![]() |
|---|
အရေးကြီးသည့် အသိဉာဏ်များ........စာရေးသူ သက်တမ်း တလျောက်တွင် အလွန်ရင်းနှီးသော သူများထံမှ မမျှော်လင့်သော အယူအဆနှင့် စကားသံ များကို ကိုယ်တိုင် ကြားသိခဲ့ရပါသည်။ ထိုအခါတွင် ရုတ်တရက် အံသြသွားခဲ့ရပြီးနောက် သူတို့ ဘာ ကြောင့် ဤသို့ပြောဆို ယူဆခဲ့ကြပါသနည်းဟု စဉ်းစားခဲ့မိရာမှ ဤဆောင်းပါးကို ရေးဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။ သူတို့ ဆိုသည်မှာ တစ်ဦးက မြန်မာပြည်မှ စာရေးသူ၏ ဇာတိမြို့က ဖြစ်ပြီး စာရေးသူ အနှေဖြင့် သူ့ကို ဘာသာရေးတွင် အသိဥာဏ် ရှိနေသူ တစ်ဦးဟု ထင်ခဲ့မိသောကြောင့် ဖြစ်ပါသည်။ ထင်ခဲ့ရခြင်း အကြောင်းမှာ သဒ္ဓါတရား ကောင်းသူ ဖြစ်ခြင်းနှင့် တရား ဘာဝနာများ လေ့လာ လိုက်စားသူ ဖြစ်နေခြင်း တို့ကြောင့် ဖြစ်ပါသည်။ နောက်တစ်ဦးမှာ အမေရိကတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး သဒ္ဓါတရားအားကောင်းသူ တစ်ဦးလည်းဖြစ်သည့်ပြင် အရာရာတွင် ဝေဖန်ဆန်းစစ်သူ တစ်ဦးလည်း ဖြစ်နေပြန်ပါသည်။ ဤသို့သော အနေအထားတွင် သူတို့နှစ်ဦးကို လေ့လာမိပါက တစ်ခြားဗုဒ္ဓဘာသာဝင် တို့ထက် ခေါင်းတစ်လုံးသာပြီး အထင်ကြီးစရာဟု ထင်မြင်စရာ ဖြစ်ခဲ့ ပါသည်။ ထိုသို့အထင်ခံထားရသော ဗုဒ္ဓဘာသာဝင် နှစ်ဦးထံမှ ထင်မှတ် မထားသော အယူအဆနှင့် စကား သံများကို ကြားခဲ့ရသောအခါ စာရေးသူအနေနှင့် အံ့သြ သွားခဲ့ရခြင်း ဖြစ်ပါသည်။ တစ်ဦးက ပြောခဲ့သည့် စကားမှာ တပည့်တော် ဗုဒ္ဓဘာသာကနေ တစ်ခြားဘာကို ပြောင်းယူရမလား စဉ်းစားနေမိတယ်ဘုရား၊ နောက်တစ်ဦးက ပြောခဲ့သည့် စကားမှာ တပည့်တော် တရားတွေရင်မှာ ရှိပေမဲ့ ထွက်ပြေးချင်လှပြီ။ သူတို့ ဘာကြောင့် ဤစကားတွေ ပြောခဲ့ကြပါသနည်း၊သူတို့ကပဲ မှန်နေလို့လား၊ ဗုဒ္ဓဘာသာကပဲ လမ်းလွဲနေလို့လား။ လောလောဆယ်မှာတော့ သူတို့နှစ်ဦးစလုံး ဗုဒ္ဓဘာသာဝင်များသာ ဖြစ်နေကြပါသေးသည်။ စာရေးသူကတော့ ဗုဒ္ဓ၏ အဆုံးအမများကို မှန်ကန်စွာ သိအောင် အားထုတ် တတ်သူများ ဖြစ်အောင် အားထုတ်ကြပါဟု တိုက်တွန်းစကားမျှသာ ဆိုခဲ့ပါသည်။ ထို့ထက်ပိုပြီး မပြောဆိုခဲ့ပါ။ ယခုမူ ဆောင်းပါးရေးပြီး သိစေရလျှင် အကျိုးများမည်ဟု ယူဆပြီး ရေးလိုက်ရခြင်း ဖြစ်ပါသည်။ ပုဂ္ဂလဓိဋ္ဌာန် မရည်ညွှန်းလိုပဲ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး ရေးသားလိုပါသည်။ သူတို့သည် ဗုဒ္ဓဘာသာဝင် များလည်း ဖြစ်ကြသည်။ သာသနာတော်ကိုလည်း တတ်နိုင်သမျှ လှူဒါန်း သူများဖြစ်ကြသည်။ သို့ပါလျှက် ဤသို့ ယူဆခဲ့ကြခြင်းမှာ ဘာကြောင့်ပါနည်း။ အကြောင်းမှာ သာသနာတော်၏ အတိမ်အနက်ကို မသိခြင်းနှင့် ပုဂ္ဂလိက ကိုးကွယ်မိခြင်းကို အခြေခံထားသောကြောင့် ဖြစ်ပါသည်။ သာသနာတော်၏ အတိမ်အနက်ကို သိရန်မှာ သွန်သင်ပြသပေးမည့် ဆရာသမားကောင်းရှိရန် လိုပါသည်။ အပေါ်ယံလေ့လာမှုဖြင့် ဗုဒ္ဓဘာသာက ဆိုလိုသော အဓိပ္ပါယ်ကို သိနိုင်မည် မဟုတ်ပေ။ အများသူငါ နားလည်သော ဒါနမှုနှင့် သီလဆောက်တည်မှုကို သိနိုင်သော သာမန်သိမျိုးကိုမူ သိနိုင်ပေသည်။ သို့သော် ဒါန၊ သီလနှင့် စပ်ပြီး ခိုင်မာစွာ သိသော အဆင့်သို့မူ မရနိုင် မရောက်နိုင်ပေ။ ဗုဒ္ဓဘာသာကနေ တစ်ခြား ဘာသာသို့ ကူပြောင်းချင်စိတ် ရှိရခြင်းမှာ ဗုဒ္ဓဘာသာအကြောင်းကို နားလည်အောင် မလေ့လာမိခြင်းကြောင့် ဖြစ်သည့် အပြင် တစ်ခြားဘာသာ အကြောင်းကိုလည်း မသိလို့သာ ပြောင်းချင်စိတ် ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာ အကြောင်းကို နားလည်အောင် မလေ့လာမိခြင်း ဆိုသည်မှာ ဗုဒ္ဓအဆုံးအမများကို မသိဘဲ ကိုယ် ထင်မြင်ရာ ရဟန်းတော်တစ်ပါးကို ကြည်ညိုလွန်းပြီး ထိုရဟန်းတော်၏ မသင့်တင့်သော ကိုယ်၊နုတ်၊စိတ် အမူအရာ သုံးပါးလုံးတွင် ခွှတ်ယွင်းချက်ကို တွေ့သောအခါ ဗုဒ္ဓဘာသာအပေါ် စိတ်ကုန် သွားခြင်းပင်ဖြစ်ပါ သည်။ ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေဟာ ဒီအတိုင်း ချည်းနေမှာပါပဲ ယုံကြည်စရာ၊ ကြည်ညိုစရာမှ မရှိဘဲ ဟု သတ်မှတ်လိုက်ပြီးလျှင် သာသနာတော်အပေါ် အထင်သေးသွားပြီး ဘာသာ ကူးပြောင်းချင်စိတ် ဖြစ်သွား ရပါသည်။ သာသနာတော်နှင့် သာသနာ့တာဝန် ထမ်းဆောင်သောပုဂ္ဂိုလ်ကို ခွဲခြားသိတတ်ရပေမည်။ သာသနာတော်သည် စင်ကြယ်ပါသော်လည်း သာသနာ့တာဝန် ထမ်းများအတွက်မူ စင်ကြယ်သူလည်း ရှိ၊ မစင်ကြယ်သူလည်း ရှိပေမည်။ သူတို့သည်လည်း သာမန် ပုထုဇဉ်အဆင့်မျှသာ ရှိသော ကြောင့်ပင် ဖြစ်ပါ သည်။ ဗုဒ္ဓဘာသာဝင်များသည် ပုဂ္ဂိုလ်ကို ကြည်ညိုလွန်းခြင်းထက် သံဃာတော်အပေါင်းကို ကြည်ညို တတ်သည့် စိတ်ထားရှိရန် လိုပေသည်။ သံဃာမှန်လျှင် စင်ကြယ်သူချည်းသာ ဖြစ်ပါသည်။ သံဃာဟု အမည်ခံသော ပုဂ္ဂိုလ် တစ်ဦးချင်းစီတွင်မူ စင်ကြယ် မစင်ကြယ် မသေချာသဖြင့် စီစစ် တတ်ကြရပေမည်။ ပုဂ္ဂိုလ် မစင်ကြယ် ခြင်းကို အကြောင်းပြုပြီး သံဃာတော်တွေဟု သိမ်းကျုးံပြီး အပြစ်မတင်သင့်ပေ။ သံဃံ သရဏံ ဂစ္ဆာမိ ဟု အမြဲပင်နုတ်မှ ရွတ်ဆိုနေပြီး စွဲမိစွဲရာ ပုဂ္ဂိုလ်တွင် ကြည်ညိုနေမိပါက မိမိကြည်ညိုမိသည့် သူက ကောင်းမွန်သူ၊ အရည်အချင်းရှိသူဖြစ်လျှင် မဆိုးလှသေးသော်လည်း မပြည့်စုံသူဖြစ်ပါက စိတ်ဆင်းရဲ ရပေမည်။ ပုထုဇဉ်အလျောက် အစွဲမကင်းနိုင်ဟု ဆင်ခြေပေးလိုသော် သတိလေးထားပြီး ဆင်ခြင်စွာဖြင့် ဂုဏ်မမက် လွန်းဘဲ ကိုးကွယ်ကြရပေမည်။ ဂုဏ၀န္တေ ပဿန္တိ ဇနာ ( လူတို့သည် ဂုဏ်ရှိသူကို ကြည့်လို ကြသည်) ဟု အဆိုရှိသည်မှာ မှန်ပါ၏၊ သို့ရာတွင် အစွန်းတစ်ဖက် မရောက်သွားစေရန် ဆင်ခြင်စိတ် ထားကြပါရန် အသိပေးလိုပါသည်။ တစ်ချို့က သံဃာချင်းအတူတူ ရုပ်လှမှ၊ စာမေးပွဲအောင်မှ၊ နာမည်ကြီးမှ၊ မိမိမေးသည့် မေးခွန်းကို ဖြေဆို ပေးနိုင်မှ၊ ၀ိနည်းလေးစားမှ၊ မိမိနေစေချင်သည့် ကျောင်းတိုက်တွင်နေမှ၊ အင်္ဂလိပ်စကားတတ်မှ ရဟန်းတော် များကို ကြည်ညိုမည်ဟု သတ်မှတ်ထားတတ်ကြပေသည်။ မိမိတို့၏ ခံစားချက်ကို ရဟန်းသံဃာ အပေါ် ယုံကြည်မှုနှင့် တွဲစပ်ထားတတ်ကြသည်။ သာသနာတော်သည် ပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ခံစားချက် အတွက် ပေါ်ပေါက်လာရသည် မဟုတ်ဘဲ အသိဥာဏ်ဦးစီးပြီး အမှန်တရားသိရန် လူအများ၏ ဆင်းရဲဒုက္ခမှ လွတ်ကင်း စေရန်အတွက် သာလျှင်ဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်တို့က သိထားကြရပေမည်။ ခံစားချက်ကို ရှေ့တန်းတင်ပြီး အမှန်တရားအတွက် ဒုတိယနေရာပေးပါက သဒ္ဓါနှင့် ပညာ အချိုးမညီတော့ပဲ လမ်းလွဲ သွားတတ်ပေသည်။ မြတ်စွာဘုရားရှင်သည် ပုဂ္ဂလဓိဋ္ဌာန်ထက် ဓမ္မဓိဋ္ဌာန်ကိုသာ ဦးစားပေးပါသည်။ သံဃာတော်အား လှူဒါန်း ပေးကမ်းခြင်းသည် အကျိုးများပါသည်ဟု မိထွေးတော် ဂေါတမီအား ဟောကြားထားပြီး သံဃာတော်တို့အား သင်္ကန်းကို လှူဒါန်းစေခဲ့ပါသည်။ သံဃိကအလှူကို ပုဂ္ဂလိက အလှူထက် အကျိုးများသည်ဟု ဟောတော်မူ ထားပါသည်။ အဘယ့်ကြောင့်ပါနည်း အစွဲကင်း စေလို သောကြောင့် ဖြစ်ပါသည်။ ပုထုဇဉ်တို့သည် အစွဲ အလမ်း များတတ်သည်ဖြစ်ပေရာ ဖြစ်စေချင်သလို အကြည် ညိုခံ ပုဂ္ဂိုလ်များက မဖြစ်လာပါက ဒေါသစိတ် မပေါက်ကွဲတတ်စေရန်ဖြစ်ပါသည်။ ယခုလည်းကြည့်ပါ အထက်ပါ စာရေးသူနှင့် ခင်မင်သူနှစ်ဦးသည် သူတို့နှင့် စပ်သော၊ သူတို့က အကြည်ညိုခံရသော၊ သူတို့အတွက် အစစအရာရာ ကုသိုလ်ရစေနိုင်မည်ဟု သူတို့၏ စိတ်ကူးဖြင့် တွေးထင်ထားရသော၊ သူတို့အတွက် ဂုဏ်ယူ စရာဖြစ်မည် ထင်ရသော ရဟန်းတော် များက ထင်သလို ဖြစ်မလာသောအခါ ဘာသာကူး ပြောင်းချင် သည်ဟု လည်းကောင်း၊ ဤသာသနာတော်မှ လည်း ထွက်ပြေးချင်သည်ဟု လည်းကောင်း ဆိုနေကြပေသည်။ ဤသည်မှာ ကိုးကွယ်မှု မတတ်၍ ဒုက္ခ ဝေဒနာ ခံစားရခြင်း ဖြစ်သည်။ ဘာသာအပေါ်တွင် အထင်လွဲ မိခြင်း လည်းဖြစ်ပေသည်၊ ဗုဒ္ဓဘာသာသည် အလွတ်လပ်ဆုံး ဘာသာဖြစ်သည်၊ အဝေဖန်ခံနိုင်သော ဘာသာ ဖြစ်သည်၊ မေတ္တာတရားကို လက်ကိုင်ထား သော ဘာသာဖြစ်သည်၊ သစ္စာလမ်းပေါ်တွင်ရှိနေသော ဘာသာ ဖြစ်သည်ကို သူတို့တတွေ မေ့နေကြပေ သည်။ တကယ်သိသောသူများက ဗုဒ္ဓဘာသာအပေါ်တွင် အထင်လွဲစိတ်ကို မဆိုထားဘိ အသက်ကိုပေး၍ စောင့်ရှောက်ကြပေမည်။ တစ်ခြားဘာသာ အကြောင်း မသိ၍လည်း ဤကဲ့သို့ ဆိုကြခြင်း ဖြစ်ပေမည်။ မြတ်နိုးလှပါသည် ယုံကြည်လှပါသည်ဟု ဆိုထားသော ငွေကုန် ခံပြီး ကိုးကွယ်ထားသော မိမိဘာသာကိုမှ ကျကျနန မသိသူများသည် အခြားဘာသာများ၏ အဆုံးအမကို သိရန်ဆိုသည်မှာ ယုံတမ်း စကားသဖွယ် ထင်ရမည်ကဲ့သို့ ရှိပေသည်။ ဤကဲ့သို့သော ဗုဒ္ဓဘာသာဝင်များ များလာမည်မှာ စိုးရိမ်ရပေသည်။ မြတ်ဗုဒ္ဓက ရုပ်အဆင်းကို အထူးပြု၍ ကြည်ညိုတတ်သူများ၊ အသံကောင်းသည်ကို သဘောကျ တတ်သူများ၊ ချိုးခြံချွေတာစွာ ကျင့်ကြံသည်ကို ဆည်းကပ်တတ်သူများ၊ တရားသက်သက်ကိုသာ နှစ်သက်ကြသူများ ဟု ပုဂ္ဂိုလ်လေးမျိုးခွဲခြား ပြီးဟောပြတော်မူပါသည်။ အထက်ပါလေးမျိုးတွင် အစဉ်အတိုင်း ရာနုန်းများပြီး ကြည်ညို တတ်ကြသည်ဟု မှတ်သားရပါသည်။ မြတ်စွာဘုရားရှင်ကမူ အထက်ပါ ဂုဏ်လေးမျိုး စလုံး ပြည့်စုံပါသော် လည်း သာမန်ရဟန်း၊ ရှင်၊ လူများမှာမူ မပြည့်စုံဘဲ ရှိတတ်ပါသည်။ သို့အတွက် ယနေ့ခေတ် လူအများသည် လည်း ရုပ်ရည်ကို ကြည်ညိုတတ် သူများမရှားလှပေ၊ စာရေးသူ မန္တလေး မစိုရိမ်တိုက်သစ် နေခဲ့စဉ်က ယခု မစိုးရိမ်တိုက်သစ် နာယက စာချဘုန်းတော်ကြီးဖြစ်နေသော အရှင်တစ်ပါး၏ ရဟန်းခံတွင် ဆရာတော် ဦးရာဇဓမ္မာဘိဝံသက တရားဟောခဲ့ပါသည်။ ထိုတရားပွဲတွင် ရုပ်ရည်လှပသော ရဟန်းလောင်းကို ရွေးပြီး ရဟန်းဒကာဖြစ်လိုသော ဒကာတစ်ဦးအား ရုပ်ရှင်မင်းသာကိုသာ ရှာဖွေပြီးသာ ရဟန်းဒကာလုပ်ပါဟု ဆရာတော်က အကြံပြုခဲ့ကြောင်း မိန့်တော်မူခဲ့ကြောင်း မှတ်သားခဲ့ရပါသည်။ တရာနာခဲ့သည့်မှာ နှစ်ဆယ့် ခြောက်နှစ်ရှိခဲ့ပြီ ဖြစ်သော်လည်း စာရေးသူ ယနေ့တိုင် မှတ်မိနေဆဲဖြစ်ပါသည်။ ဤသို့ ဖြစ်ရခြင်းမှာ အသိဥာဏ် ရှင်းသွားသောကြောင့် ဖြစ်ပါသည်။ တစ်ချို့က အသံကောင်းသည်ကို ကြည်ညိုတတ်ကြပါသည်။ ကြည်ညိုရမည်မှာ အသံပေါ်တွင် မဟုတ်၊ မိမိအတွက် သူတစ်ပါးအတွက် အကျိုးရှိစေမည့် အဟောအပြော မျိုးဖြစ်ဖို့ လိုပေသည်။ နားထောင်ကောင်းပြီး အသိဥာဏ်ရရှိသည်အထိ နားလည်သဘောပေါက်မှု မရှိပါက အသံသည် အကျိုးမများလှသော အသံမျိုးသာ ဖြစ်တတ်ပါသည်။ တစ်ချို့သူများသည် တရားဟောတာ ကောင်းလိုက်တာဟု ပြောဆိုတတ်ကြပါသည်။ သူတို့ ဘာတရားတွေ သိလိုက်၊ရလိုက်သလဲဟု မေးမြန်းသော် စိတ်ဆိုးတတ်ကြပေသည်။ အဟောအပြောကောင်းသော တရားကို ကောင်းစွာ နားလည် သဘော ပေါက်သည်ဟု ဆိုပါလျှင် ဒေါသစိတ်နှင့် လောဘစိတ်များ တစ်နေ့တစ်ခြား နည်းပါးလာသင့် ပါသည်။ တစ်ခါက စာရေးသူ၏ မိတ်ဆွေ တက်သစ်စ ဓမ္မကထိကဟု သူ့ကိုယ်သူ သမုတ်နေသူ ရဟန်းတော်တစ်ပါးက လူကြိုက်များစေရန်၊ နာမည်ကြီးစေရန် တရားဟောရာတွင် အသံဖြင့် ဟောကြားသင့်ကြောင်း စာရေးသူကို အကြံပြု ဖူးခဲ့ပါသည်။ သူ၏စေတနာကို လေးစားရမည် ဖြစ်ပါသော်လည်း သူနှစ်သက်ရာကို သူပြော သည် ဟုသာ သဘောထားမိပါသည်။ စာရေးသူ၏ သိစေလိုရင်း ရည်ရွယ်ချက်မှာ တရားဟောသည် ဆိုရာဝယ် သူတစ်ပါးနားလည်အောင် ပြောပြခြင်း ဖြစ်ပေရာ မှန်သည်သာ လိုရင်းဖြစ်ပေသည်။ နာမည်ကြီးခြင်း၊ အသံ ကောင်းခြင်းသည် တမင်လုပ်ယူရသော အရာမဟုတ်ဟု သဘောရပါသည်။ ပါရမီပါမှသာ အသံ ကောင်းနိုင် ပါသည်၊ ကူညီပေးသူလည်း ရှိပါမှလည်း နာမည်ရနိုင်ပါသည်။ နာမည်ကြီးအောင် ကြိုးစားနေခြင်းမှာ ရဟန်းတော်တစ်ပါး အနေနှင့် အရုပ်ဆိုးလှသည်ဟု ယူဆမိပါသည်။ ဘုန်းကံအလျောက် နာမည်ကြီးခြင်းကိုမူ လက်ခံပါသည်။ နည်းအမျိုးမျိုးဖြင့် နာမည်ရအောင် ကြိုးစားမှုမျိုးကိုသာ ဆိုလိုပါသည်။ ချိုးခြံချွေတာစွာ ကျင့်သုံးသည့် ရဟန်းတော်များဆိုသည်မှာ ဓုတင်အကျင့်ကို ကျင့်သုံးသော ရဟန်းတော်များ ကို အဓိကဆိုလိုပါသည်။ ထိုရဟန်းတော်များသည် လောကတွင် အချမ်းသာဆုံးသော ရဟန်းတော်များ ဖြစ်ကြပါသည်။ ပိုင်ဆိုင်မှုကို မမြတ်နိုးကြသဖြင့် ကိလေသာနည်းပါးအောင် ကျင့်ဆောင်သည့် ရဟန်းတော်များ ဖြစ်ကြပါသည်။ မြတ်ဗုဒ္ဓက ထိုရဟန်းတော်များကို ချီးမွမ်းပါသော်လည်း ကျင့်နိုင်သူများသာ ကျင့်သုံးကြရန် ခွင့်ပြုထားပါသည်။ ရဟန်းတော်တိုင်း ကျင့်သုံးရန် မလွယ်ကူသည့်ပြင် မဖြစ်မနေ ကျင့်ရမည့် ကျင့်စဉ်လည်း မဟုတ်ပါချေ။ သာသနာတော်ကို စောင့်ရှောက်ရာတွင် ပုံစံအမျိုးမျိုးဖြင့် စောင့်ရှောက် ရပါ သည်။ သို့သော် ဓုတင်ကျင့်သော ရဟန်းတော်များသည် မလိုချင်သူများ ဖြစ်သဖြင့် လှူချင်သူ ပေါလှပါသည်။ တရားသက်သက်ကိုသာ အလေးထားသော ပုဂ္ဂိုလ်များလည်းရှိပါသည်။ လူနည်းစုဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်လိုသူများသည် ဗုဒ္ဓ၏ သွန်သင်ပြသော တရားတော်များကို မဖြစ်မနေ လေ့လာသင့်ပါသည်။ မိမိသုံးစွဲမည့် အ၀တ်အစားကို ၀ယ်ယူသောအခါ အပြစ်အနာအဆာ ကင်း၊ မကင်း၊ အရည်အသွေး ကောင်း၊ မကောင်း၊ ဈေးတန်၊ မတန် စီစစ် ရွေးချယ်တတ်ကြပေသည်။ ထိုအ၀တ် အစားများသည် ကြာရှည်စွာ အသုံးပြုနိုင်သည့် ပစ္စည်းများလည်း မဟုတ်ကြပါ။ နှစ်အနည်းငယ်အတွင်း ပျက်စီး သွားတတ်ပါသည်။ ထိုပစ္စည်းလေးကိုပင် ဂရုတစိုက် ရွေးချယ်အပ်သည်ဟု ထင်ပါလျှင် မိမိကိုးကွယ် သည့် ဘာသာတစ်ခုသည် ဤဘ၀ နောင်သံသရာ ဘ၀အထိ ရည်ရွယ်ချက်ဖြင့် ကိုးကွယ်ကြသဖြင့် သိအောင် ကြိုးစားသင့်ကြပါသည်။ မိမိ ကိုးကွယ်သည့်ဘာသာ၏ တန်ဖိုးကို မသိဘဲ ဘာသာပြောင်းချင်သည် ဟု လည်းကောင်း၊ တရားတွေ ရင်မှာ ပြည့်သည်ဟုလည်း ဆိုသေး၊ ကိုးကွယ်သည့် ဘာသာကို စွန့်ပြီး ထွက်ပြေးချင် သည်ဟုလည်း ဆိုနေပြန်ရာ ဗုဒ္ဓဘာသာအပေါ်တွင် တစ်ခြား သူများက အထင်အမြင် သေး စေမည် အယူအဆမျိုးကို ဖြစ်စေသည့်ပြင် ပြောဆိုသူတို့ အတွက်လည်း ကုသိုလ်ဖြစ်စေမည် မဟုတ်ပါ။ သူတို့၏ သားသမီးများကိုလည်း မည်သည့် အမွေပေးမည်နည်း၊ သံသယအမွေတွေကို မပေးစေချင်ပါ။ ဗုဒ္ဓဘာသာအကြောင်းကို ကိုယ်တိုင် ရှင်းရှင်းလင်းလင်း ဖြစ်စေချင်ပါသည်။ သာသနာ တော်သည် ကောင်းပေသည်၊ လက်တွေ့ဖြစ်ပါသည်၊ နောင်ဘ၀အထိ မစောင့်ပါ။ အမြဲတမ်း အစစ်အဆေး ခံနိုင်သည်။ အဝေဖန်ခံနိုင်သည်၊ လက်တွေ့ကျင့်ကြံနိုင်သူအား တကယ်ချမ်းသာ ဖြစ်စေသည်၊ လေလုံး မထွား သော ဘာသာတစ်ခု ဖြစ်သည်။ အသိဥာဏ်ရှိသူတို့သာ ပျော်စံရာဖြစ်ပေသည်။ ထိုကဲ့သို့သော အဆုံးအမကို ရနေကြပါလျက် ဂုဏ်ယူ ၀မ်းမြောက်စွာ မရှိနေခြင်းသည် မပြည့်စုံသေးသည်ကို ညွှန်ပြနေပါသည်။ ပြည့်စုံအောင်ဖြည့်ကြပါဟု တိုက်တွန်းပါသည်။ အချိန်ကာလတစ်ခုသည် တန်ဖိုးရှိအောင် အသုံးချတတ်သူ အတွက် အကောင်းဆုံးသော အရင်းအနှီးများ ဖြစ်သည်ကို နားလည်သဘောကြပါစေဟု ဆန္ဒဖြစ်မိပါသည်။ ကျမ်းကိုးစာရင်း ၁။ အင်္ဂုတ္တရနိကာယပါဠိတော် ၂။ စာရေးသူအားပြောဆိုသူ၏ နာမည်များကို မဖေါ်ပြခြင်းမှာ သူတို့၏ စိတ်အနှောက် အယှက် ဖြစ်မှာကို စိုးရိမ်သဖြင့် မဖေါ်ပြခြင်းဖြစ်ပါသည်။ ၃။ သံဃိကအလှူ အကျိုးများကြောင်း ဗုဒ္ဓဘာသာဝင်များ သိကြသဖြင့် ပြည့်ပြည့်စုံစုံ မဖေါ်ပြခြင်း ဖြစ်ပါသည်။ မိထွေးတော်ဂေါတမီသည် မြတ်ဗုဒ္ဓ၏ အဒေါ်လည်းဖြစ်ပါသည်။ စာရေးသူ၏အာဘော် ဗုဒ္ဓနှင့်စပ်သော ကျယ်ပြန့်သော အသိဥာဏ်များရှိစေရန် ရည်သန်ပါသည်။ ဆရာတော် ဒေါက်တာအရှင်နန္ဒက ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက် အင်ချွန်းမြို၊တောင်ကိုရီးယား
|
သီတဂူဆရာတော်ကြီး
“ငါတို့ကို တိုင်းပြည်နှင့် သာသနာက လေးစားတယ် ဆိုတာ အများအကျိုး ပြုလုပ်ငန်းတွေ ကြောင့်ပဲ၊ ငါကတော့ သာသနာ့ ကျေးကျွန် အဖြစ်ခံယူပါရ စေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့် တွေ ကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာ အတွက် အနစ်နာခံ တဲ့စိတ် စွန့်လွှတ် တဲ့စိတ် နှင့် အလုပ်လုပ် စေချင် တယ်”
တိပိဋက-ယောဆရာတော်
သူတော်ကောင်းအဓိပ္ပါယ် သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်က ကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်း ဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်း ကောင်း ကိုယ်ကကောင်းရမယ်၊ ဒါမှ သူတော်ကောင်း အစစ် ဖြစ်နိုင်မယ်။
အရှင်ဥာဏောဘာသ
ဝိပဿနာ မြတ်တရားများ ၃။ ကာယမိမံတရားထိုင်ပုံထိုင်နည်း ၈။ ဝိဝေကသုံးပါး တဏှာနှင့်ရန်ဖြစ်ရဲမှ ၁၃။ ဝိသုဒ္ဒိ (၇)ပါး အလုပ်စဉ်တရား ၁၄။ ဝိဖ္ဖာနှင့်စရဏ (၂)ပါးပြည့်စုံမ ၁၆။ ဝေဒနာကို (၇) ချက်ဖြင့်မြင်အောင်ရ ၁၉။ နိဝရဏပယ်နည်းနှင့် ဝိဝေက(၃)ပါး ၂၀။ အဖုံးနှစ်ချပ်လှန် နိဗ္ဗာန်မြင်
သေချိန်တန်ကသေကြရ ဆိုတဲ့တရားတော်
လူလားခွေးလား ဆိုတဲ့တရားတော်
သားသမီးယုံ စုံလုံးကန်း ဆိုတဲ့တရားတော်
ကျေးဇူးရှိမှကျေးစွပ်ရ ဆိုတဲ့တရားတော်
မချစ်တာနဲ့ရန်ငြှိုးဖွဲ့ ဆိုတဲ့တရားတော်
လက်နက်ပိုင်ရှင်နို့ထမ်းဘုရင် ဆိုတဲ့တရားတော်
အမြတ်ဆုံးရတနာ ဆိုတဲ့တရားတော်
ရခိုင်ရိုးရာ လောင်းလှေပြိုင်ပွဲ
|
|||||||||||||||||||||||||||||||||||||||||||||||||||
|
||||||||||||||||||||||||||||||||||||||||||||||||||||