" ဆွီဒင်နိုင်ငံ အတွင်း မြန်မာဘုန်းကြီးကျောင်း တည်ဆောက်ရန် အတွက် မြန်မာနိုင်ငံသားများဆိုင်ရာ ဗုဒွ့ဘာသာအဖွဲ့(ဆွီဒင်နိုင်ငံ) သို့ အလှူငွေများ ထည့်သွင်းလှူဒါန်းနိုင်ပါကြောင်း"
အဖွဲ့အစည်းအကြောင်း | ဓမ္မရသများ| အလှူရှင်းများစာရင်း | လှုပ်ရှားမှုများ | အစည်းအဝေးမှတ်တမ်း | ဆက်သွယ်ရန်
Mahasi| Mogok| eDhamma| Kyar Ni kan | Dhammaweb | Shwe parami | BBA| Burmese monks | QBBA | Tricycle | Penang sayardaw | Sharingtofrds

 

 

ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှု…  

ပြောင်းလဲလာတဲ့ အရာတွေထဲမှာ လူတွေရဲ့ ဘုန်းကြီးရဟန်း ကိုးကွယ်ဆည်းကပ်မှုဟာလည်း တစ်ခုအပါအ၀င် ဖြစ်လာနေ ပါတယ်။ အရင်တုန်းကတော့ ဘုန်းကြီးဆိုရင် ပရိယတ်၊ ပဋိပတ်လုပ်ငန်း တစ်ခုခုကို လုပ်နေရင်ပြီးတာပဲ ခွဲခြားမှုမရှိ ကိုးကွယ် ဆည်းကပ် တတ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ဘုန်းကြီးကိုးကွယ်တာ ဈေးကွက်ဆန်လာတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒီဘုန်းကြီးကို ကိုးကွယ်ရင်၊ ဒီဆရာတော်ကို ကိုးကွယ်ရင် ဘာဖြစ်မယ်၊ ဘာရမယ်၊ ဘယ်သူနဲ့ တွေ့ခွင့်ရ မယ် စသဖြင့် ရစရာ တစ်ခုခုရှိမှ ဆည်းကပ်လာတတ်တာ ရှိပါတယ်။ ဒါကြောင့် သာသနာတော်မှာလည်း ပရိယတ်၊ ပဋိပတ် အလုပ်ကိုပဲ လုပ်နေကြတဲ့ ရဟန်းသံဃာတော်များမှာ လာဘ်လာဘတွေ ဆုတ်ယုတ်လာပြီး ဗေဒင်ဟော၊ လက္ခဏာ ကြည့်၊ ဓာတ်ရိုက်ဓာတ်ဆင်လုပ်၊ ဆေးကုသပေး၊ နှစ်လုံးသုံး လုံးပေး စသဖြင့် လုပ်ပေးကြတဲ့ ဘုန်းကြီးတွေမှာ မလို လောက်အောင်ကို ပေါများနေတော့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေများကြောင့် သဒ္ဓါတရား အားနည်းပြီး ပစ္စည်း လာဘ်လာဘကို ရယူလိုကြတဲ့ ရဟန်းတော်အချို့ဟာလည်း လာဘ်လာဘနောက် လိုက်ကာ လူတွေအကြိုက် လုပ်ကုန် တော့တာ ဖြစ်ပါတယ်။ ဒါဟာ သာသနာတော်အတွက်ရော ကိုးကွယ်ခံ ပုဂ္ဂိုလ်တွေနဲ့ ကိုးကွယ်သူတွေ အတွက်ပါ လွဲလာ နေတဲ့ အလွဲပဲ ဖြစ်ပါတယ်။

ခုနောက်ပိုင်း မြန်မာပြည်မှာ ရှိတဲ့ လူအတော်များများဟာ ဘယ်မှာ ဘယ်ဘုန်းကြီး ဘယ်လိုပေးတယ်၊ ဘာလုပ်ပေးတယ် ဆိုရင် အုံးအုံးကြက်ကြက်နဲ့ မရောက်ရောက်အောင်ကို သွား တော့တာ ဖြစ်ပါတယ်။ ဘုန်းကြီးကို ကြည်ညိုလို့တော့ မဟုတ်ပါဘူး။ ဘုန်းကြီးက ဘာပေးတယ်၊ ညာပေးတယ်ဆိုလို့ သွားကြတာ ဖြစ်ပါတယ်။ သံဃာကို ကြည်ညိုမှုထက် ပုဂ္ဂိုလ် ရေး ရင်းနှီးမှု၊ ပုဂ္ဂိုလ်ရေး အကျိုးကျေးဇူးများမှုတွေကို ကြည့် ပြီး ဆည်းကပ်ကြပါတယ်။ လှူဒါန်းတတ်ကြပါတယ်။ ဒီလို ခွဲခြားမှုတွေ ရှိနေတဲ့အတွက်လည်း ပြည့်ပြီးသားအိုးတွေက လျှံတက်နေပြီး လိုနေတဲ့အိုးတွေက ဟောက်ပက်ကြီးကို ဖြစ် နေတော့တာ ဖြစ်ပါတယ်။ သာသနာ့ဝန်ထမ်း ရဟန်းသံဃာ ချင်းအတူတူ သာသနာတော်ကို တကယ်ထိန်းသိမ်း စောာင့် ရှောက်နေကြတဲ့ စာသင်တိုက်များ၊ ပရဟိတကျောင်းများမှာ ဆင်းဆင်းရဲရဲ ဖြစ်နေကြပေမယ့် ဗေဒင်ဟော၊ လက္ခဏာ ကြည့်၊ နှစ်လုံးသုံးလုံးပေး၊ ဆေးကုပေး၊ ယတြာချေပေးတဲ့ ဘုန်းကြီးကျောင်း တွေမှာတော့ အလျှံပယ် ပိုလျှံကာ ရွှေ ကျောင်းကြီးတွေ၊ ကားကြီးတွေနဲ့ စည်ပင်ဝပြောနေတော့တာ ဖြစ်ပါတယ်။ အဲဒီလို မညီမျှမှုတွေ များလာရင်တော့ ကြာရင် အစစ်အမှန် သာသနာ့ဝန်ထမ်းတွေဟာ သာသနာ့ဘောင်မှာ ရပ်တည်ဖို့ ခက်ခဲလာကာ လူထွက်သွားကြပါက သာသနာမှာ အစစ်အမှန် သာသနာပြု ရဟန်းသံဃာတွေ အားနည်းလာ တော့မှာ ဖြစ်ပါတယ်။

အသေအချာ တွေးကြည့်ရင် မြတ်ဗုဒ္ဓ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်နေတာဟာ ဘုရားဟော တရား တော်တွေကို သင်အံပို့ချ၊ ဟောပြောပြသနေတဲ့ သာသနာ့ဝန် ထမ်း ရဟန်းသံဃာတော်တွေလား၊ ဗေဒင်ဟော၊ လက္ခဏာ ကြည့်၊ ယတြာချေ၊ ဓာတ်ရိုက်ဓာတ်ဆင် လုပ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေလား ဆိုတာ အသိရှိတဲ့သူတွေ အနေနဲ့ ကောင်း ကောင်းဆင်ခြင် စဉ်းစားတတ်မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ် လူတွေကတော့ ဆင်းရဲတာက တစ်ကြောင်း၊ အသိပညာ ဗဟုသုတ နည်းပါးတာက တစ်ကြောင်း၊ အယုံလွယ်တတ်တဲ့ ယုံကြည်မှု အားကောင်းပြီး ဆင်ခြင်တတ်တဲ့ ဉာဏ်ပညာ အားနည်းလာတာက တစ်ကြောင်း၊ ကြည်ညိုမှုထက် ရယူလိုမှုက များနေတာက တစ်ကြောင်း စတဲ့စတဲ့ အကြောင်းတွေကြောင့် အစစ်အမှန် သာသနာပြုတွေကို လျစ်လျူရှုကာ ဘုရားမကြိုက်တဲ့ လောကီအလုပ်တွေနဲ့ အသက်မွေးနေတဲ့ ရဟန်းတော်များ ထံမှာပဲ စုနေကြတော့တာ ဖြစ်ပါတယ်။ ကိုးကွယ်မှုအလွဲနဲ့ ထောက်ပံ့မှုအလွဲတွေဟာ သာသနာတော်အတွက် မွဲစရာတွေ ဖြစ်လာနေတော့တာ ဖြစ်ပါတယ်။

အမှန်တော့ သာသနာတော်မှာ ဆရာဒကာဟာ တစ်ဦးနဲ့တစ် ဦး အမှီပြုနိုင်မှ သာသနာတော်ကြီး အရှည် တည်တံ့နိုင်မှာ ဖြစ်ပါတယ်။ ဒကာဒကာမများ ဘက်က ပစ္စယာနုဂ္ဂဟနဲ့ ချီးမြှောက်ပြီး သာသနာ့ဝန်ထမ်း ရဟန်းတော်များဘက်က ဓမ္မာနုဂ္ဂဟနဲ့ ချီးမြှောက်နိုင်မှ ဒီသာသနာတော်ဟာ စည်ပင် လာမှာ ဖြစ်ပါတယ်။ ပြီးတော့ ဆရာနဲ့ ဒကာဟာလည်း ကိုယ့် တာဝန်ကိုယ်ကျေကာ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့လည်း လိုပါ တယ်။ သာသနာ့ဝန်ထမ်း ရဟန်းတော်များဘက်က ဘုရား အလိုရှိတော်မူတဲ့ စာပေသင်အံ ပို့ချခြင်း ပရိယတ်အလုပ်နဲ့၊ တရားဓမ္မ ဟောပြောသခြင်း ပဋိပတ်အလုပ် တစ်ခုခုကို လုပ် နေဖို့ လိုသလို ဒကာဒကာမများဘက်ကလည်း ဒီလို ပရိယတ်၊ ပဋိပတ် လုပ်နေတဲ့ အစစ်အမှန် သာသနာ့ ၀န်ထမ်းတွေကို ရွေးချယ် ကိုးကွယ်တတ်ဖို့ လိုပါတယ်။ ဘုန်းကြီးရဟန်းဆိုရင် ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ သာသနာနဲ့ မလျော်တဲ့အလုပ်တွေကို လုပ်နေတဲ့ ရဟန်းတော်များကို ကိုယ့်ရဲ့ ပစ္စုပ္ပန် လောကီ စီးပွားရေး၊ ကြီးပွားရေး အဆင်ပြေမှုလေးတွေလောက်ပဲ ကြည့်ပြီး မကိုးကွယ်မဆည်းကပ်မိဖို့ လိုပါတယ်။ ကိုယ်ကိုးကွယ် ဆည်းကပ်မယ့် ဆရာသမားဟာ ကိုယ့်ရဲ့ ပစ္စုပ္ပန်မှာ အပြစ်မဖြစ်ရေး၊ သံသရာမှာ သုဂတိဘ၀ကို ရရှိ ရေး စသဖြင့် ညွန်ပြနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်သင့်ပါတယ်။ သူ့ဟာသူ ဘာပဲဖြစ်ဖြစ် တို့ကို ဗေဒင်ဟောပေးနေ၊ ယတြာချေပေးနေ၊ တို့အကျိုးကို လုပ်ပေးနေရင် ပြီးတာပဲဆိုတဲ့ စိတ်နဲ့မကိုးကွယ် မဆည်းကပ်သင့်ပါဘူး။ ကိုးကွယ်မှုကို ကိုယ့်ရဲ့တစ်ဒင်္ဂ ချမ်း သာမှုလောက်နဲ့ အပေးအယူ မလုပ်သင့်ပါဘူး။ ဒါလုပ်ပေးလို့ ဒါလှူတယ်ဆိုတဲ့ ဈေးကွက်ဆန်ဆန် ကိုးကွယ်လှူဒါန်းမှုမျိုး မဖြစ်သင့်ပါဘူး။

တကယ်ဖြစ်သင့်တာက ကိုးကွယ်မှုကို စူးစမ်းဆင်ခြင်မှု ပညာ၊ ရတနာသုံးပါး ကံကံရဲ့အကျိုးကို ယုံကြည်မှု သဒ္ဓါတရားတွေနဲ့ ပေါင်းစပ်ပြီး ရွေးချယ်ကာ ကိုးကွယ်သင့်ပါတယ်။ ဒီဘုန်းကြီးကို ကိုးကွယ်ရင် ဘာရမယ်၊ ဘာဖြစ်မယ်စတဲ့ မျှော် လင့်ချက် ရယူမှုနဲ့ မကိုးကွယ်သင့်ပါဘူး။ ဆိုလိုတာက စီးပွား ရေး အဆင်ပြေမှု၊ ငွေကြေးချမ်းသာမှု စတဲ့ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာမှု များကို မမျှော်လင့်ကြဖို့ ဆိုလိုတာပါ။ ဒီဆရာကို ကိုးကွယ်တဲ့ အတွက် အကုသိုလ်တွေ မဖြစ်ဘဲ ကုသိုလ်တွေ တိုးနေမယ် ဆိုရင်တော့ ဒါဟာ ကိုးကွယ်သင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ နောက် ဒကာ၊ ဒကာမတွေ အနေနဲ့ သာသနာ တော်ကို တကယ်ထိန်းသိမ်း စောင့်ရှောက်လိုတဲ့စိတ်၊ ဆရာ ဒကာ တာဝန်ကျေလိုတဲ့ စိတ်နဲ့ စစ်မှန်တဲ့ ဆရာကို ရွေးချယ် ကာ စစ်မှန်တဲ့ သာသနာဖြစ်အောင် တစ်ဘက်တစ်လမ်းကာ အားပေးထောက်ပံ့ ပေးဖို့လည်း လိုပါတယ်။ ဒီလို ဆရာဒကာ ညီညွတ်မှပဲ သာသနာတော်ဟာ အရှည်တည်တံ့ကာ သန့်ရှင်း ပြန့်ပွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှုတွေဟာလည်း တော်တော်များများ လွဲမှားလာနေ တာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ကိုယ့်ရဲ့ ကိုး ကွယ် ဆည်းကပ်မှုကို အပေးအယူတွေနဲ့ ပေါင်းစပ်ကာ ဈေး ကွက်ဆန်တဲ့ ကိုးကွယ်မှုမျိုး မဖြစ်ကြစေဘဲ အစစ်အမှန် သာသနာနဲ့ အစစ်အမှန် ဆရာကို သဒ္ဓါပညာ ပေါင်းစပ်ကာ ရွေးချယ်စိစစ်ပြီး ကောင်းမြတ်တဲ့ အစစ်အမှန် ဒကာများ ဖြစ်အောင် ကြိုးစားကြဖို့၊ ရယူမှုနဲ့ ကိုးကွယ်မှုတွေကို လွဲမှား စွာ မလုပ်မိကြဖို့ လွဲတတ်တဲ့အလွဲတစ်ခု အဖြစ် ပြင်စေလိုတဲ့ စိတ်နဲ့ စေတနာထားကာ အသိပေး တင်ပြလိုက်ရပါတယ်။

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)

 

 
 
ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှု… သူတစ်ပါးကို သူများခိုင်း၍သတ်သည်ရှိသော
ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး… ဘ၀ဆက်တိုင်း သရဏဂုံတည်အောင် ဘယ်လို ပါရမီတွေ ဖြည့်ကျင့်သင့်သလဲ
ကောင်းကျိုးမကောင်းကျိုး စိတ်စေတနာနှင့်ပတ်သတ်၍
အမျိုးသမီးများနှင့် ဗုဒ္ဓဘာသာ တရားရနိုင်သော နည်းလမ်းများ
ကံအကြောင်းနဲ့ပတ်သတ်၍ အမေးအဖြေ ဘုရားရှင်တို့၏ အဆုံးအမ အနှစ်ချုပ်
အလှူ့ရှင်ဂုဏ်ရည် စိတ်သန့်ရှင်းရေး

ကံအကျိုးပေး ကွာခြားပုံ စိတ်အားဖြည့် စကားစုလေးများ (၁၀)…
 
ရခိုင်ရိုးရာ လောင်းလှေပြိုင်ပွဲ ကရင်ရိုးရာ ဒုံးယိမ်းအက
မွန်ရိုးရာ အက ကချင်ရိုးရာ အက
ကြာနီကန်ဆရာတော်၏တရားများ
သေချိန်တန်ကသေကြရ ဆိုတဲ့တရားတော် လူလားခွေးလား ဆိုတဲ့တရားတော်
သားသမီးယုံ စုံလုံးကန်း ဆိုတဲ့တရားတော် ကျေးဇူးရှိမှကျေးစွပ်ရ ဆိုတဲ့တရားတော်
မချစ်တာနဲ့ရန်ငြှိုးဖွဲ့ ဆိုတဲ့တရားတော် လက်နက်ပိုင်ရှင်နို့ထမ်းဘုရင် ဆိုတဲ့တရားတော်
အမြတ်ဆုံးရတနာ ဆိုတဲ့တရားတော်  
ဗောဇ္ဈင် ၇-ပါး ရန်ငြိုးဖြေရာ သီလဝိသုဒ ဒု - သ - န - သော…
တရားနှင့်အညီ နေထိုင်ခြင်း… ကုသိုလ်နဲ့ အကုသိုလ်… ကထိန်အကြောင်း ပဋ္ဌာန်းအကြောင်း
သောတာပန် ပြဿနာ ရှင်းတမ်း နိဗ္ဗာန်ဆိုတာ ငါအိုသွာသောအခါ ဗုဒ္ဓတရားတော်နှင့် နိုင်ငံရေး
တောထွက်ရဟန်း… ဘုရားအနေကဇာ တင်တယ သူသေကောင်နဲ့ သရဏဂုံ ကပ်ပြီးရင် မကိုင်နဲ့
ဝိကာလနဲ့ အချိန်သတ်မှတ်ချက သံသရာအပြီးတိုင် ဘုရား အဘိဓမ္မာ အခါတော်နေ့
သီတင်းကျွတ်လပြည့်နေ စိတ်သန့်ရှင်းရေး အဝေးအနီး အရေးမကြီး အံ့သြဖွယ် သဒ္ဓါတရား
Steven Kaboggoza မှ အရှင်ဗုဒ္ဓရက္ခိတ ဖြစ်လာသူ ကုသိုလ်ကောင်းမှုနဲ့ ရက်ကောင်းရက်မြတ
ရဟန်းတော်များ ဆွမ်းခံရခြင်း၏ အကြောင်းအရင်း circle link

 

သီတဂူဆရာတော်ကြီး သဇင်ရေကျော်ဆရာတော်အရှင်ဥာဏောဘာသ
သီတဂူဆရာတော်ကြီး
“ငါတို့ကို တိုင်းပြည်နှင့် သာသနာက လေးစားတယ် ဆိုတာ အများအကျိုး ပြုလုပ်ငန်းတွေ ကြောင့်ပဲ၊ ငါကတော့ သာသနာ့ ကျေးကျွန် အဖြစ်ခံယူပါရ စေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့် တွေ ကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာ အတွက် အနစ်နာခံ တဲ့စိတ် စွန့်လွှတ် တဲ့စိတ် နှင့် အလုပ်လုပ် စေချင် တယ်” အခွေ(၂) ၀ိပဿနာ မြတ်တရားများ
၁။ ပင့်ကူနေနည်းပမာမှီး
၂။ ဇာနတော+ပသတော
၃။ ကာယမိမံတရားထိုင်ပုံထိုင်နည်း
၎။ နှလုံးသွင်းမှန်ရန်
  ၅။ ခန္ဓာ နှစ်မျိုးရှင်း
တိပိဋက-ယောဆရာတော် ၆။ သင်္ခါရလောက
တိပိဋက-ယောဆရာတော် ၇။ သတိပဋ္ဌာန်မှဘာဝနာကူးပါ
၈။ ဝိဝေကသုံးပါး တဏှာနှင့်ရန်ဖြစ်ရဲမှ
၉။ ဒုက္ခ သုံးမျိုး
၁၀။ ဓါတ် ၆ ပါးကမ္မဋ္ဌာန်း
၁၁။ သုညတ သဘာဝမြင်မှ
၁၂။ အရှင်ဝက္ကလိရဟန်းအား
၁၃။ ဝိသုဒ္ဒိ (၇)ပါး အလုပ်စဉ်တရား
၁၄။ ဝိဖ္ဖာနှင့်စရဏ (၂)ပါးပြည့်စုံမှ
၁၅။ ဝေဒနာအတု အစစ်ခွဲ
၁၆။ ဝေဒနာကို (၇) ချက်ဖြင့်မြင်အောင်ရှု
သူတော်ကောင်းအဓိပ္ပါယ် ၁၇။ မဂ် (၂)မျိုးခွဲ
သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်က ကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်း ဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်း ကောင်း ကိုယ်ကကောင်းရမယ်၊ ဒါမှ သူတော်ကောင်း အစစ် ဖြစ်နိုင်မယ်။ ၁၈။ အရှုံးထဲမှအမြတ်ရ
၁၉။ နိဝရဏပယ်နည်းနှင့် ဝိဝေက(၃)ပါး
၂၀။ အဖုံးနှစ်ချပ်လှန် နိဗ္ဗာန်မြင်
 
http://upload.wikimedia.org/wikipedia/commons/thumb/7/77/Flag_of_Buddhism.svg/125px-Flag_of_Buddhism.svg.png
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊ နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတမှာ အရိယာ၏ ဖော်ညွှန်း ဂုဏ်ရည် စာသွန်းစီသည် လ၀န်းရောင်ြခည် ဓမ္မစေတီ။
မေတ္တာသုတ်
 
နိုင်ငံတကာစံတော်ချိန် ကြည့်ရန်

ရွှေတိဂုံစေတီတော်မြတ်ကြီး
သီလက နောက်တန်းမှာ အင်အားမွေးစေ၊ သမာဓိက အမာခံနယ်မြေကို တည်ဆောက် စေ၊ ပညာက ကိလေသာဗိုလ်ချုပ်(၁၀)ဦးကို ထိုးစစ်ဆင်တိုက်စေပေါ့။ မဂ္ဂင်(၈)ပါးမှာ သီလမဂ္ဂင်က သုံးပါး (သမ္မာဝါစာ၊ သမ္မာ ကမ္မန္တ၊ သမ္မာအာဇီဝ)၊ သမာဓိမဂ္ဂင်က သုံးပါး (သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ)၊ ပညာမဂ္ဂင်က နှစ်ပါး (သမ္မာဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ)ပေါ့။ မဂ္ဂင်ကူးတို့ဖြင့် နိဗ္ဗာန်ကူးကြစို့။
 
The 5th Tipitaka Chanting Ceremony, Bodhgaya
 
ပန်းအိဖြူ-ဗောဓိပင်နှင့်ရွှေပလ္လင်
 
ထူးအိမ်သင် - မဟာဝီရ အို..ဗုဒ္ဓ
 
shwedagon pagoda
 
မြဝတီရုပ်မြင်သံကြား မှ ကူညီပြုပြင် ပေးခဲ့သော
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဈာပန မှတ်တမ်း
မိုးကုတ်ဆရာတော်ဘုရာကြီး၏ ဈာပနမှတ်တမ်း
 
ဗုဒွ့မြတ်စွာဘုရားရဲ့ ဘ၀ဖြစ်စဉ်တဲ့
 

အရှင်အာဒိစ္စရံသီ (ဦးဆန်းလွင်)၏ တစ်ဘ၀စာ အပ္ပါယ်တံခါးပိတ် ၇ရက်တရားတော်များ

001-AshinArdeiksayanthi

002-AshinArdeiksayanthi

003-AshinArdeiksayanthi

004-AshinArdeiksayanthi

005-AshinArdeiksayanthi

006-AshinArdeiksayanthi

007-AshinArdeiksayanthi

BBF' Download Files
အဖွဲ့ဝင်သစ် လျှောက်လွာပုံစံ
အဖွဲ့ဝင်များလက်ခံရခြင်းရည်ရွယ်ချက်
အဖွဲ့၏ ၆ လတာ ကာလအတွင်း ဖော်ဆောင်မည့် ရှေ့လုပ်ဝန်းစဉ်များ
BBF သို့ အလှူငွေများ လှူဒါန်းနိုင်သည်၊၊
Burmese Buddhist Föreningen
Clearing no: 8103-4
Account no: 904 674 260-8
IBAN: SE96 8000 0810 3490 4674 2608
Swift Code: SWEDSESS
free counters

Total Visitor since 2008
 

 

ရုပ်ရှင်/ သီချင်းများ
Myanmar World
Shwe Dream
Than Zin Hine
Shwe Classic
Minthihla
Movie-on-demand
Burmese Classic
I-Film Fest
Shwe O
ခရမ်းပြာအိမ်မက်
freemyanmarvcd
မြန်မာ magazine
Popular Myanmar
Planet
People Magazine
Myanmar Time
Innwa
Market Journal
Shwe Amyu Tay
Thuriya
Weekly Eleven
ShweO
သတင်း မီဒီယာများ
ဒီမိုကရက်တစ်မြန်မာ့အသံ
လွတ်လပ်တဲ့အာရှအသံ
ဗွီအိုအေ
ခေတ်ပြိုင် ဂျာနယ်
Mizzima မြန်မာသတင်းဌာန
ပေါပြူလာမြန်မာသတင်းများ
ဘီဘီစီ (မြန်မာ)
ယနေ့မြန်မာ-burmatoday
လူထုအသံ online journal
ဧရာဝတီ Irrawaddy
မြန်မာဘလော့ဂ်များ
ငယ်နိုင်Nge Naing
မိုးမခ Moemaka
ဝိမုတ္တိသုခ Vimuttisukha
အန်ဒါမန်ဟီးရိုး
မြန်မာစကားဝိုင်း
မြန်မာဟီးရိုး
Lanka-MSMA
တောင်ငူသား Taungoo
အာဇာနည် Arzarni
ထွန်းလှိုင် Htun Hlaing
ဆရာတော်ပေါင်းစုံတို့ရဲ့ တရားတော်များ

ပြီးပြည်စုံသော သာသနာ တရားတောအပိုင်း-၁

အပိုင်း-၂
ထေရ၀ါဒ အနှစ်သာရများ တရားတော် အပိုင်း-၁
အပိုင်း -၂
ဓမ္မဒါန အလှူရှင် (မောင်လင်းနိုင်ဦး နှင့် မ၀င်းဝင်းဌေး) ဘန်ကောက်မြို့

ဆရာတော် ဦးသုမင်္ဂလာ ရဲ့ တရားတော်များ

ရွှေပြည်အေးတရားတော်
တာဝန်သိ တရားတော်
Sweden- Karen Dictionary

မြန်မာအဘိဓာန်များ

SFI-Länkar-Sajter

ကိုစိုးမင်းရဲ့မြန်မာသုံးအဘိဓာန်

မြန်မာစာလုံးလှလှလေး လိုချင်ရင်

မြန်မာ-အင်္ဂလိပ

Online Dictionary

Myanmar-English Dictionary

Språkrådet

မြန်မာဝတ္ထုပေါင်းစုံ ဖတ်လိုသူများသို့

Photobucket

Organization name & register number   Burmese Buddhist Föreningen
Organization Number: 802441-5765
BBF Address   Rönningsgatan 23A, 81334 Hofors
BBF Bank account number   Swedbank
Konto number :904 674 260-8
Clearing number:8103-4
BBF International Bank account   IBAN: SE96 8000 0810 3490 4674 2608
BIC: SWEDSESS

About Us|committee | Contact Us | BBF Member Aim| BBF Member Form | BBF' working Plan |Donate to BBF| Donation List | Activities ©2010 BBFSE.ORG WEBDESIGN JZ


free counter