၃၁ဘုံတွေကတော့
ဗြဟ္မာ့ဘုံ ၂၀ဘုံ
နတ်ဘုံ ၆ဘုံ
လူ့ဘုံ ၁ဘုံ
အပါယ်၎ဘုံ
မြတ်စွာဘုရား
ပရိနိဗ္ဗာန် စံဝင်ခါနီးအချိန်မှာ မှာခဲ့တဲ့ မှာတမ်းလေးက နောက်ဆုံး စကားလေး ပြီးတာနဲ့ ပရိနိဗ္ဗာန်စံသွား တာပါ။ ၀ရဓမ္မာသင်္ခါ၇ အပ္ပမာဒေန သံပါဒေထ။ ချစ်သား ချစ်သမီး တို့  ငါဘု၇ား ပ၇ိနိဗ္ဗာန် စံကာနီး နောက်ဆုံး စကား မှာကြား မယ်.. ချစ်သား ချစ်သမီးတို့ ယခုရရှိနေတဲ့  ရုပ်နာမ် နှစ်ပါး ၊ ခန္ဓာငါးပါး သင်္ခါရ တရားတို့ သည် အမြဲတမ်း ပျက်နေတယ်။ အမြဲတမ်း ပျက်နေတဲ့ ရုပ်နာမ် ၂ပါး ခန္ဓာ၅ပါးက အနိစ္စ အမြဲ မရှိ ပါလို့ အသစ်အသစ်တွေသာ အစားထိုးနေတာကို သိသိ ပေးဖို့ကို မမေ့မလျော့ မပေါ့မဆသော ၀ိပဿနာ တရားဖြင့် ရှုပွားပြီးတော့ နေရစ်ကြလို့  မှာကြားတော် မူပါတယ်။ အခုလည်း ပ၇ိနိဗ္ဗာန်စံကာနီးမှာ အေးအေး ချမ်းချမ်းနဲ့ လွတ်လွတ် လပ်လပ် ပရိနိဗ္ဗာန် မစံနိုင်ဘူး။ သူ့၇ဲ့ ချစ်သား ချစ်သမီးတို့ ဝိပဿနာ မပွားဘဲ နေ၇စ်မှာ စိုးရှာလို့  ခန္ဓာ ငါးပါး အဖြစ်ပျက်ကို ၀ိပဿနာ ရှုပြီးတော့ နေရစ်ကြပါလို့ မှာခဲ့ရှာတယ်။ မြတ်စွာဘုရား မေတ္တာ စေတနာပါ။ ဒါတင် မကသေးပါဘူး။ သက်တမ်းရှည်တဲ့ ဘုရားရှင်တွေ လက်ထက် မှာဆို၇င် သူတို့ ပရိနိဗ္ဗာန် စံသွား၇င် တခါတည်း သာသနာပါ ကွယ်သွားတယ်။ သာသနာ ကုန်တယ် ဆိုတာ မဂ်ဖိုလ်၇တတ် တဲ့  ၀ိပဿနာ တရားတွေ ကုန်တာပါဘဲ။ ဘုရားတစ်ဆူ ပွင့်၇င် သတ္တ၀ါ အပေါင်း နှစ်ဆယ့် လေးသင်္ခေ်ျနဲ့ ဗိုလ်ချေ တစ်သိန်း ချေချွတ်၇ပါတယ်။ ဘုရားတစ်ဆူရဲ့ တာဝန်ပါ။ ဒါပေမဲ့ ဂေါတမ မြတ်စွာဘု၇ားက ဆယ်ခြောက်သင်္ချေပဲ
ချေချွတ် နိုင်ခဲ့ပါတယ်။ ရှစ်သင်္ချေနဲ့ ဗိုလ်ချေတစ်သိန်း ကျန် သေးတယ်။ အဲ့လို ကျန်ခဲ့တဲ့ အထဲမှာ အခုရှိနေတဲ့  မိမိတို့ အပါဝင် သတ္တ၀ါ အနတ္တ ပါပါတယ်။ သူသာ သာသနာ မထား ခဲ့၇င် မိမိတို့ ယောဂီတွေ ၀ိပဿနာ တရား မနာနိုင်တော့ပါ ဘူး။ ပျောက်သွားပါဘီ။ သာသနာမရှိတဲ့ အချိန်မှာ လူဖြစ်လို့  တရားနာ ချင်လို့ ငွေသိန်းနဲ့ချီ လျှောက်ပေးအုံး ဘယ်သူမှ မဟောနိုင်တော့ ဘူးတဲ့။ သာသနာကို မြတ်စွာဘုရားက ၅၀၀၀ ထားခဲ့တဲ့ အထဲမှာ နှစ်ပေါင်း ၂၅၄၆နှစ် ကုန်သွားဘီ။ နောက်ထပ် နှစ်ပေါင်း ၂၄၀၀ကျော်ကျန်သေးတယ်။ သာသနာနှစ်ပေါင်း ၂၄၀၀ ကျော်ကျန်သေးတာ ၀ိပဿနာ တရားကို မနာကြားသေးပါဘူး။ အားမထုတ်သေးပါဘူးလို့ ပေါ့ပေါ့တန်တန် နေတတ်ကြပါတယ်။ ဒီအတွေး အခေါ် ဘယ်လောက် မှားယွင်း နေပါသလဲဆိုတာ။ အဲ့လို နေမယ် ဆို၇င်တော့ အမှားကြီးမှားပါဘီ။ အဲ့ဒီ သာသနာ နှစ်ပေါင်း ၂၄၀၀မှာ မိမိနဲ့ ဘယ်လောက်များဆိုင်သလဲလို့  စဉ်းစားပါ။ ဒီနေ့ ည ကိုယ်သေသွားဘီတဲ့ နောက်နေ့ အဲ့သာသနာ မိမိနဲ့ ဆိုင်သေးလား ဆိုတော့ မဆိုင်တော့ဘူး။ဒီတော့ ကိုယ်နဲ့ ဆိုင် တဲ့ သာသနာဟာ မသေခင်ကလေးမှာ သာ ဆိုင်တာပါ။ ဒါကို သတိ၇ပါ။ တချို့ ထင်တယ် ။ နောက်ဘ၀ ပဲလူဆက်ဖြစ်ပြီး သာသနာနဲ့  ပြန်ကြုံ၇တော့မလိုလိုနဲ့ လွယ်တယ် မထင်လိုက် ကြ ပါနဲ့ ။ ဒိဋ္ဌိ မပျောက်သေးတဲ့ ပုဂ္ဂိုလ်များဟာ သုဂတိ ရောက်တာ နည်းပါတယ်။ ဒုက္ခတိ.. အပါယ် သွားကြတာ
များပါတယ်။ ဒါကြောင့် ဒီဒိဋ္ဌိတွေကို ပယ်နိုင်သမျှ ပယ်နိုင် အောင် မိမိတို့ ကိုယ်တိုင် လေ့ကျင့်ဘို့် လိုအပ် ပါတယ်။ ကိုယ်သေတာနဲ့ သာသနာနဲ့  မဆိုင်တော့ဘို့ ပါများပါတယ်။ ငရဲ၊ တိရိစ္ဆာန် ပြိတ္တာဘ၀ ရောက် သွား၇င် သာသနာနဲ့ ဆိုင် လို့  မ၇တော့ပါဘူး။ မိမိတို့ တရက်နေ၇ရင် သာသနာနဲ့ တရက်ပဲ ဆိုင်တယ်။ တလနေရရင် သာသနာဟာ မိမိနဲ့ တလပဲ ဆိုင်တယ်။ သေတာနဲ့ မဆိုင်တော့ပါဘူး။
သေပြီးတော့ အပါယ်ကျသွား၇င် တော့ သွားဘီသာ မှတ်ပါ။ ဒါကြောင့် အသေမဦးခင်မှာ ဥာဏ်ဦးဖို့ အရေးကြီးပါတယ်။ စားဝတ်နေရေးဆိုတာ သေတဲ့ အထိရှာ၇မှာပါ။ ဒါကြောင့် ဘုရားမှာခဲ့တဲ့ စကားကို လေးစားကျေးဇူးတင်သော အားဖြင့် နားထောင်တဲ့ အနေနဲ့ ဝိပဿနာ တရားရှုပွားခြင်း အလုပ်ကို မဖြစ်ဖြစ်အောင် ၂၄နာ၇ီမှာ ၁နာ၇ီ ၂နာ၇ီလောက် နေ့စဉ် ပေးကြည့်ကြပါလို့ တိုက်တွန်းပါတယ်။
မိမိကိုယ်ကို သနားကြပါ။ မိမိကိုယ်ကို ပြန်ကယ်ပါ။ ကြုံတုန်း ကြိုက်တုန်း.. ဆိုတဲ့ အတိုင်း ကြုံတဲ့ အချိန်မှာ ကြိုက်လိုက်ကြ စမ်းပါ။ သာသနာ ၅၀၀၀ထားခဲ့တဲ့ ဘုရားရှင်ကို လေးလည်း လေးစားကြပါ။ ကဿပ ဘုရားရှင် ပရိနိဗ္ဗာန် စံတဲ့ အခါမှာ ဓါတ်တော်ကို တစ်လုံးထဲ ထားခဲ့ပါတယ်။ အဲ့ဒါကို စေတီတည် လိုက်ပါ တယ်။ ဂေါတမ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ကတော့ ငါနဲ့  ငါ့သာသနာ မကြုံလိုက်၇တဲ့ ဝေနေယျ သတ္တ၀ါ အပေါင်း ငါ့ဓါတ်တော်တွေ ဖူးပြီးတော့ ဘုရား၊ တရား၊ သံဃာကို သတိ၇ကြပါစေ.. မဂ်ဖိုလ် ၇မဲ့အလုပ်တွေ လုပ်နိုင်ကြ ပါစေ။ မဂ်ဖိုလ်၇မဲ့ တရားတွေ နာကြား နိုင်ကြ ပါစေ။ အကျွတ်တရား ရကြပါစေ .. ၀ိပဿနာ တရား နာကြား အားထုတ် ဖြစ်ကြပါစေလို့ စေတနာနဲ့ သူ့ ရဲ့ ဓါတ်တော် တွေကို အစိပ်စိပ် အမွှာမွှာ ကွဲအောင် အဓိဋ္ဌာန်တော် မူခဲ့ပါတယ်။ ဒါကြောင့် ဂေါတမမြတ်စွာဘုရား သခင်ရဲ့ ဓါတ်တော်တွေဟာ အစိပ်စိပ်အမွှာမွှာကွဲပြီး ကမ္ဘာ အ၇ပ်၇ပ်မှာ ပျံ့ နှံ့ လို့ နေပါတယ်။ မြတ်စွာဘုရား၇ဲ့  ဓါတ်တော်တွေ ဖူးပြီးတော့ အသိဥာဏ်တွေရ ၊၀ိပဿနာ တရားတွေ ရှုပွားကြ အားထုတ်ကြနဲ့  မဂ်ဖိုလ်ရတဲ့  ပုဂ္ဂိုလ် တွေ လည်း ကမ္ဘာနဲ့ အ၀ှမ်း မှာလည်း အများကြီးရှိပါတယ်။
ဘုရားရှင်ကို ဒီအချက်အတွက် ကျေးဇူးတင်စရာ ကောင်းလွန်း ပါတယ်။ ပ၇ိနိဗ္ဗာန် စံကာနီး အချိန်မှာတောင် အခြားဘုရားတွေ ကဲ့သို့ အေးအေး ဆေးဆေး မစံနိုင်ဘူး.. မိဘက သားသမီးကို ပူသလို .သူ့တရား မနာ လိုက်၇တဲ့ နောက်ပိုင်း ပုဂ္ဂိုလ်တွေ အကန်း ပုထုဇဉ်ဘ၀နဲ့ သေသွား၇မှာ သိပ်စိုး၇ိမ်ပြီး ပရိနိဗ္ဗာန် စံကာနီး အချိန်မှာ မှာပါတယ် ။ ဘာမှာသလဲ ဆိုတော့ … ချစ်သား ချစ်သမီးတို့ ငါဘုရား ပရိနိဗ္ဗာန် စံကာနီး နောက်ဆံုး စကား အဖြစ် အရေးကြီး စကား မှာကြားခဲ့မယ်။ ဒီရုပ်နာမ်၂ပါး ခန္ဓာငါးပါးဆိုတာ ဖြစ်ပြီး ပျက်နေကြတယ်။
အဲ့ဒါကို ဆရာကောင်း သမားကောင်းထံ နည်းယူပြီးတော့ မမေ့မလျော့ မပေါ့မဆတဲ့ သတိနဲ့ စဉ်ဆက် မပြတ် ၀ိပဿနာ တရား ရှုပွားပြီး နေရစ်ကြပါ…လို့ အရေးတကြီး မှာကြားခဲ့ပါတယ်။ ဒါနပြုကြ၊ သီလပြုကြ၊ သမထလုပ်ကြလို့ အရေးတကြီး မမှာထားခဲ့ပါဘူး။
၁၅မိနစ်လေးပဲရရပါ။
စိတ်ပင်ပန်းရင် လူပင်ပန်းလွန်းရင် ချက်ချင်း တရားထိုင်မှတ် လို့ မရနိုင်ပါဘူး။ (အလေ့ကျင့် များလာတဲ့ ပုဂ္ဂိုလ်များ အနေနဲ့ ကတော့ တရားစိတ် သွင်းလိုက်တာ နဲ့ အမောပြေ သွားပါတယ်။) ဒါကြောင့် မပင်ပန်းပဲ အိပ်ေ၇းဝတဲ့ မနက်ပိုင်း အချိန်လေးကို ၁၅မိနစ်ပဲရရ ဆက်တိုက် တရားနှလုံး သွင်း ပေးတာ အကျိုး ပိုဖြစ်ထွန်းပါတယ်။ အချိန်အများကြီးထိုင်ပြီး မထိရောက်တာထက် စာရင် ၁၅မိနစ်နာရီဝက်မှာ အပြည့် နှလုံးသွင်းနိုင်တာ ပိုထိရောက်စေပါတယ်။
1. မြင်ရင် မြင်တဲ့နေရာမှာရပ်။ ဆက်ပြီး ဘယ်သူ ဘယ်ဝါ ဘာမြင်တယ် မခွဲခြားန့ဲ။ မြင်တယ်လို့ပဲ သိရုံသိလိုက်ပါ။ ဒီလောက်ပဲ။
2. ကြားရင် ကြားတဲ့ နေရာမှာရပ်။ ဘယ်မင်းသား၊ မင်းသမီးရဲ့  အသံလို့ မခွဲခြားနဲ့။ ဘယ်သူ့အသံလား ဆူညံ သံလား ဘာသံလား နားဝင်ချိုသံလား မခွဲခြားပါနဲ့ ။ ကိလေသာ ကြားမ၀င်စေနဲ့။ ကြားတဲ့ အသံလို့ပဲ သိရုံသိလိုက် ပါ။
3. အနံ့၇တာနဲ့ ရပ်ပစ်။ နံတဲ့စိတ်လေး ပေါ်ရုံပဲ။ ဘာနံ့ ညာနံ့ လို့ မခွဲခြားပါနဲ့။ အနံ့ ၇တယ်လို့ သိရုံလေးသိပြီး ဖြတ်ချလိုက်
4. စားလည်း ၀က်သားကြက်သား မခွဲနေနဲ့  ။ ဘာဟင်း ညာဟင်း မခွဲခြားပါနဲ့ ။ စားကောင်းတယ် မကောင်းဘူး မခွဲခြားပါနဲ့ ။ အရသာပေါ်တဲ့ အချိန်လေးမှာတင် အရသာ ပေါ်တယ်လို့ သိရုံသိပြီး ရပ်ပစ်ပါ။
5. ထိရင် ထိတဲ့နေရာမှာတင် ရပ်လိုက်ပါ။ နူးညံ့တယ် ကြမ်းတမ်းတယ် မခွဲခြားပါနဲ့ ။ ထိတယ်လို့ပဲ သိရုံလေး သိပေးလိုက်ပါ။
6. တွေး၇င် တွေးမှန်းသိလိုက်။ ဘာတွေးတယ်လို့  ဆက် မတွေးနဲ့။ အတွေးပေါ်သွား တယ် ဆို၇ုံလေးသိပြီး ဖြတ်ချ ပစ်ပါ။ ရပ်ပစ်ပါ။
အဲ့ဒါ တ၇ားအားထုတ်နေတာပါ။ ၀ိပဿနာတရားအားထုတ်၇ခြင်း ၇ည်၇ွယ်ချက်က ကိလေသာတွေ ကုန်ဘို့ ခမ်းဘို့ နည်းဘို့ ပါးဘို့ ပျောက်ဘို့ ပါ။ ဘယ်နေရာမဆို ဘယ်အချိန်မဆို တ၇ားအားထုတ်လို့ ၇ပါတယ်။ ဒီခြောက်ချက်ကို အဓိက သိပေးနေပါ။ ဆက်တိုက် သတိထား သိပေးနေပါ။ ဘာလို့ ဆက်တိုက် သိနေ၇မလဲ ဆိုတော့ မျက်စိတမှိတ် တစက္ကန့်မှာ စိတ်က ကုဋေတစ်သိန်း ပြေးနေတာကို လောဘ ဒေါသ မောဟ မာနစတဲ့ ကိလေသာ ကင်းစင်တဲ့  အရိယာအဖြစ် မရောက်ရှိ သေးခင်ဖြစ်တဲ့ ပုဂ္ဂိုလ်တို့ရဲ့  လောဘ၊ဒေါသ၊ မောဟ ဖုံးနေသေးတဲ့ ဥာဏ်နဲ့ လိုက်မမှီနိုင် သေးလို့ မိမိဥာဏ် မှီသလောက် သိသလောက် ဖြတ်ချ နေရပါမယ်။ ဒါလောဘ၊ ဒေါသ၊ မောဟကိ ပါးအောင် ကုန်အောင် လေ့ကျင့်ပေးနေတာပါ။ ဖြတ်ချရင်း လောဘ ဒေါသ မောဟပါးလာတာနဲ့ အမျှ သိလာတဲ့ အသိဥာဏ် တွေ မြန်ဆန်လာတာကို တွေ့ရပါလိမ့်မယ်။
လုပ်သာ လုပ်ပေးနေပါ။ လေ့သာလေ့ကျင့်ပေးနေပါ။ အကျိုးတွေ ကတော့ အံ့သြလို့ မကုန်အောင် သူ့အလိုလို ဖြစ်ထွန်း လာပါလိမ့်မယ်။ မမျှော်လင့်နဲ့.. ဒါပေမဲ့ သူ့အလိုလို မကောင်းတာတွေ ဘေးအန္တ္တရာယ်တွေကို ပယ်သွား ပါလိမ့်မယ်။ မိမိတာဝန်က လေ့ကျင့်နေဘို့ပါ။ တရားတာဝန်က တကယ်အရှိ တရား သူ့အလိုလိုဆိုတဲ့ အနတ္တ သဘောကို ပြလာပါလိမ့်မယ်။
သူတော်ကောင်းအပေါင်း ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနဲ့ မတရားဟုဆိုအပ်သော လောဘ ဒေါသ မောဟ မာန ကိလေသာများနဲ့ အချိန်ကုန်ချိန် နည်းပြီး တရားဟု ဆိုအပ်သော လောဘ ဒေါသ မောဟ မာန ကိလေသာ များကို ဖြတ်ချနိုင်သော အချိန်အများစု ဖြစ်နိုင်ကြ ပါစေလို့။ သစ္စာတရားကိုရှာဖွေ နာယူနိုင်ပါစေ။
မေတ္တာများဖြင့်