" ဆွီဒင်နိုင်ငံ အတွင်း မြန်မာဘုန်းကြီးကျောင်း တည်ဆောက်ရန် အတွက် မြန်မာနိုင်ငံသားများဆိုင်ရာ ဗုဒွ့ဘာသာအဖွဲ့(ဆွီဒင်နိုင်ငံ) သို့ အလှူငွေများ ထည့်သွင်းလှူဒါန်းနိုင်ပါကြောင်း"
အဖွဲ့အစည်းအကြောင်း | ဓမ္မရသများ| အလှူရှင်းများစာရင်း | လှုပ်ရှားမှုများ | အစည်းအဝေးမှတ်တမ်း | ဆက်သွယ်ရန်
Mahasi| Mogok| eDhamma| Kyar Ni kan | Dhammaweb | Shwe parami | BBA| Burmese monks | QBBA | Tricycle | Penang sayardaw | Sharingtofrds

 

 

လူ့ဘ၀ရခဲခြင်းနှင့်သံသရာရှည်လှပုံ

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက လူ့ဘ၀ရခဲခြင်းကို ဒုလ္လဘတရားငါးပါး ဖြင့် ဆုံးမတော်မူခဲ့သည်။
(၁) ဘုရားနှင့်မီဖို့၊ ဘုရားရှင်၏သာသနာတော်အတွင်း ကျရောက်ဖို့ ခဲယဉ်းခြင်း၊
(၂) သူတော်ကောင်းတရားကိုကြားနာဖို့၊ ထောင်နိုင်သော နားရှိဖို့ လွန်စွာခဲယဉ်းခြင်း၊
(၃) လူသားအဖြစ်ရဖို့ ခဲယဉ်းခြင်း၊
(၄) ယုံကြည်ထိုက်သော တရားများကို ယုံဖို့ခဲယဉ်းခြင်း၊ မယုံကြည်ထိုက်သော အမွေတွေကို ယုံဖို့ လွယ်ကူခြင်း၊
(၅) ရဟန်းအကျင့်ကိုကျင့်ဖို့ ခဲယဉ်းခြင်း။

ယနေ့ကြွရောက်လာသော မိဘဆွေမျိုးအားလုံးတို့သည် အင်မတန် ကံကောင်းလှသည့် လူသားများ ဖြစ်သည်။ မြန်မာနိုင်ငံသည် ထေရ၀ါဒနိုင်ငံတို့၏ အထွဋ်အထိပ်ဖြစ်ပြီး အများစုမှာ ဗုဒ္ဓသာသနာဝင် မိသားစုများမှ မွေးဖွားလာသည့်အပြင် ၀ိပဿနာတရားနှင့်လည်း အလှမ်းမဝေးပေ။ ဉာဏ်ကြီးလှပြီး အာရုံခြောက်ပါး စလုံးလည်း ကောင်းမွန်သည့် ပုဂ္ဂိုလ်များဖြစ်သည်။ ရခဲလှသည့် လူ့ဘ၀မှာ အခွင့်အရေးများ အပြည့်အ၀ ပိုင်ဆိုင် ထားကြသည်။

လူ့ဘ၀တန်ဖိုးကိုသိရန် ဘုရားရှင်က နခသိခ (လက်သည်းခွံ) သုတ္တန်တွင် ဟောကြားခဲ့သည်။ တစ်နေ့ တွင် ဘုရားရှင်က မြေမှုန့်တစ်ဆုပ် ကိုကျုံး၍ လက်သည်းခွံပေါ်မှာတင်ပြီး နောက်လိုက် ရဟန်းများကိုမေးသည်။ "ငါ၏လက်သည်းခွံပေါ်က မြေမှုန့်နှင့် ဤမဟာပထ၀ီမြေကြီး (ကမ္ဘာကြီး)မှ မြေမှုန့်၊ မည်သည့်မြေမှုန့်က များသနည်း" လို့ မေးသည့်အခါ နောက်လိုက်ရဟန်းများက "တုနှိုင်းလို့မရပါဘုရား"လို့ ဖြေကြသည်။ ဘုရားရှင်က မိန့်ကြားသည်မှာ "အသင်တို့တွေ့သော ငါ၏ လက်သည်းခွံပေါ်တွင်ရှိသည့် မြေမှုန့်မျှလောက်သာလျှင် လူ၊ နတ်၊ ဗြဟ္မာတို့အားလုံး စုတေ၊ ကွယ်လွန်သွားလျှင် လူ၊ နတ်၊ ဗြဟ္မာပြန်ဖြစ်သည်။ ကျန်သည့် ဤမဟာပထ၀ီ မြေကြီး အပြည့် ရှိသော မြေမှုန့်အားလုံးလောက်က အပါယ်သို့ကျကြသည်"ဟု ဆုံးမတော်မူခဲ့သည်။ ၀ိပဿနာ မလုပ်သေးသည့် ပုဂ္ဂိုလ်မှန်သမျှ အပါယ်ဆင်းမှာ သေချာလှသည်။

အပါယ်ကျလျှင် သုဂတိဘုံ ပြန်ရောက်ဖို့ ခက်ခဲကြောင်းကို ကာဏကစ္ဆပသုတ္တန် (လိပ်ကန်းသုတ္တန်) တွင် ဆုံးမတော်မူခဲ့သည်။ အပြောကျယ်သည့် သမုဒ္ဒရာ၏ ကြမ်းခင်းပေါ်မှာ မျက်လုံးကန်းနေသည့် လိပ်ကြီး တစ်ကောင် သွားချင်ရာသွားနေပြီး သမုဒ္ဒရာ ရေမျက်နှာပြင်ပေါ်မှာလည်း လှည်းထမ်းပိုး တုံး တစ်တုံး မျောချင်ရာ မျောနေသည်။ ၎င်းထမ်းပိုးတုံးတွင် အပေါက်ကလေး တစ်ပေါက်ပါသည်။ ထိုအပေါက်မှာ လိပ်ကန်း၏ ဦးခေါင်းနှင့် စွပ်ရုံလောက် သာရှိသည်။ ထိုလိပ်ကန်းမှာ နှစ်တစ်ရာ ကြာမှ ရေမျက်နှာပြင်ပေါ် တစ်ကြိမ်ပေါ်သည်။ ဘုရားရှင်က နောက်လိုက် ရဟန်းများကို မေးသည်။ "သွားချင်သလို သွားနေသည့် လိပ်ကန်း၏ဦးခေါင်းနှင့် မျောချင် သလိုမျောနေသည့် လှည်းထမ်းပိုး တုံး၏ အပေါက်တို့စွပ်သွားရန် လွယ်ပါ့မလား" လို့မေးသည့်အခါ "မည်သို့မျှမဖြစ်နိုင်ပါဘုရား"ဟု နောက်လိုက်ရဟန်းများက ဖြေသည်။

လိပ်ကန်းနောက်မှာ လှည်းထမ်းပိုးတုံးကြီးကို လူကိုယ်တိုင်လိုက်စွပ်လျှင်တောင် ဖြစ်နိုင်ချေမရှိပေ။ ဘုရားရှင်က ဆုံးမတော်မူခဲ့သည်မှာ "လိပ်ကန်းကလည်း ကမ္ဘာတည်သရွေ့ အသက်ရှည်ပြီး ထမ်းပိုးတုံးကလည်း မဆွေးဘဲဆက်လက် တည်ရှိနေခဲ့လျှင် ကံကောင်းထောက်မလွန်းစွာဖြင့် စွပ်ချင်လျှင် စွပ်သွားလိမ့်မယ်၊ အပါယ်သို့ ကျပြီးသော လူ၊ နတ်၊ ဗြဟ္မာအားလုံး လူ၊ နတ်၊ ဗြဟ္မာ ပြန်ဖြစ်ဖို့ရာ အဆပေါင်းရာထောင်မက ခဲယဉ်းလှပေသည်" ဟု ဆုံးမ တော်မူခဲ့သည်။

ဘုရားရှင်က ရှည်လျားလွန်းလှသည့် သံသရာကြီးအကြောင်းကိုလည်း ဟောကြားတော်မူခဲ့ပါသည်။ သံသရာသည် ကမ္ဘာပေါင်း မြောက်မြားစွာ ကြာမြင့် လှပေသည်။ တစ်ကမ္ဘာတွင် မြောက်မြားစွာ ကြာမြင့်လှပေသည်။ တစ်ကမ္ဘာတွင် ကပ်ကြီးလေးကပ်ရှိသည်။ အာယုကပ်၊ အန္တရကပ်၊ အသင်္ချေယျကပ်၊ မဟာကပ် တို့ဖြစ်သည်။ မရေမတွက်နိုင်အောင်သော ရှည်လျားလှသည့် သက်တမ်းက စပြီး အနှစ်တစ်ရာကြာတိုင်း တစ်နှစ် လျော့လာခြင်းဖြစ်ရာမှ ဂေါတမဘုရားရှင် ပွင့်တော်မူချိန်မှာ အနှစ်တစ်ရာ နေနိုင်သောသက်တမ်းဖြစ်သည်။ အနှစ်တစ်ရာကြာတိုင်း တစ်နှစ် လျော့လာ၍ ဘုရားပရိနိဗ္ဗာန်စံပြီး သာသနာသက္ကရာဇ်(၂၅၄၉)နှစ်ကျော်ရှိ လာသော ယခုခေတ် သက်တမ်းသည် "ခုနှစ်ဆယ်လေးနှစ် ကျော်ကျော်" ဖြစ်သည်။ အနိမ့်ဆုံးမှာ ဆယ်နှစ်တန်း မှာဆုံးသည်။ ထိုသို့ ကျဆင်းလာခြင်းကို "ဆုတ်ကပ်"ဟုခေါ်သည်။ သက်တမ်း ဆုတ်လာခြင်းဖြစ်ပြီး သာသနာ ဆုတ်လာခြင်း မဟုတ်ပေ။ ယနေ့ခေတ် လူအများမှာ သာသနာဆုတ်သည်ဟု မှားယွင်းစွာ ပြောဆိုနေကြသည်။ ယနေ့ခေတ်သည် ၀ိမုတ္တိခေတ် သာသနာနှစ်(၂၅၀၀)ကျော်လျှင် အနတ္တသာသနာတစ်ပတ်ပြန်လည်လာသည့် "ကာလ၀ိမုတ္တိယုဂ ခေတ်ကြီး" ဖြစ်သည်။

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်များ လက်ညိုးထိုးမလွဲ၊ ရဟန္တာကြီးများ တဗြောင်းဗြောင်း ပွင့်ရမည့် ခေတ်ဖြစ်သည်။ (၄၉)နှစ်ပင် ကျော်လာပြီးဖြစ် သည်။ ထေရ၀ါဒ ဗုဒ္ဓသာသနာဝင်များ၏ နှုတ်ဖျားမှာ "သာသနာ ဆုတ်ကပ်"လို့ မပြောသင့်ပေ။ လူ့သက်တမ်း ဆယ်နှစ်အထိ ဆုတ်ပြီးသော အခါ အနှစ်တစ်ရာကြာတိုင်း နှစ်ဆ ပြန်တက်သည်။ မရေတွက်နိုင်သည့် သက်တမ်းအထိ ပြန်တက်လာခြင်းကို "တက်ကပ်"ဟုခေါ်သည်။ ထိုသို့ ဆုတ်လာ သည့်ကပ်နှင့် တက်လာသည့်ကပ်ကို "အာယုကပ်"ဟုခေါ်သည်။ အာယုကပ်၏ အတက်နှင့်အဆင်း တစ်ကြိမ်ကို အန္တရကပ်ဟုခေါ်သည်။ အန္တရကပ်ပေါင်း (၆၄)ကြိမ်ကို "အသင်္ချေယျကပ်"ဟုခေါ်သည်။ အသင်္ချေရကပ် လေးကပ်၊ လေးကြိမ်ပေါင်းထားခြင်းကို မဟာကပ်(တစ်ကမ္ဘာ)ဟု ခေါ်ပါသည်။ အသင်္ချေယျကပ် လေးကပ်မှာ -
(၁) သံဝဋ္ဋကပ်(ကမ္ဘာပျက်ဆဲကာလ)
(၂) သံဝဋ္ဋဌာယီကပ် (ပျက်ပြီးတည်နေဆဲကာလ)
(၃) ၀ိဝဋ္ဋကပ် (ကမ္ဘာပြန်လည်ဖြစ်လာဆဲကာလ)
(၄) ၀ိဝဋ္ဋဌာယီကပ် (ကမ္ဘာဖြစ်လာပြီးတည်နေဆဲကာလ)
အသင်္ချေယျကပ်လေးကပ်ကို တစ်ကမ္ဘာ (မဟာကပ်တစ်ခု)ဟုခေါ်သည်။ ထို့ကြောင့် တစ်ကမ္ဘာတွင် ရေတွက်၍ မရနိုင်အောင် ကြာမြင့်လှပါသည်။ အပါယ်သို့ရောက် သွားလျှင် သုဂတိဘုံ ပြန်ရောက် ရန် ကြာမြင့်လှ ပါသည်။ ထို့ကြောင့် လူ့ဘ၀ရခဲခြင်းနှင့် သံသရာရှည်လှပုံကို နားလည် သဘောပေါက် ပြီး အခွင့်အရေးရှိတုန်း "၀ိပဿနာ ဘာဝနာ"ကို အားထုတ်သင့်ပေသည်။

 

 

လူချင်းတူပါလျှက် ဘာ့ကြောင့် ကွဲပြားရ သနည်း ကယ်တင်သူနှင့် နစ်မြုပ်သူ...(ဗုဒ္ဓ၏ဥပမာတစ်ထောင်)
■ ကိုးကွယ်တယ်ဆိုတာဘာလဲ(၁) အရေးကြီးသည့် အသိဉာဏ်များ...
■ သရဏဂုံအကြောင်း ၃၁ - ဘုံ
ဗုဒ္ဓနည်းကျ ရှင်ပြုပွဲ အပါယ်ပိတ် တရား
ဤမျှလောက်သောစည်းစိမ်သည် လူ့ဘ၀ရခဲခြင်းနှင့်သံသရာရှည်လှပုံ
■ ဗုဒ္ဓဘာသာဝင်တိုင်း အတွက် ■ တရားကိုမြင်က ဘုရားဖူးပြီးသား ဖြစ်သည်
 
 
ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှု… စိတ်အားဖြည့် စကားစုလေးများ (၁၀)…
ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး… ဘ၀ဆက်တိုင်း သရဏဂုံတည်အောင် ဘယ်လို ပါရမီတွေ ဖြည့်ကျင့်သင့်သလဲ
ကောင်းကျိုးမကောင်းကျိုး စိတ်စေတနာနှင့်ပတ်သတ်၍
အမျိုးသမီးများနှင့် ဗုဒ္ဓဘာသာ တရားရနိုင်သော နည်းလမ်းများ
ကံအကြောင်းနဲ့ပတ်သတ်၍ အမေးအဖြေ ဘုရားရှင်တို့၏ အဆုံးအမ အနှစ်ချုပ်
အလှူ့ရှင်ဂုဏ်ရည် စိတ်သန့်ရှင်းရေး

ကံအကျိုးပေး ကွာခြားပုံ  
 
ဗောဇ္ဈင် ၇-ပါး ရန်ငြိုးဖြေရာ သီလဝိသုဒ ဒု - သ - န - သော…
တရားနှင့်အညီ နေထိုင်ခြင်း… ကုသိုလ်နဲ့ အကုသိုလ်… ကထိန်အကြောင်း ပဋ္ဌာန်းအကြောင်း
သောတာပန် ပြဿနာ ရှင်းတမ်း နိဗ္ဗာန်ဆိုတာ ငါအိုသွာသောအခါ ဗုဒ္ဓတရားတော်နှင့် နိုင်ငံရေး
တောထွက်ရဟန်း… ဘုရားအနေကဇာ တင်တယ် သူသေကောင်နဲ့ သရဏဂုံ ကပ်ပြီးရင် မကိုင်နဲ့
ဝိကာလနဲ့ အချိန် သတ်မှတ်ချက် သံသရာအပြီးတိုင် ဘုရား အဘိဓမ္မာ အခါတော်နေ့
သီတင်းကျွတ်လပြည့်နေ စိတ်သန့်ရှင်းရေး အဝေးအနီး အရေး မကြီး အံ့သြဖွယ် သဒ္ဓါတရား
Steven Kaboggoza မှ အရှင်ဗုဒ္ဓရက္ခိတ ဖြစ်လာသူ ကုသိုလ်ကောင်းမှုနဲ့ ရက်ကောင်းရက်မြတ်
ရဟန်းတော်များ ဆွမ်းခံရခြင်း၏ အကြောင်းအရင်း circle link

http://upload.wikimedia.org/wikipedia/commons/thumb/7/77/Flag_of_Buddhism.svg/125px-Flag_of_Buddhism.svg.pngအပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊ နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတမှာ အရိယာ၏ ဖော်ညွှန်း ဂုဏ်ရည် စာသွန်းစီသည် လ၀န်းရောင်ြခည် ဓမ္မစေတီ။

မေတ္တာသုတ်
 
နိုင်ငံတကာစံတော်ချိန် ကြည့်ရန်
ရွှေတိဂုံစေတီတော်မြတ်ကြီး
သီလက နောက်တန်းမှာ အင်အားမွေးစေ၊ သမာဓိက အမာခံနယ်မြေကို တည်ဆောက် စေ၊ ပညာက ကိလေသာဗိုလ်ချုပ်(၁၀)ဦးကို ထိုးစစ်ဆင်တိုက်စေပေါ့။ မဂ္ဂင်(၈)ပါးမှာ သီလမဂ္ဂင်က သုံးပါး (သမ္မာဝါစာ၊ သမ္မာ ကမ္မန္တ၊ သမ္မာအာဇီဝ)၊ သမာဓိမဂ္ဂင်က သုံးပါး (သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ)၊ ပညာမဂ္ဂင်က နှစ်ပါး (သမ္မာဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ)ပေါ့။ မဂ္ဂင်ကူးတို့ဖြင့် နိဗ္ဗာန်ကူးကြစို့။
 
The 5th Tipitaka Chanting Ceremony, Bodhgaya
 
ပန်းအိဖြူ-ဗောဓိပင်နှင့်ရွှေပလ္လင်
 
ထူးအိမ်သင် - မဟာဝီရ အို..ဗုဒ္ဓ
 
shwedagon pagoda
 
မြဝတီရုပ်မြင်သံကြား မှ ကူညီပြုပြင် ပေးခဲ့သော
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဈာပန မှတ်တမ်း
မိုးကုတ်ဆရာတော်ဘုရာကြီး၏ ဈာပနမှတ်တမ်း
 
ဗုဒွ့မြတ်စွာဘုရားရဲ့ ဘ၀ဖြစ်စဉ်တဲ့
 

အရှင်အာဒိစ္စရံသီ (ဦးဆန်းလွင်)၏ တစ်ဘ၀စာ အပ္ပါယ်တံခါးပိတ် ၇ရက်တရားတော်များ

001-AshinArdeiksayanthi

002-AshinArdeiksayanthi

003-AshinArdeiksayanthi

004-AshinArdeiksayanthi

005-AshinArdeiksayanthi

006-AshinArdeiksayanthi

007-AshinArdeiksayanthi

BBF' Download Files
အဖွဲ့ဝင်သစ် လျှောက်လွာပုံစံ
အဖွဲ့ဝင်များလက်ခံရခြင်းရည်ရွယ်ချက်
BBF သို့ အလှူငွေများ လှူဒါန်းနိုင်သည်၊၊
Burmese Buddhist Föreningen
Clearing no: 8103-4
Account no: 904 674 260-8
IBAN: SE96 8000 0810 3490 4674 2608
Swift Code: SWEDSESS
free counters

သီတဂူဆရာတော်ကြီး

သီတဂူဆရာတော်ကြီး

“ငါတို့ကို တိုင်းပြည်နှင့် သာသနာက လေးစားတယ် ဆိုတာ အများအကျိုး ပြုလုပ်ငန်းတွေ ကြောင့်ပဲ၊ ငါကတော့ သာသနာ့ ကျေးကျွန် အဖြစ်ခံယူပါရ စေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့် တွေ ကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာ အတွက် အနစ်နာခံ တဲ့စိတ် စွန့်လွှတ် တဲ့စိတ် နှင့် အလုပ်လုပ် စေချင် တယ်”

 

တိပိဋက-ယောဆရာတော်

တိပိဋက-ယောဆရာတော်

သူတော်ကောင်းအဓိပ္ပါယ်

သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်က ကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်း ဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်း ကောင်း ကိုယ်ကကောင်းရမယ်၊ ဒါမှ သူတော်ကောင်း အစစ် ဖြစ်နိုင်မယ်။

 

အရှင်ဥာဏောဘာသ

ဝိပဿနာ မြတ်တရားများ

၁။ ပင့်ကူနေနည်းပမာမှီး

၂။ ဇာနတော+ပသတော

၃။ ကာယမိမံတရားထိုင်ပုံထိုင်နည်း

၎။ နှလုံးသွင်းမှန်ရန်

၅။ ခန္ဓာ နှစ်မျိုးရှင်း

၆။ သင်္ခါရလောက

၇။ သတိပဋ္ဌာန်မှဘာဝနာကူးပါ

၈။ ဝိဝေကသုံးပါး တဏှာနှင့်ရန်ဖြစ်ရဲမှ

၉။ ဒုက္ခ သုံးမျိုး

၁၀။ ဓါတ် ၆ ပါးကမ္မဋ္ဌာန်း

၁၁။ သုညတ သဘာဝမြင်မှ

၁၂။ အရှင်ဝက္ကလိရဟန်းအား

၁၃။ ဝိသုဒ္ဒိ (၇)ပါး အလုပ်စဉ်တရား

၁၄။ ဝိဖ္ဖာနှင့်စရဏ (၂)ပါးပြည့်စုံမ

၁၅။ ဝေဒနာအတု အစစ်ခွဲ

၁၆။ ဝေဒနာကို (၇) ချက်ဖြင့်မြင်အောင်ရ

၁၇။ မဂ် (၂)မျိုးခွဲ

၁၈။ အရှုံးထဲမှအမြတ်ရ

၁၉။ နိဝရဏပယ်နည်းနှင့် ဝိဝေက(၃)ပါး

၂၀။ အဖုံးနှစ်ချပ်လှန် နိဗ္ဗာန်မြင

 

ကြာနီကန်ဆရာတော်၏တရားများ

သေချိန်တန်ကသေကြရ ဆိုတဲ့တရားတော်

လူလားခွေးလား ဆိုတဲ့တရားတော်

သားသမီးယုံ စုံလုံးကန်း ဆိုတဲ့တရားတော်

ကျေးဇူးရှိမှကျေးစွပ်ရ ဆိုတဲ့တရားတော်

မချစ်တာနဲ့ရန်ငြှိုးဖွဲ့ ဆိုတဲ့တရားတော်

လက်နက်ပိုင်ရှင်နို့ထမ်းဘုရင် ဆိုတဲ့တရားတော်

အမြတ်ဆုံးရတနာ ဆိုတဲ့တရားတော်

 

 

Total Visitor since 2008
 

 

ကရင်ရိုးရာ ဒုံးယိမ်းအက

ရခိုင်ရိုးရာ လောင်းလှေပြိုင်ပွဲ

 

 

 

 

မွန်ရိုးရာ အက

ကချင်ရိုးရာ အက

 

ရုပ်ရှင်/ သီချင်းများ
Myanmar World
Shwe Dream
Than Zin Hine
Shwevideos
Minthihla
Movie-on-demand
Burmese Classic
I-Film Fest
Shwe O
ခရမ်းပြာအိမ်မက်
freemyanmarvcd
မြန်မာ magazine
Popular Myanmar
Planet
People Magazine
Myanmar Time
Innwa
Market Journal
Shwe Amyu Tay
Thuriya
Weekly Eleven
 
သတင်း မီဒီယာများ
ဒီမိုကရက်တစ်မြန်မာ့အသံ
လွတ်လပ်တဲ့အာရှအသံ
ဗွီအိုအေ
ခေတ်ပြိုင် ဂျာနယ်
Mizzima မြန်မာသတင်းဌာန
ပေါပြူလာမြန်မာသတင်းများ
ဘီဘီစီ (မြန်မာ)
ယနေ့မြန်မာ-burmatoday
လူထုအသံ online journal
ဧရာဝတီ Irrawaddy
မြန်မာဘလော့ဂ်များ
ငယ်နိုင်Nge Naing
မိုးမခ Moemaka
ဝိမုတ္တိသုခ Vimuttisukha
အန်ဒါမန်ဟီးရိုး
မြန်မာစကားဝိုင်း
မြန်မာဟီးရိုး
Lanka-MSMA
တောင်ငူသား Taungoo
အာဇာနည် Arzarni
ထွန်းလှိုင် Htun Hlaing
ဆရာတော်ပေါင်းစုံတို့ရဲ့ တရားတော်များ

ပြီးပြည်စုံသော သာသနာ တရားတောအပိုင်း-၁

အပိုင်း-၂
ထေရ၀ါဒ အနှစ်သာရများ တရားတော် အပိုင်း-၁
အပိုင်း -၂
ဓမ္မဒါန အလှူရှင် (မောင်လင်းနိုင်ဦး နှင့် မ၀င်းဝင်းဌေး) ဘန်ကောက်မြို့

ဆရာတော် ဦးသုမင်္ဂလာ ရဲ့ တရားတော်များ

ရွှေပြည်အေးတရားတော်
တာဝန်သိ တရားတော်
Sweden- Karen Dictionary

မြန်မာအဘိဓာန်များ

SFI-Länkar-Sajter

ကိုစိုးမင်းရဲ့မြန်မာသုံးအဘိဓာန်

မြန်မာစာလုံးလှလှလေး လိုချင်ရင်

မြန်မာ-အင်္ဂလိပ

Online Dictionary

Myanmar-English Dictionary

Språkrådet

မြန်မာဝတ္ထုပေါင်းစုံ ဖတ်လိုသူများသို့

Photobucket

Organization name & register number   Burmese Buddhist Föreningen
Organization Number: 802441-5765
BBF Address   Rönningsgatan 23A, 81334 Hofors
BBF Bank account number   Swedbank
Konto number :904 674 260-8
Clearing number:8103-4
BBF International Bank account   IBAN: SE96 8000 0810 3490 4674 2608
BIC: SWEDSESS

About Us|committee | Contact Us | BBF Member Aim| BBF Member Form | BBF' working Plan |Donate to BBF| Donation List | Activities ©2010 BBFSE.ORG WEBDESIGN JZ


free counter