တ၇ားရနိုင်သော နည်းလမ်း ၃မျိုး ရှိပါတယ်။
၁ ။ ကျင့်ခြင်းဖြင့် ၄င်း
၂ ။ တ၇ားနာ ခြင်းဖြင့် ၄င်း
၃ ။ တ၇ားစကား ဆွေးနွေးခြင်းဖြင့် ၄င်း တ၇ား၇နိုင်ပါတယ်။
ကျင့်ခြင်းဖြင့်တ၇ားရနိုင်ခြင်း
တချို့ က တ၇ားရရန်အတွက် ၀ိပဿနာ အလုပ်ကို ဘု၇ားရှေ့ မှာ တင်ပလ္လင်ခွေ ထိုင်ပြီး ကျင့်မှ ရနိုင်သည်ဟု ထင်ပြီး ၊ နောက်မှ လုပ်မယ် ၊ အားမှ လုပ်မယ် ၊ အချိန်မရှိသေးဘူး
စသည်ဖြင့် ဆင်ခြေပေးပြီး ၊ အချိန်ဆွဲ နေတတ်ကြပါတယ် ၊ ဗုဒ္ဓဘာသာဝင် အတော်များများ အမှတ်မှား ထားသော အချက် တခုရှိတယ်၊ ပထမအရွယ်တွင် ပညာရှာ၇မည် ။ ဒုတိယအရွယ် တွင် ဥစ္စာရှာ၇မည်။ တတိယအရွယ်တွင် တ၇ားရှာရမည်ဟု အမှတ်ထား ထားခဲ့ကြတယ် ၊ အလွန်မှားသော အယူအဆဖြစ် ပါတယ်၊ သေခြင်းတ၇ားသည် အချိန်မရွေးေ၇ာက်လာနိုင်တယ် မဟုတ်ပါလား ၊ သေမင်းကို အသက်ကြီးမှ လာခေါ်ပါလို့ တား ထားလို့မ၇ပါ ၊ ဒါကြောင့် အသေမဦးခင် ဥာဏ်ဦးအောင် ကြိုး စားကြပါလို့  မိုးကုတ်ဆ၇ာတော် ဘုရားကြီးက တိုက်တွန်း ထားပါတယ် ၊
ပထမအရွယ်တွင် ဥာဏ်ထက်မြတ်တုန်း အ၇ွယ်ဖြစ်၍ တ၇ား အားထုတ်လျင် အလျင်အမြန် ၇နိုင်သည်ဟု ဆိုပါတယ် ၊ မြတ်စွာဘု၇ား လက်ထက်က ခွက်စွဲပြီး တောင်းစားနေသော
သူအို လင်မယားနှစ်ယောက် ဘု၇ားကျောင်း ရှေ့ သို့ေ၇ာက် လာသောအခါ မြတ်စွာဘု၇ားက ထိုသူအို လင်မယား နှစ် ယောက်ကို အကြောင်းပြုပြီး ရဟန်းများကို တ၇ားဟော ပါ တယ်။ ထိုသူအို လင်မယားနှစ်ယေက်မှာ ကုဋေများစွာ ကြွယ် ၀သော သူဌေးများ ဖြစ်ခဲ့ကြတယ်၊ ပထမအရွယ်တွင် စီးပွါးရေး ကို ကောင်းမွန်စွာ လုပ်ကိုင်မည် ဆိုပါက ပထမတန်းစားသူဌေး ကြီးများဖြစ်မယ် ။ တ၇ားကို အားထုတ်မည် ဆိုပါက ၇ဟန္တာ အထိဖြစ်နိုင်တယ် ၊ ဒုတိယအရွယ်တွင် စိးပွါးေ၇းကို ကောင်းမွန် စွာ လုပ်ကိုင်မည် ဆိုပါက ဒုတိယတန်းစား သူဌေးကြီးများဖြစ် မယ်။ တ၇ားအားထုတ်မည် ဆိုပါက အနာဂမ် ဖြစ်နိုင်မယ် တတိယ အရွယ်တွင် စီးပွါးဥစ္စာကို ကောင်းမွန်စွာ လုပ်မည်ဆိုပါ က တတိယတန်းစား သူဌေးကြီးများ ဖြစ်နိုင်သေးသည်။ တ၇ား အလုပ် လုပ်မည်ဆိုပါက သောတပန် တည်နိုင်သေးသည် အခု တော့ ထိုအရွယ် သုံးပါးစလုံးကို အလဟသ ကာမဂုဏ်အာရုံတို့ ၌သာ လိုက်စား၍ အချိန်ဖြုံးခဲ့သောကြောင့် အခုအရွယ်တွင် စီးပွါးဥစ္စာများ ဆုံးရှုံပြီး တောင်းစား နေကြ၇တယ်လို့  ဟော ပြော ဆုံးမတော်မူခဲ့ပါတယ် ၊
တ၇ား ၇နိုင်သောနည်း ၃ နည်းတွင် ပထမ နည်းဖြစ်သော ကျင့်၍ ၇နိုင်သော နည်းဆိုသည်ကိုတော့ လူတိုင်းသိပြီး ဖြစ်ကြ ပါတယ် မြန်မာနိုင်ငံတွင် ၀ိပဿနာ တ၇ားစခမ်း များစွာရှိပါ တယ် ၊ အဆိုပါ တ၇ားစခမ်းများသို့  အချိန်ကာလ သတ်မှတ်ပြီး
တ၇ားဝင် တ၇ားအားထုတ်ခြင်းဖြင့် ၄င်း ။ မိမိအိမ်တွင် အချိန် သတ်မှတ် ၍ တနေ့ တနာ၇ီ နှစ်နာ၇ီ စသည်ဖြင့်  ဘု၇ားစင်ရှေ့ တွင် ထိုင်ပြီး ၀င်လေထွတ်လေ အာနာပါဏမှ အစပြု၍ ၀ိပဿနာ တ၇ား အားထုတ်ခြင်း ကိုဆိုလိုပါတယ် ၊ တကယ် တော့ ကျင့်၍အားထုတ်ခြင်းတွင် ၊ ဘု၇ားရှေ့တွင် ထိုင်၍ အား ထုတ်မှ ၇နိုင်သည် မဟုတ်ပါ။ ထိုင်နေ၇င်း ၊ ထနေ၇င်း ၊ သွား နေ၇င်း ။ အိပ်နေ၇င်း အားထုတ်နိုင်ပါတယ် ၊ တ၇ား၇နိုင်ပါ တယ် ၊ ၀ိပဿနာရှုသည် ဆိုသည်မှာ ခန္ဓာက ပြောတာကို ဥာဏ်ဖြင့် စောင့်ကြည့်တာ ၀ိပဿနာဟု ဆိုသဖြင့် ၊ ခန္ဓာက လာပါ ကြည့်ပါ ရှုလှည့်ပါဟု အမြဲခေါ်နေတာကို စောင့်ကြည်ရုံ ပါဘဲ ၊ စောင့်ကြည့်သည် ဆိုသည်မှာ စိတ်ကလေးတခု ပေါ်လာ တယ် ။ ကောင်းတဲ့စိတ်ဖြစ်ဖြစ် မကောင်းတဲ့စိတ်ဖြစ်ဖြစ် ပေါ် လာတာကို စောင့်ကြည့်တဲ့ အလေ့အကျင့် ရှိသူဆိုပါက ထိုစိတ် ကလေး ရှိသေးလား မရှိတော့ဘူးလားလို့ ကြည့်နေပါ ၊ အဲဒါ ၀ိပဿနာဘဲ ဖြစ်ပါတယ် ၊ ( စောင့်ကြည့်တာ ၀ိပဿနာ )
ဘု၇ားက လူတကိုယ်မှာ စိတ်နှစ်ခု တပြိုင်ထဲ မဖြစ်နိုင်။ တစိတ် ဖြစ်ပြိး နောက်စိတ်လာလျှင် ရှေ့စိတ်မရှိတော့ ပျက်ပေး၇တယ် လို့ဆိုထားပါတယ် ၊ အဲဒါကို ဟုတ်မဟုတ် စောင့်ကြည့်ပေးပါ ( စောင့်ကြည့်တာ ၀ိပဿနာ ) ဆိုသဖြင့် တ၇ားအားထုတ်သည် ဆိုသည်မှာ မည်သည့်အချိန်မဆို အားထုတ်လို့ ၇ပါသည်၊ ထမင်း စားနေ၇င်း ။ေ၇ချိုးနေ၇င်း ။ အလုပ်လုပ်နေ၇င်း ။ ထမင်းချက်နေ၇င်း အားထုတ်နိုင်ပါသည်၊ ခန္ဓာပြောတာ ဥာဏ် ကစောင့်ကြည့်လို့  အော်ဟုတ်ပါလား မှန်လိုက်တာလို့ ကိုယ် တိုင် မှတ်ချက်ချနိုင်၇င် တ၇ားမြင်ပြီလို့ ဆိုနိုင်ပါတယ်။
တ၇ားနာ၇င်းဖြင့်လဲ တ၇ား ၇နိုင်ခြင်း
တ၇ားနာ၇င်းဖြင့် တ၇ား၇နိုင်ပါတယ်။ ဘု၇ားရှင်လက်ထက်က ဘု၇ားတ၇ားနာလို့  တ၇ားအဆုံးတွင် မည်သူ မဂ်လေးတန်၇၍ ၇ဟန္တာ ဖြစ်သွားတယ်။ မည်သူ သောတပန် တည်သွားတယ် ဆိုတဲ့ ဒေသနာများကို ကြားဘူးကြမည် ထင်ပါတယ် ၊
အနာတပိဏ် သူဌေးကြီး ဘု၇ားတ၇ားနာ၇င်း သောတပန် တည်သွားပုံ။ ပဒါစာ၇ီ အ၇ူးမအဖြစ်နှင့် ဘု၇ားတ၇ားဟောနေ သော ဇ၇ပ်ထဲေ၇ာက်လာပြီး၊ ဘု၇ားဟောသော တ၇ားအဆုံး တွင် သောတပန် တည်သွားတယ် စတဲ့ ၀တ္တုများကို ကြားဘူး ကြမည် ထင်ပါသည်။ တ၇ားနာသည် ဆို၇ာတွင် နားက တ၇ား နာ၇င်း ဥာဏ်က ခန္ဓာကို လှည့် ပြီး စူးစိုက်ကြည့်နေ့ ပါက
တ၇ားနာ၇င်း တ၇ားကျင့်သလို ဖြစ်နေပါတယ်။ အဟောကြား တ၇ားနှင့် ခန္ဓာဟောတ၇ား တထပ်ထဲ ကျသွားသည်ကို ဟုတ် တာဘဲ မှန်တာဘဲ ခန္ဓာထဲမှာ ဒီလိုဖြစ်နေတာဘဲလို့ သိသွားတဲ့ အချိန်ဟာ တ၇ား၇တဲ့ အချိန်ဖြစ်ပါသည်။
တကယ်တော့ တ၇ားနာမှုကို အ၇င်လုပ်လျင် ကောင်းပါသည်၊
မိုးကုတ် ကမ္မဌာန ဆ၇ာတော်များက အလုပ်စဉ်ကို ဟော၇ာ တွင် နာတဲ့ အတိုင်းလဲ သိကြပါစေ ၊ သိတဲ့ အတိုင်းလဲ ကျင့်ကြံ နိုင်ပါစေ၊ ကျင့်တဲ့အတွက် ဒီဘ၀ ဒီခန္ဓာ မစွန့်ကြခင်၊ ခန္ဓာအသိ နှင့် ဥာဏ်အသိကို သိပြီး မဂ်ဥာဏ်ဖိုဥာဏ် ၇ကြပါစေလို့
အလုပ်စဉ်ကလေးကို ထဲ့ဟောထားတာ တွေ့ ၇တဲ့အတွက် တ၇ားနားမှု၊ သိမှုကို အ၇င်လုပ်တာ ပိုကောင်းပါတယ်၊ ဘာမှ မသိသေးဘဲ သူများထိုင်သလို ထိုင်ဟဲ့ ရှူဟဲ့ လုပ်ဟဲ့ ဆိုပြီး ၇မ်း လုပ်၇င် ၊ အသိဥာဏ် မပါတဲ့အတွက် တ၇ား၇နိုင်မှာ မဟုတ်ပါ ၊
ဝိပဿနာ အလုပ်သည် ဥာဏ်အလုပ် ဖြစ်ပါတယ် ၊
တရား ဆွေးနွေး၇င်းဖြင့်လဲ တ၇ား၇နိုင်ခြင်း
တ၇ား ဆွေးနွေးတာဟာ တ၇ားကျင့်တာ တမျိုးဖြစ်ပါတယ်၊ ဆွေးနွေးတယ် ဆိုတာ၊ ကိုယ့်စိတ်ထဲမှာ သံသယ ဖြစ်နေတာ၊ ရှင်းလင်းတာကို ကိုယ့်ထက် သိတဲ့ နားလည်တဲ့ သူထံမှာဖြစ်စေ ၊
တ၇ား အားထုတ်ဖေါ် အချင်းချင်းဖြစ်စေ ဆွေးနွေး မေးမြန်း ၇င်းဖြင့် အဖြေမှန် ၇သွားပြီး၊ တ၇ားသဘော ပေါက်သွားတာ ဖြစ်ပါတယ်။ ဥာဏ်အမြင် ရှင်းလင်းသွားတာကို တ၇ား၇သွား တယ်လို့ ဆိုနိုင်ပါတယ်၊ တ၇ား၇သွားတယ် ဆိုတာ၊ တ၇ားကို နားလည် သဘောပေါက် သွားတာကို ဆိုလိုတာပါ။ ဘု၇ားရှင် လက်ထက်က ဘု၇ားထံ ကိုယ်မရှင်းလင်းတဲ့ အကြောင်းအ၇ာ တွေကို လာမေးမြန်းပြီး အမှန်တ၇ားကို နားလည် သဘော ပေါက် သွားတဲ့ သာဓကတွေ အများကြီးရှိပါတယ်။
အဂိဝစ္စပုဏ္ဏား ဘု၇ားထံ သတ္တ၀ါ သေ၇င်ဖြစ်သေးသလား ။ မဖြစ်တော့ဘူးလား ၊ အစချီပြီး နှိဗ္ဗာန် အကြောင်းကို မေးမြန်း အင်္ပြီးတွင် တ၇ား၇သွားတဲ့ ၀တ္တုများ၊ သိကြားမင်း ဥယျဉ်ထဲ သွားပြီး နတ်သမီးများနဲ့ အပျော်အပါး မထွက်ခင်၊ မေးစ၇ာ မေးခွန်းကလေး ရှိနေတာကို ၊ ဥယျဉ်ထဲေ၇ာက်၇င် မေ့သွားမှာ စိုးလို့ဆိုပြိး။ ဘု၇ားကို သွားမေးတယ်။ အရှင်ဘု၇ား လူတွေ၊ နတ်တွေ ဟာ အန္တ၇ယ်မကင်း ဘေးမရှင်းတာ ဘာကြောင့်ပါလဲ ဘု၇ား။ တဏှာ အမြန်သေစေတဲ့ နည်းဟာဘာလဲလို့  ဘု၇ားကို လျောက်ထားတော့ ဘု၇ားက ပြန်ဟောပြောလို့ တ၇ား မဆုံး ခင်မှာ သိကြားမင်း သောတာပန် တည်သွားတယ် ဆိုတဲ့ဝတ္တု များ ကြားဘူးကြမယ် ထင်ပါတယ်။
ဒါဟာ တ၇ား ဆွေးနွေး မေးမြန်း၇င်းနဲ့ တ၇ား၇သွားတာ ဖြစ်ပါ တယ်။ တ၇ားဆွေးနွေးတယ်၊ တ၇ားဆွေးနွေးတော့မယ် ဆိုသူ ဟာ သူအနေနဲ့ ဒီပြဿနာတ၇ပ်ကို ကြိမ်ဖန်များစွာ စဉ်းစား ၇င်း လေ့လာ၇င်း၊ ကျိုးစားအားထုတ်၇င်း အဖြေမ၇နိုင်တဲ့ အတွက် မေးတာဖြစ်တဲ့အတွက် သူ့ နေနဲ့ တ၇ားနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေခဲ့သူ ဖြစ်ပါတယ်၊ နောက်ဆုံး အသိဥာဏ် ဖွင့် ပေးသူက ပြာဖုံးနေသော မီးခဲကလေးကို လေမှုတ်ပေးလိုက် သလို မီးခဲလေး မီးတောက်လာတာ ဖြစ်ပါတယ်။
ဒါကြောင့် မိတ်ဆွေ သူတော်ကောင်း အပေါင်းတို့ ကို တ၇ား၇ နိုင်ဘို့ အတွက် မခက်ခဲဘူး၊ အလွယ်ကလေးနဲ့  ၇နိုင်တဲ့ နည်း လမ်းတွေ ရှိပါတယ်လို့  လက်ဆင့်ကမ်း အသိပေးလိုက်တာပါ ၊
ဒီဘ၀ ဒီခန္ဓာ မစွန့် ကြခင် ဥာဏ်ဦးနိုင်ကြပါစေ ၊
ဖိုးသုည
ဝန်ခံချက် ။အထက်ပါ အသိတ၇ားများကို ကိုယ်တိုင်းအသိနှင့်ေ၇းသားနိုင်ခြင်း မဟုတ်ပါ၊ ဆ၇ာတော် သံယာတော်များ ဟောကြားသော တ၇ားများကို နာကြား၇သော အသိဖြင့်
တဆင့်ပြန်လည် ဖေါက်သယ်ချခြင်းသာ ဖြစ်ပါတယ် ၊
မိုးကုတ်ဝိဿနာ ကမ္မဌာန စ၇ိယဆ၇ာတော်များ နှင့် အရှင်ဇ၀န ( မေတ္တာရှင် ) သိီတဂူဆ၇ာတော် ၊ အရှင်ဆန္ဒာဓိက ၊ ဆ၇ာတော် ဦးဇောတိက တို့ ၏တ၇ားများကို
ကိုးကားပါသည် ၊