![]() |
|---|
တရားကိုမြင်က ဘုရားဖူးပြီးသား ဖြစ်သည် ပညာဦးစီးပြီး မဟာကရုဏာတော်ဖြင့် အများသူငါတို့အား သနားတော်မူသော မြတ်စွာဘုရား ရှင်သည် မေတ္တာစိတ် ဖြင့် လူ၊ နတ်အများတို့၏ အကျိုးကို သည်ပိုး ဆောင်ရွက်တော် မူ သည့်အခါ ကျင့်စဉ်ကို ညွှန်ပြပြီးလျှင် တရားကို လက်တွေ့ ကျင့်ကြံရန် တိုက်တွန်းတော်မူပါသည်၊ တရားကို မြင်ပါမှ ဘုရားကို မြင်ပါသည်ဟု ဟောတော်မူပါသည်။ တရားကို မြင် ရန်မှာလည်း အခြေခံဖြစ်သော သီလကို လုံခြုံ စေရပါသည်။ သီလပြည့်စုံမှ စိတ်တွင်ကြံစည်သမျှ ခရီး ပေါက် ပြီးမြောက်ပါ သည်။ သီလကို ဖြည့်သော အခါတွင် သမာဓိနှင့် ပညာပါ တစ်ဆက်တည်း ပါဝင်လာပါသည်၊ သီးခြားစီ ဖြည့်ကျင့် နေရ သည် မဟုတ်ပါ၊ သီလပါရမီနှင့် ပညာပါရမီကို အဘယ့်ကြောင့် နှစ်ခုကွဲပြား နေရပါ သနည်းဟု မေးဖွယ်ရှိနေပါသည်။ အမှန်မှာ သီလပါရမီကို ဖြည့်ကျင့်သော အခါတွင်လည်း ပညာပါ သကဲ့ သို့ပင်၊ ပညာပါရမီကို ဖြည့်ကျင့် ရာတွင်လည်း သီလပါရမီ ပါဝင်ရပါသည်။ သီလနှင့် ပညာ အပြန်အလှန် ဆေးကြောကြ သည်ဟု ဆိုပါသည်။ ပညာဦးစီးပြီး အများအကျိုးကို ဆောင်ရွက်ချင်သူသည် သီလ ကို လုံခြုံသူ ဖြစ်ရပါမည်။ သီလ၏ အမြင့်ဆုံး စံနုန်းမှာ မှတ် သားစရာ ကောင်းပါသည်။ လက်ခြေအင်္ဂါနှင့် အသက် ဆုံးရှုံး စရာကြုံလာပါက လက်ခြေကို ဆုံးရှုံးခံရပါမည်၊ ထိုနည်းတူ အသက်နှင့် သီလကို လုံခြုံအောင် ထိန်းသိမ်းရမည် ဆိုပါက သီလကိုသာ လုံခြုံစေရပြီး သီလအတွက် အသက်ကို စွန့်ရပါ မည်။ သီလသည် ပိုပြီး မြတ်နိုး အပ်သောကြောင့် ဖြစ်ပါသည်။ ဒါနပြုရသည်နှင့် နိုင်းယှဉ်ပါက သီလကို စောင့်ထိန်းရသည်မှာ အနည်းငယ် ပိုခက် တတ်ပါသည်။ သီလလုံခြုံစေရန် အထိန်း ကိရိယာမှာ သတိဖြစ်ပါ သည်။ ဘာသာပေါင်းစုံသည် ဒါနကို ဟောပြောသည်ကများပြီး သီလအတွက်မူ အနည်းငယ်မျှကိုသာ ဟော ပြော ကြပါသည်။ သီလကို ပြည့်စုံစေရန် အရေးကြီး ဆုံး လိုအပ်ချက်မှာ သတိဖြစ်ပြီး ထိုသတိသည် ပိုသွားသည် ဟူ၍ မရှိပါ။ တစ်ခြားသော သဒ္ဓါ၊ ပညာ၊ ၀ီရိယနှင့် သမာဓိ တို့က တစ်ခုချင်း လွန်ကဲ သွားတတ်ကြပြီး ထိုကဲ့သို့ ဖြစ်သွား ပါကလည်း အစွန်းမလွတ်သဖြင့် လမ်းဖြောင့်သို့ မရောက်နိုင်ပဲ ဖြစ်ရပါသည်။ ထို့ကြောင့်ပင် ”သတိ တစ်လုံးအမြဲသုံး အဆုံး နိဗ္ဗန်ရောက်” ဟု စာရေးသူ၏ ငယ်ဆရာတော်ကြီးက အမြဲ မပြတ် သွန်သင်အပ်ခြင်း ဖြစ်ပေမည်။ အဆုံးအမကိုလည်း ကြားယောင်နေ မိပါသည်။ သတိသည် အလိုအပ်ဆုံး ဖြစ် သဖြင့်လည်း မဟာသတိပဋ္ဌာနသုတ်ဟု မဟာတပ်ပြီး ညွှန်းဆို ထားခြင်းပင် ဖြစ်ပါသည်။ ထိုသုတ်တွင် ကိုယ်၊ စိတ်၊ ဝေဒနာ နှင့် ဓမ္မလေးခု ကိုခွဲခြားပြဆိုပြီး တစ်ခုချင်းစီ၏ အသေးစိတ်ကို နားလည်ရမည့် အချက်များကိုလည်း နာမည်များစွာဖြင့် ဖေါ်ပြ ထားပါသည်။ သတိကို ကောင်းမွန်စွာ ထားနိုင်ပါက ယခုဘ၀တွင်ပင် နိဗ္ဗာန်ကိုရမည် ဖြစ်ကြောင်း အာမခံ ချက် ပေးထားသည်ဖြစ်ရာ လက်တွေ့ကြုံမှ ယုံကြည်မည် ဖြစ်ကြ သော ခေတ်လူသားများသည် ဟုတ်မဟုတ် စမ်းသပ် ကြည့် သင့်ပေသည်။ မြတ်စွာဘုရားသည် ယုံကြည်ရန် မစည်းရုံးဘဲ တရားတော်ကို လက်တွေ့ ကျင့်ကြံကြည့်ရန်သာ တိုက်တွန်းပြီး အကျိုးများပါက တစ်ဘ၀လုံး တရားသဖြင့် တရားနှင့် နေ တတ်၊ ထိုင်တတ်၊ သွားလာတတ် စေရန်ဖြစ်ပါသည်။ သတိနှင့် ပတ်သက်ပြီး ကောင်းကျိုး ရနိုင်ပုံကို နာမည် အမျိုး မျိုးပေးပြီး ဟောကြားထားပါသည်။ သတိကို သုတ္တန်ဒေသနာ တော်များတွင် အပ္ပမာဒဟူသော အမည်ဖြင့် ဟောကြားတော် မူပြီး မြတ်ဗုဒ္ဓ၏ အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ ဟူသော စကားတော်သည် နောက်ဆုံး ဟောသော တရားတော်အဖြစ် ထင်ရှားပါသည်။ ထိုတရားကို မြတ်စွာဘုရားသည် ဆွမ်းခံရာမှ ပြန်ကြွလာသောအခါလည်း နေ့စဉ်မပြတ် ဟောကြားတော် မူ သည်ဟု ဆိုပါသည်။ ဓမ္မပဒတွင်လည်း အပ္ပမာဒ၀ဂ်ဟူသော အမည်တစ်ခုပေးပြီး သတိ၏ ကောင်းကျိုးကို ဟောပြ တော်မူပါသည်။ အပ္ပမာဒ၀ဂ်တွင် သတိကို ၀တ္ထုအမျိုးမျိုးဖြင့် အဋ္ဌကထာ ဆရာ က သရုပ်ဖေါ် ပေးထားပါသည်။ အပ္ပမာဒသည် နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သလို မသေဆေးလည်း ဖြစ်ပါသည်။ အပ္ပမာဒသည် အခြံအရံနှင့် အကျော်စော တိုးတက်ရေး အတွက် ဖြစ်သည်ဟုလည်းကောင်း၊ အပ္ပမာဒသည် သြဃ လေးဖြာကို ကျော်ဖြတ်ပြီး အရတ္တဖိုလ်သို့ ရောက်ကြောင်းဖြစ် သည်။ ထို့ပြင် အပ္ပမာဒသည် ကျယ်ပြန့်သော ချမ်းသာကို ဖြစ် စေလျှက် သောကအပေါင်းမှလည်း ကင်းဝေးစေသည်။ အပ္ပမာဒသည် လျှင်မြန် သွက်လက်သည်၊ သံယောဇဉ်ကို ဖြတ် နိုင်သည်ဟုလည်းကောင်း ဟောထားပါသည်။ အပ္ပမာဒကို နိဗ္ဗာန်နှင့် နီးစွာရှိသဖြင့် ပညာရှင်များကလည်း ချီးမွမ်းကြပြီး ကျင့်သုံးအပ်သည့် တရားဖြစ်သည်ဟု ဟော တော်မူပါသည်။ |
သီတဂူဆရာတော်ကြီး
“ငါတို့ကို တိုင်းပြည်နှင့် သာသနာက လေးစားတယ် ဆိုတာ အများအကျိုး ပြုလုပ်ငန်းတွေ ကြောင့်ပဲ၊ ငါကတော့ သာသနာ့ ကျေးကျွန် အဖြစ်ခံယူပါရ စေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့် တွေ ကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာ အတွက် အနစ်နာခံ တဲ့စိတ် စွန့်လွှတ် တဲ့စိတ် နှင့် အလုပ်လုပ် စေချင် တယ်”
တိပိဋက-ယောဆရာတော်
သူတော်ကောင်းအဓိပ္ပါယ် သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်က ကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်း ဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်း ကောင်း ကိုယ်ကကောင်းရမယ်၊ ဒါမှ သူတော်ကောင်း အစစ် ဖြစ်နိုင်မယ်။
အရှင်ဥာဏောဘာသ
ဝိပဿနာ မြတ်တရားများ ၃။ ကာယမိမံတရားထိုင်ပုံထိုင်နည်း ၈။ ဝိဝေကသုံးပါး တဏှာနှင့်ရန်ဖြစ်ရဲမှ ၁၃။ ဝိသုဒ္ဒိ (၇)ပါး အလုပ်စဉ်တရား ၁၄။ ဝိဖ္ဖာနှင့်စရဏ (၂)ပါးပြည့်စုံမ ၁၆။ ဝေဒနာကို (၇) ချက်ဖြင့်မြင်အောင်ရ ၁၉။ နိဝရဏပယ်နည်းနှင့် ဝိဝေက(၃)ပါး ၂၀။ အဖုံးနှစ်ချပ်လှန် နိဗ္ဗာန်မြင်
သေချိန်တန်ကသေကြရ ဆိုတဲ့တရားတော်
လူလားခွေးလား ဆိုတဲ့တရားတော်
သားသမီးယုံ စုံလုံးကန်း ဆိုတဲ့တရားတော်
ကျေးဇူးရှိမှကျေးစွပ်ရ ဆိုတဲ့တရားတော်
မချစ်တာနဲ့ရန်ငြှိုးဖွဲ့ ဆိုတဲ့တရားတော်
လက်နက်ပိုင်ရှင်နို့ထမ်းဘုရင် ဆိုတဲ့တရားတော်
အမြတ်ဆုံးရတနာ ဆိုတဲ့တရားတော်
ရခိုင်ရိုးရာ လောင်းလှေပြိုင်ပွဲ
|
|||||||||||||||||||||||||||||||||||||||||||||||||||
|
||||||||||||||||||||||||||||||||||||||||||||||||||||