "မူပိုင်" လက္ခဏာမှာ ကွဲပြားသော်လည်း လမ်းဆုံးလျှင် "သာမည" ဆိုသည့် "ပုံမှန်"လက္ခဏာမှာ အတူတူပင်ဖြစ်သည်။ မဂ် ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုသည့်နေရာတွင် အတူတူပင်ဖြစ်သည်။ ရွှေတိဂုံဘုရား ကို မည်သည့်မုခ်က တက်တက် နောက်ဆုံးရင်ပြင်ကို ရောက်သည့်သဘောပင်ဖြစ်သည်။
အရှုခံခန္ဓာငါးပါးတွင်
ရုပ်ခန္ဓာက ရူပက္ခန္ဓာ (ဖောက်ပြန်)
နာမ်ခန္ဓာလေးပါးကတော့
ဝေဒနာက္ခန္ဓာ (ခံစား)
သညာက္ခန္ဓာ (မှတ်သား)
သင်္ခါရက္ခန္ဓာ (ပြုပြင်)
ဝိညာဏက္ခန္ဓာ (သိမှု)
အားလုံးပေါင်းလျှင် "ရုပ်နှင့်နာမ်" နှစ်ပါးဖြစ်သည်။
အရှုခံသည် ခန္ဓာငါးပါး (ရုပ်နှင့်နာမ်)
ရှုဉာဏ်သည် မဂ္ဂင်ငါးပါး (သမာဓိနှင့်ပညာ)
ထိုသို့ ရှုမှတ်သည့်အခါ အရှုခံ မှန်၊ ရှုဉာဏ်မှန်၊ သတိ က ဗိုလ် (အထွဋ်အထိပ်)၊ နှလုံးသွင်း မှန်လျှင် မိမိတာဝန်ကျေပြီဖြစ်သည်။ သို့သော်အချိန်ကိုတော့ စောင့်ရပါသည်။ အချိန်လည်းရောက်၊ ပါရမီလည်းပြည့်ပြီး သဘောဆိုက်လျှင် မဂ်ဆိုက်၍ဖိုလ်ဝင်စားပြီး "မြတ်နိဗ္ဗာန်"သို့ မျက်မှောက်ပြုပါသည်။ ၀ိပဿနာ ကို အားထုတ်ရသည့်အကြောင်းရင်းမှာ -
(၁) ဘုရားအကြိုက် နှင့် (၂) မိမိအကြိုက်ဘုရားရှင်က ၀ိပဿနာအကျင့် တစ်ခုတည်းနှင့် ပူဇော်ခြင်းကိုသာလျှင် ချီးမွမ်းတော်မူသည်။ ကျန်သောအလုပ်များနှင့် ပူဇော်ခြင်းကို မချီးမွမ်းပါ။
မိမိအကြိုက်ဆိုရာတွင် ရခဲလှသည့် လူ့ဘ၀မှာ လူဖြစ်ရကျိုးနပ်ဖို့နှင့် သာသနာနဲ့ မီပါသည် ပြောနိုင်ဖို့ ၀ိပဿနာအားထုတ်ရမည်ဖြစ်သည်။ ဒါန၊ သီလ၊ သမထတို့ကို အထွဋ်အထိပ် လုပ်နေပေမယ့် ၀ိပဿနာ မပါလျှင် သာသနာနှင့်မီသည်လို့ ပြောလို့မရပေ။
ဝိပဿနာအားထုတ်ခြင်း အကျိုး(၄)မျိုးမှာ
(၁) ကျန်းမာရေးကောင်းမွန်ခြင်း၊
(၂) အနေတတ်ခြင်း၊
(၃) အသေတတ်ခြင်း၊
(၄) အပါယ်ဘေးက လွတ်ပြီး မဂ် ဖိုလ် နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ခြင်း၊ အပါယ်လွတ်ပြီးမှသာ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ခြင်း ကြောင့်လည်း ၀ိပဿနာ ဘာဝနာ အားထုတ်ဖို့အထူး တိုက်တွန်းလိုက်ရပါသည်။

![]() |
|---|
|
| မေတ္တာသုတ် |
| နိုင်ငံတကာစံတော်ချိန် ကြည့်ရန် |
| ရွှေတိဂုံစေတီတော်မြတ်ကြီး |
|---|
![]() |
| သီလက နောက်တန်းမှာ အင်အားမွေးစေ၊ သမာဓိက အမာခံနယ်မြေကို တည်ဆောက် စေ၊ ပညာက ကိလေသာဗိုလ်ချုပ်(၁၀)ဦးကို ထိုးစစ်ဆင်တိုက်စေပေါ့။ မဂ္ဂင်(၈)ပါးမှာ သီလမဂ္ဂင်က သုံးပါး (သမ္မာဝါစာ၊ သမ္မာ ကမ္မန္တ၊ သမ္မာအာဇီဝ)၊ သမာဓိမဂ္ဂင်က သုံးပါး (သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ)၊ ပညာမဂ္ဂင်က နှစ်ပါး (သမ္မာဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ)ပေါ့။ မဂ္ဂင်ကူးတို့ဖြင့် နိဗ္ဗာန်ကူးကြစို့။ |
| The 5th Tipitaka Chanting Ceremony, Bodhgaya |
|---|
| ပန်းအိဖြူ-ဗောဓိပင်နှင့်ရွှေပလ္လင် |
| ထူးအိမ်သင် - မဟာဝီရ အို..ဗုဒ္ဓ |
| shwedagon pagoda |
| မြဝတီရုပ်မြင်သံကြား မှ ကူညီပြုပြင် ပေးခဲ့သော |
| မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဈာပန မှတ်တမ်း |
| မိုးကုတ်ဆရာတော်ဘုရာကြီး၏ ဈာပနမှတ်တမ်း |
| ဗုဒွ့မြတ်စွာဘုရားရဲ့ ဘ၀ဖြစ်စဉ်တဲ့ |
အရှင်အာဒိစ္စရံသီ (ဦးဆန်းလွင်)၏ တစ်ဘ၀စာ အပ္ပါယ်တံခါးပိတ် ၇ရက်တရားတော်များ |
| BBF' Download Files | ||
|---|---|---|
|
![]() |
|---|
![]() |
|---|
![]() |
|---|
![]() |
|---|
![]() |
|---|
| BBF သို့ အလှူငွေများ လှူဒါန်းနိုင်သည်၊၊ |
| Burmese Buddhist Föreningen |
| Clearing no: 8103-4 |
| Account no: 904 674 260-8 |
| IBAN: SE96 8000 0810 3490 4674 2608 |
| Swift Code: SWEDSESS |




သီတဂူဆရာတော်ကြီး

“ငါတို့ကို တိုင်းပြည်နှင့် သာသနာက လေးစားတယ် ဆိုတာ အများအကျိုး ပြုလုပ်ငန်းတွေ ကြောင့်ပဲ၊ ငါကတော့ သာသနာ့ ကျေးကျွန် အဖြစ်ခံယူပါရ စေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့် တွေ ကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာ အတွက် အနစ်နာခံ တဲ့စိတ် စွန့်လွှတ် တဲ့စိတ် နှင့် အလုပ်လုပ် စေချင် တယ်”
တိပိဋက-ယောဆရာတော်

သူတော်ကောင်းအဓိပ္ပါယ်
သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်က ကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်း ဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်း ကောင်း ကိုယ်ကကောင်းရမယ်၊ ဒါမှ သူတော်ကောင်း အစစ် ဖြစ်နိုင်မယ်။
အရှင်ဥာဏောဘာသ

ဝိပဿနာ မြတ်တရားများ
၃။ ကာယမိမံတရားထိုင်ပုံထိုင်နည်း
၈။ ဝိဝေကသုံးပါး တဏှာနှင့်ရန်ဖြစ်ရဲမှ
၁၃။ ဝိသုဒ္ဒိ (၇)ပါး အလုပ်စဉ်တရား
၁၄။ ဝိဖ္ဖာနှင့်စရဏ (၂)ပါးပြည့်စုံမ
၁၆။ ဝေဒနာကို (၇) ချက်ဖြင့်မြင်အောင်ရ
၁၉။ နိဝရဏပယ်နည်းနှင့် ဝိဝေက(၃)ပါး
၂၀။ အဖုံးနှစ်ချပ်လှန် နိဗ္ဗာန်မြင်
သေချိန်တန်ကသေကြရ ဆိုတဲ့တရားတော်
လူလားခွေးလား ဆိုတဲ့တရားတော်
သားသမီးယုံ စုံလုံးကန်း ဆိုတဲ့တရားတော်
ကျေးဇူးရှိမှကျေးစွပ်ရ ဆိုတဲ့တရားတော်
မချစ်တာနဲ့ရန်ငြှိုးဖွဲ့ ဆိုတဲ့တရားတော်
လက်နက်ပိုင်ရှင်နို့ထမ်းဘုရင် ဆိုတဲ့တရားတော်
အမြတ်ဆုံးရတနာ ဆိုတဲ့တရားတော်
| Total Visitor since 2008 |
ရခိုင်ရိုးရာ လောင်းလှေပြိုင်ပွဲ