မြန်မာနိုင်ငံသား သူတော်စင်အပေါင်းတို့ခင်ဗျာ......
မြန်မာနိုင်ငံသားများဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ (ဆွီဒင်)ကို ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၃ရက်နေ့တွင် Gävle မြို့ ၌ ဆွီဒင်တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် စတင်ဖွဲ့ စည်းနိုင်ခဲ့ပြီး တရားဝင် မှတ်ပုံ တင်ခဲ့ပြီး ဖြစ်ပါသည်။ ဦးတည်ချက်၊ ရည်ရွယ်ချက်များ ထားရှိပြီး ၂နှစ်မြောက် ဆွေးနွေးပွဲမှ ပြန်လည်ရွေးချယ်သတ်မှတ်လိုက်သည့် Örebroမြို့  ဧရိယာ(သို့)၀န်းကျင်ဒေသတွင် ဆွီဒင်နိုင်ငံ ရောက်မြန်မာနိုင်ငံသားများ၏ ပထမဦးဆုံး မြန်မာဘုန်းတော်ကြီးကျောင်း စတင်တည်ထား ကိုးကွယ်နိုင်ရန် မိမိတို့အဖွဲ့ အနေဖြင့် ဦးဆောင်တာဝန်ယူ ကျိုးပမ်းလျှက်ရှိပါသည်။ အသေးစိတ် အချက်အလက်များကိုလည်း ယခုဝက်ဆိုက်အပြင် www.bbfse.com တွင်လည်း သွားရောက်လေ့လာဖတ်ရှူ့ နိုင်ပါသည်။ (မှတ်ချက်။ ဧရာယူနီကုတ်ဖောင့်ရယူရန်လိုအပ်သည်။)
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသားများအနေဖြင့် မည်သည့်ဘာသာကို ကိုးကွယ်နေသည် ဖြစ်ပါစေ ဘာသာတိုင်းသည် ကောင်းမြတ်သော အလုပ်ကိုသာ လုပ်ကြသည်ကို မိမိတို့အနေဖြင့် လက်ခံ ယုံကြည်ထား ပါသည်။ ဘာသာတိုင်းတွင်လည်း လှူဒါန်းခြင်း ဆိုသည့်ဒါနကုသိုလ်ကို လုပ်ဆောင် နေမှုများရှိနေကြသည့်အတွက် မြန်မာနိုင်ငံသား အားလုံး ထံကိုရည်ရွယ်ပြီး အလှူဒါန်န အနည်းအများမဆို ပါဝင်လှူဒါန်းနိုင် စေရန် လေးစားစွာဖြင့် တိုက်တွန်းနိုးဆော်ပေးလိုက်ရပါသည်။
ပါဝင်လှူဒါန်းရာတွင်လည်း ပုံစံအမျိုးမျိုးဖြင့် မိတ်ဆွေတို့အဆင်ပြေသလို ပါဝင်လှူဒါန်း နိုင်ပါသည်။
(၁) လစဉ် မိမိအတိုင်းအတာငွေပမာဏဖြင့် ပါဝင်လှူန်ဒါန်းခြင်း။
(၂) ၆လစာရည်ဇူးငွေအဖြင့် ပါဝင်လှူဒါန်းခြင်း။
(၃) တစ်ကြိမ်တစ်ခါ ပါဝင်လှူဒါန်းခြင်း။
(၄) အဖွဲ့ ဝင်အဖြင့် ပါဝင်လက်တွဲ ကုသိုလ်ပြုခြင်း။
တို့ကို မိတ်ဆွေတို့ အဆင်ပြေသလို ရွေးချယ်ပြီး လှူဒါန်းနိုင်ပါသည်။
မိတ်ဆွေတို့၏ပါဝင်လှူဒါန်းမှုများကိုလည်းအဖွဲ့ အနေဖြင့်အသိမှတ်ပြု မှတ်တမ်းတင် ပေးသွားမည်သာ ဖြစ်ပါသည်။
ပါဝင်လှူဒါန်းနိုင်မည့်နည်းလမ်းများ
(၁) မိမိဘဏ်မှ တိုက်ရိုက်လှူဒါန်းခြင်း။
(၂) တာဝန်ရှိသူများနှင့် တိုက်ရိုက်ဆက်သွယ်ပြီး စာတိုက်မှပေးပို့လှူဒါန်း ခြင်း။
(၃) မြို့ နယ်တာဝန်ခံများမှတစ်ဆင့် လှူဒါန်းခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
အသေးစိတ်အချက်အလက်များကိုလည်း သက်ဆိုင်ရာခေါင်းစဉ်အလိုက် သွားရောက်လေ့လာ နိုင်ပါသည်။
Bankgiro ဖြင့်လည်း လှူဒါန်းလိုပါက လှူဒါန်းနိုင်ပါသည်။
Bankgiro(BG)
2508232 (Burmesiska Buddhistföreningen)
မှတ်ချက်။ ။ BG နှင့် PG ကိုအထူးသတိထားပြီး ရွှေးချယ်ပါရန်။
BG နှင့်သာရွှေးချယ်ရမည်ဖြစ်ပါသည်။
ရပ်နီးရပ်ဝေးမိတ်ဆွေးများလည်း ပါဝင်လှူဒါန်း ဒါနကုသိုလ်ပြုနိုင်ကြပါသည်။
အလှူဒါန်န ဆထက်တစ်ပိုး ပြုနိုင်ကြပါစေ။
ကိုအောင်နိုင်
ဥက္ကဌ
မြန်မာနိုင်ငံသားများဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ (ဆွီဒင်)
|